Wednesday, May 3, 2017
ရွှေမန်း သဘင်
အငြိမ့်သဘင် ၊ ဇာတ်သဘင်ရယ် လို့ သဘင် အမျိုးအစား ၂ ခု ရှိရာမှာ လူပြက်တွေ ကောင်းတယ် ၊ ရယ်ရ တယ်ကြားရင် ကျ နော်တော့ ကြည့်လိုက်တာပါပဲ ။ နှစ်ပါးသွားတွေ ၊ အပျို တော် ယိမ်းတွေ ၊ အော်ပရာတွေ ၊ နောက်ပိုင်း ဇာတ်တွေက ကိုယ့်အပေါ် သိပ် မဆွဲဆောင်နှိုင်ပါဘူး ။ 
အကဗေဒ ၊ အက သဘောတရားကို နားမလည်တာလည်း ပါပါတယ် ။ မှတ်သားမိ သလောက်တော့... အက ဆိုတာ ခြေတွေ ၊ လက်တွေရဲ့ မျ ဉ်းဖြောင့် မျ ဉ်းကွေး ပုံစံတွေကို အနုပညာ ဆန်ဆန် လှုပ်ရှားပြတာဆိုလားပါပဲ ။  
ယဉ်ကျေးမှု ကဇာတ်ကိုတော့ ကြို က်ပါတယ် ။ ဆွဲဆောင်မှုလည်း ရှိပါတယ် ။ ကျ နော်တို့ အထက်တန်းကျောင်းသား ဘဝက အစိုးရ ရဲ့ ယဉ်ကျေးမှု ကဇာတ် ခေတ်စား လိုက်ပါသေးတယ် ။
အဝတ်အစား ၊ ဇာတ်ခုံ အပြင်အဆင် ၊ စက်ပစ္စည်း ... အားလုံး စနစ်တစ်ကျ ပါပဲ ။ ယိမ်း မင်းသမီးလေးတွေလည်း ရုပ်ရည် အသင့်အတင့် ၊ နေပုံ ထိုင်ပုံ အဆင့်မြင့်မြင့်ပါ ။ ဆရာချ စ်ဦးညို ရဲ့ညီမ ဒေါင်းမလေး က အမ္ဗပါလီ ဇာတ်မှာ သရုပ်ဆောင်ကောင်းလွန်းလို့ ကာလသားပေါက်စ ကျ နော်တို့ တစ်တွေ တမ်းတမ်းစွဲ ခဲ့ရဖူးပါတယ် ။ 
 စိန်အောင်မင်း ၊ မြို့ တော် သိန်းအောင် ၊ ပန်တျာကြည်လင် ၊ ဦးအောင်မောင်း ၊ စိန်မဟာသဘင် ...စသဖြင့် နာမည်ကြီး ဇာတ်တွေ ငယ်ငယ်က ကြည့်ဖူးပေမယ့် မှတ်မှတ် ထင်ထင် တမ်းတမ်း တတတော့ သိပ်မရှိခဲ့ပါဘူး ။ 
အဲ .. တစ်ခါသားမှာ ကျ နော်တို့ တောမြို့ ကလေးကို ရွှေမန်းသဘင် ကြုံ တောင့်ကြုံ ခဲ လာကလို့ ဝင်းဗိုလ်ကိုတော့ ကြည့်ဖူးတယ်ခင်ဗျ ။ ဦးဝင်းဗိုလ် ဟာ ဇာတ်ရည် ဝနေလို့ ထင်ပါရဲ့၊ ပရိသတ် ရဲ့အဆင့်အတန်းကို အကဲခတ်ပြီးတော့ တစ်ကိုယ်တော် သေတ္တာမှောက် ကပြသွားတာများ လက်ဖျားခါလောက်ပါရဲ့ ။
ပြဇာတ်တွေ ဘာတွေ တစ်ခမ်း တစ်နား က မနေတော့ပဲ ဇာတ်သေတ္တာကြီးပေါ် ထိုင်ပြီး တစ်ယောက် တည်း ကွက်စိပ်ဟောသလို သရုပ်ဆောင်ပြသွားတာများ ပရိသတ်က တစ်ဝါးဝါး ၊ တစ်ဟားဟားနဲ့ သဘောကျ လို့ မဆုံးဘူး ။ 
ကျ နော်တို့ စိတ်ထဲလည်း ဟာ ... သည်လူ တော်လှချ ည်လားလို့ အမှတ်ပေးမိပါတယ် ။ ဦးဝင်းဗိုလ် ဟာ ရုပ်ရှင် မှာလည်း အောင်မြင်ပါတယ် ။ ဇာတ်သဘင် မှာလည်း ထူးချွန်ပါတယ် ။ သူက စာရေးလည်း ကောင်း သူပါ ။ 
                                            ရွှေမန်းတင်မောင် ဇာတ်တိုက်သည့် နေရာ
သူနဲ့ သူ့နောင်တော် ဦးညွန့်ဝင်း တို့ တစ်ခါသားမှာ ကတောက်ကဆ ဖြစ်ကြတယ် ။ ဦးဝင်းဗိုလ်ဟာ သူ့ခံစားချ က်တွေကို သဘင် မဂ္ဂဇင်းမှာ လေးချိုးသဏ္ဍန် ကာရံ ၊ နဘေတွေနဲ့ စာဖွဲ့ပြီး ဖေါ်ထုတ်တယ် ။သူ့ ကာရံတွေ က အဆင့်မြင့်တယ် ၊နားစွဲလွယ်တယ် ၊ နားဝင်ချို တယ်ဗျ ။ 
သည်တုန်းက သဘင် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာက ဆရာ ချ စ်ဦးညို ပေါ့ ။ ဦးဆန်းဝင်း အက ကိုတော့ မမှတ်မိပါဘူး ။ ဒါပေမယ့် သူဆိုတဲ့ ရွှေကြေးစည် သီချ င်းကတော့ ငယ်ငယ်တုန်းက အသည်းစွဲသီချ င်းပဲ ။ မကြာမကြာ အော်ဆိုဖြစ်ပါတယ် ။ 
 ( ဦး ) ဝင်းမောင်ကိုလည်း မမြင်ဖူးလိုက်ဘူး ။ ( ဦး ) ချ မ်းသာကျ တော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ကျ နော် တို့မြို့ ကလေးကို အမှတ်မထင် လာကဖူးလို့ မထင်မှတ်ပဲ လေ့လာခွင့်ရလိုက်တာ တော်တော် ကံကောင်း သွားပါတယ် ။ ဇာတ်သဘင် အပေါ် အထင်သေးချ င်သလိုလိုဖြစ်နေတဲ့ ကျ နော့်အမြင်တွေလည်း ပြောင်းလဲသွားပါတယ် ။  
ည ၁၂ နာရီလောက်မှာ ဇနီးဖြစ်သူက ရွှေမန်းချ မ်းသာ ဇာတ်ပွဲ သွားကြည့်ရအောင် ဆိုပြီး ကျ နော့်ကို နှိုး တယ် ။ သိပ် စိတ်မပါပေမယ့် အမျိုးသမီးကို အားနာပြီး အဖေါ်အဖြစ် လိုက်ခဲ့ပါတယ် ။ ဇာတ်ရုံက အိမ်နဲ့နီးတာလည်း တစ်ကြောင်းပါ ။ ဟိုရောက်တော့ ရုံဖွင့်ပေးနေပါပြီ ။ ပြဇာတ်လည်း ကနေပါပြီ ။ 
ကံအားလျှော်စွာ ကျ နော်က ခေတ်ပေါ် ဂီတဝိုင်းနားမှာ ရပ်ကြည့်မိလျှ က်သား ဖြစ်နေပါတယ် ။ ဒရမ်မာသမားနဲ့ က ၃ - ၄ ပေလောက်ပဲ ကွာပါလိမ့်မယ် ။ အမယ် ... ဒရမ်မာရှေ့ မှာ 1234 နုတ်စ်တွေနဲ့ အကျ အန ခင်ဗျ ။ တစ်ခြား ဂစ်တာသမား ၊ အော်ဂင် သမားတွေရှေ့ မှာလည်း နုတ်စ် ကိုယ်စီ နဲ့ပဲ ။ 
သူတို့ဟာ ဇာတ်ဝင်ခန်း အလိုက် အပို့ အကြို တီးလုံးတွေကို နုတ်စ် စာရွက်ကြည့်ပြီး စနစ်တစ်ကျ သပ်သပ်ရပ်ရပ် တီးပေးကြတယ် ။ ဒရမ်သမားက သရုပ်ဆောင်တွေရဲ့ စကားပြောခန်းတွေမှာ သူ့ဒရမ်မှာ ပါတဲ့ ခြောက်ခြောက်ခြားခြား အသံတွေနဲ့ အလိုက်သင့် ပို့ပေးတယ် ။ ပြဇာတ်ဟာ တော်တော်ကို အသက်ဝင် သွားတာပါ ။ 
အဲသည်အချိ န်မှာ မောင်ချ မ်းသာ ဟာ ဂီတ သမားတွေရဲ့နောက် ၊ စင်အောက် ကနေ ပြဇာတ်ကို အကဲ ခတ်နေပါတယ် ။ အမှန်က ပြဇာတ်က သူရေးတဲ့ပြဇာတ် ၊ သူ့ပြဇာတ်သူ လာ အကဲခတ်တာ ... ။ ပရိသတ် ဘက် မသိမသာ ဝေ့ကြည့်လိုက် ၊ စင်ပေါ်ကို လှမ်းကြည့်လိုက်နဲ့ သရုပ်ဆောင်တွေရဲ့ ဈာန်ဝင်မှု အပေါ်၊ ဇာတ်လမ်း သယ်ဆောင်မှုအပေါ် ပရိသတ်ရဲ့တုန့်ပြန်မှုကို သုံးသပ်နေဟန် တူပါတယ် ။ 
ကျ နော်တော့ တော်တော်ကျေ နပ်သွားပါတယ် ။ မောင်ချ မ်းသာ ဟာ သူဖန်တီးတဲ့ အနုပညာအပေါ် တစ်ကယ်ကို အလေးအနက်ထားသူ ပါလားလို့ သဘောပေါက်သွားလို့ပါ ။ နောက်တစ်ကြောင်းကလည်း မြန်မာဇာတ်တွေ စည်းမဲ့ ကမ်းမဲ့ မဟုတ်ပဲ စည်းနဲ့ ကမ်းနဲ့ ဖွဲ့စည်းကြတာကို ကိုယ်တွေ့ကြုံ လိုက်လို့ပါ ။
 ရွှေမန်းသဘင် ဆိုတာ ဇာတ်လောကမှာ တစ်ကယ် အစဉ်အလာကြီးတဲ့ ဇာတ်ပဲ ။ ရွှေမန်း ဦးတင်မောင် လည်း ပရိသတ် အပေါ် လေးစားတယ် ၊စေတနာထားတယ် ဆိုတာ စာထဲပေထဲ ဖတ်ဖူးပါတယ် ။ ရွှေမန်းတင်မောင် လျှ မ်းလျှ မ်းတောက်စဉ်က သူ့ပွဲ အားပေးဖို့ လာတဲ့ လှည်းတန်းကြီးနဲ့ လူထုကို ဇာတ်ရုံတွင်းက လက်အုပ်ချီ ၊ ကန်တော့ဖူးတယ်လို့ မှတ်သားဖူးပါတယ် ။
 ရွှေမန်းတင်မောင် မျိုးဆက် မောင်ချ မ်းသာ လည်း ပရိသတ်အပေါ် အလေးထားတာ ကိုယ်တွေ့မို့ ရွှေမန်းသဘင်အပေါ် တော်တော်ကျေ နပ်မိတာပါ ။ စာပေ ၊ ဂီတ ၊ ရုပ်ရှင် အနုပညာလောကမှာ မိသားစုအလိုက် အနုပညာ အရည်အသွေး ပြောင်မြောက်ကြသူတွေ မ် ားမ် ားစားစား မရိွလွပါဘူး ။ 
မန္တလေးမှာ ဆိုရင် ဒါး တန်းဦးသန့် မိသားစု ၊မြို့ မငြိမ်းမိသားစု ၊ လူထုဦးလှ + ဒေါ်အမာ မိသားစုလောက်ပဲ အနုပညာ လက်ဆင့်ကမ်းကြတယ် ထင်ပါတယ် ။ ရန်ကုန်မှာကျ ... အေဝမ်း မိသားစု ၊BT ဘရားသားမိသားစု ၊ဆရာသာဓု မိသားစု ၊ရွှေမန်းသဘင် မိသားစုလောက်သာ ထွန်းထွန်းပေါက်ပေါက် ဖြစ်ကြတာပါ ။ စိန်မာဒင်မိသားစုလည်း ပါပါတယ် ။ 
သည်ထဲမှာမှ ရွှေမန်းသဘင် မိသားစုက ထူးခြားပါတယ် ။ ဦးတင်မောင်မှသည် မောင်ဆန်းဝင်း ၊ မောင်ဆန်းဝင်း မှသည် တင်မောင်ဆန်းမင်းဝင်း ၊ တင်မောင်ဆန်းမင်းဝင်း မှသည် သူ့ရဲ့သားတော်မောင် ၃ နှစ်သားအရွယ် မင်းရွှေရောင်တင် အထိ သူတို့အနုပညာက အားကောင်းလှပါတယ် ။ 
မောင်ချ မ်းသာရဲ့နှစ်ပါးသွားကိုတော့ ကျ နော် မကြည့်ဖြစ်တော့ဘူး ။ အိပ်ရေးမဝရင် နောက်နေ့ ခေါင်းကိုက်တတ်လို့် ပြဇာတ်ပြီးတော့ ကျ နော်ပြန်ခဲ့ပါတယ် ။ အမျိုးသမီးတော့ နေရစ်လေရဲ့ ။
နောက်နေ့ အဲသည် ဇာတ်ရုံရှေ့ က ဖြတ်သွားတော့ ဇာတ်အဖွဲ့သားတွေဟာ ပစ္စည်းတွေ သိမ်းနေပါပြီ ။ မနေ့ညက မြို င်မြို င် ဆိုင်ဆိုင် တီးကြ မှုတ်ကြ ၊ ဆိုကြကကြတာတွေ ပြန်လည်မြင်ယောင်ပြီး ကျ နော့်မှာ မောင်ချ မ်းသာ တို့ကို လွမ်းများတောင် လွမ်းနေမိပါရဲ့ ...... ။
No comments:
Post a Comment