Saturday, June 17, 2017

ကိုယ်ပိုင် ရုပ်ရှင် စတူဒီယို ဖွင့်မယ့် သရုပ်ဆောင် နေတိုး



သရုပ်ဆောင် နေတိုး ကတော့ ရုပ်ရှင်လောကကြီး aကာင်းဖို့အတွက် ကိုယ်ပိုင် ရုပ်ရှင် စတူဒီယို ဖွင့်ဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။ အကောင် အထည်ဖော်ထားတာလဲ ၃နှစ်လောက် ရှိပါပြီလို့  ပြောပြခဲ့ပါတယ်။
” ကိုယ်ပိုင် ရုပ်ရှင် စတူဒီယို လုပ်ဖြစ်တယ် ဆိုတာကလည်း ပံ့ပိုးချင်တဲ့ စိတ်ကြောင့် လုပ်ဖြစ်ခဲ့တာပါ။ ရိုက်ကူးမှုတွေ အနေနဲ့ကလည်း သေသေ သပ်သပ်နဲ့ ရိုက်လို့ရမယ်၊ စနစ်တစ်ကျ ရိုက်ကူးလို့ ရနိုင်ရင်တော့ ထွက် လာမယ့် ရလဒ်လေး ကလည်း ထိထိ မိမိရောက်နိုင်ဖို့ကို ရည်ရွယ်တာပေါ့ ။
ဒီနှစ်ထဲမှာပဲ ပရိသတ်ကို ထုတ်ပြနိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်” လို့ သရုပ်ဆောင်နေတိုးက ပြောပြခဲ့ပါတယ်။
သူ့အနေနဲ့ လက်ရှိမှာ ကိုရွှေမောင် နဲ့ မရွှေမ ဗီဒီယိုဇာတ်ကားကို အကယ်ဒမီ အိန္ဒြာကျော်ဇင် နဲ့ ရိုက်ကူးနေတာဖြစ်ပြီး ဒီဇာတ်ကား ရိုက်ပြီးရင် မေမြို့မှာ သရဲဂေဟာ ဇာတ်ကား နဲ့ ဘယ် ဥက္ကဌ ကို အချစ်ဆုံးလဲ ဆိုတဲ့ ဇာတ်ကားကို သွားရိုက်ဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

ထပ်ဆင့် အကယ်ဒမီ နေတိုး ဟာ ၂၀၀၉ ခုနှစ် ရုပ်ရှင်ဆုပေးပွဲမှာ “မိုးည အိပ်မက်မြူ”ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီး ဒီနှစ် ဧပြီလ အတွင်းက ကျင်းပခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ကို ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးထားတဲ့ “နက္ခတ်မှားတဲ့ တိုက်ပွဲ “ရုပ်ရှင် ဇာတ်ကားနဲ့ ထပ်မံ ရရှိခဲ့သူ ဖြစ်ပါတယ်။

Credit: Duwun

No comments:

Post a Comment