Wednesday, May 3, 2017

နှစ်ကိုယ်တူ ချစ်သမျှ မြို့မကိုပေါ



ဆရာကြီး ရေးဖွဲ့တဲ့ တစ်ခြား နာမည်ကျော် တေးတွေလည်း ရှိကောင်း ရှိပါလိမ့်မယ် ။ သည်တေး ကတော့ မြန်မာ လူမျိုးတိုင်း အမြဲ နားဆင်ချင်တဲ့ စိတ်ကြည်နူးစရာ ထူးထူးခြားခြား တေး တစ်ပုဒ် ဖြစ်ခဲ့ပါပြီ ။ 

အသံ စာသား ဂီတ ဖွဲ့စည်းပုံ ဘာမှ အပြစ်ပြောစရာမရှိတဲ့ စင်းလုံးချောတေးပါ ။ အတော ( intro ) က လက် ကွက် စိပ်လွန်းလို့ မြို့မ တီးတာထင်ပြီး စန္ဒယား ညီညီအောင် ကို ချီးမွမ်းနေတာ ၊ နောက်မှ မောင်မျိုးခင် လက်သံတဲ့ ။ 

စန္ဒယား လက်ကျ လက်န ၊ အဖိ အဖေါ့ အဖြတ် အရပ်တွေက ပညာသား ပါတော့ ၊ သီချင်းက အတိုင်းထက်အလွန် အသက်ဝင်သွားပါတယ် ။ မန်းရနံ့ မန်းဂီတ အနှစ်သာရတွေ ပြည့်သိပ်နေလို့ ၊ သည်တေး နားထောင် ရင်း တစ်ခုခု လုပ်မိ ကိုင်မိရင် ၊ ကိုယ် နှုတ် အမူအရာတွေပါ အလိုလို ယဉ်ကျေး သိမ်မွေ့နေတာ အံ့သြစရာပါ ။



တေးတွေမှာ အချိန် ကန့်သတ်ချက် ရှိပါတယ် ။ မနက်ပိုင်း နားထောင်မှ ၊ နေ့လည်ပိုင်းမှ ၊ တစ်ချို့က ညပိုင်းနားထောင်မှ အရသာပေါ်တဲ့ တေးမျိုးတွေ ရှိပေမယ့် ၊ သည်တေး ကတော့ အချိန် ကန့်သတ်ချက်လည်းမရှိ ၊ ရာသီ ကန့်သတ်ချက်လည်း ထားစရာ မလိုတဲ့ ရှားပါး လက်ရာမွန်ပါ ။


Myint Soe Hnit

No comments:

Post a Comment