Sunday, May 21, 2017

ကိုလေးလွင် ( တေးရေး )



၃ဂ လမ်း ၊ အောက်ဘလောက်မှာ ဟိုတုန်းက EAT စားတော်ဆက်ဆိုတာရှိပါတယ် ။ စာရေးဆရာတွေ အထိုင် များကြတယ်ထင်တယ် ။ မှတ်မိ သလောက် ဆရာအောင်ပြည့် ကို ပင်တိုင် နီးပါး တွေ့ရတယ် ။
သူက ဝင်ဝင်ချ င်း အပေါက်ဝနားက စားပွဲမှာ ထိုင်တာ ... ၊ သူ့ မူပိုင် စားပွဲပဲ ။ ည ၈ နာရီလောက် ကျူ ရှင်ပြပြီးရင် Eat ကို လာတယ် ၊ ကိုယ်ပိုင်ကားနဲ့ ။ Fiat လိုလို ၊ Austin လိုလို ရှေးဆလွန်းကားပုံစံပါ ။ တိုက်ပုံနဲ့ ဘာနဲ့ အကျ အနပဲ ၊ အမြည်းလည်း ကြက်ခြောက်ကြော်တွေ ဘာတွေနဲ့ အကျ အန ။ အရက်လည်း RUM မှ ... ။
သူက တစ်ကိုယ်တော် ၊ ဘယ်သူနဲ့မှ မရောဘူး ။ ကောင်တာက ပိုင်ရှင် အစ်မကြီးနဲ့ပဲ စကားပြောတယ် ။ ကျ န်တဲ့ ကလောင်သွေးဆဲ ကဗျာဆရာ ၊ စာရေးဆရာတွေက အတွင်းဖက် ချောင်ဂလောင်ထဲက စားပွဲတွေမှာ ချွေးတလုံးလုံး ၊ ကုပ်ချောင်းချောင်းတွေပေါ့  ။

အဲသည်ဆိုင်က ဆက်ဆံရေးကောင်းတယ် ၊ ငါးရှဥ့်ချ ဉ်စပ် နာမည်ကြီးတယ် ၊ ချ ဉ်ငန်စပ် ကြံမဆိုင်ဟင်းချို အလကားပေးတယ် ၊ အရက် စစ်စစ်ရတယ် ၊ စကားပြောလို့ ကောင်းတယ် ။ ဒါ့ ကြောင့်လဲ အနုပညာသမားတွေ လာသောက်ကြတယ် ထင်ပါတယ် ။ လူသန့်တာလည်း ပါပါတယ် ။

တစ်နေ့သားမှာ ဆရာမင်းလူတို့အဖွဲ့ ဝတ္ထု စာအုပ် အောင်ပွဲအနေနဲ့ EAT မှာ ဆုံကြပါတယ် ။ မင်းလူ ၊ တိုးမိုး ၊ မြင့်ကောင်း ၊ မျိုးရာဇာညွန့် ၊ မောင်ဇေယျ ၊ မောင်မောင်စနေ ... စတဲ့ စာရေးဆရာ ၊ ကဗျာဆရာတွေက ပင်တိုင် .. ။ ပန်းချီ ကိုမျိုးမြင့် ၊ ပန်းချီ K မြိုး ၊ ပန်းချီ ဟန်ထွန်း ၊ ပန်းချီ ဘာဘာကျော် ၊ ဝေလေလေ ကျ နော်တို့က ဧည့်မြှောင်တွေပါ ။

အဓိက ဇာတ်လိုက်ကတော့ ဆရာ မင်းလူပါပဲ ။ အကြို က်သောက် သောက် ကြတာမျိုးလည်း မဟုတ်ကြပါဘူး ။ လူပျို လူလွတ်တွေ စာပေအောင်ပွဲအနေနဲ့ ကြုံသောက်ပေါ့  ။ စာကြောင်းပေကြောင်း ရောက်တတ်ရာရာပြောကြ၊ အမြည်းစားကြတာပါ ။

ည ၉ နာရီလောက်မှာ စာရေးဆရာ လင်းယုန်မောင်မောင် နဲ့ တေးရေး ကိုလေးလွင် တို့ ဝင်လာကြတယ် ။ သူတို့ တစ်နေရာရာက သောက်လာကြပြီးသား ၊လမ်းကြုံ လို့ ဝင်လာကြဟန်တူတယ် ။ သို့သော် ရမ် ၂ ပက်စီလောက်တော့ မိုးတိုးမတ်တတ် ဆော်ကြတာပါပဲ ။ မင်းလူတို့ စားပွဲနားမှာ ရပ်ရင်း ဆရာလင်းယုန်မောင်မောင် က အားပေးစကား ပြောပါတယ် ။ ' မိုးထဲက နှင်း ဆီ ' ဝတ္ထု တိုပေါင်းချု ပ်ထင်တယ် ၊ ဆရာမင်းလူတို့ အုပ်စု ရေးတဲ့ စာ အုပ်က ... ။

ကိုလေးလွင် က ဂျ င်းဂျာကင် အပြာရောင် ၊ အသစ်ဂျ ပ်ချွ တ်နဲ့ ပါ ။ အရပ် ခပ်ပြတ်ပြတ် ၊ သူ့မျ က်နှာက ပြုံးတုံ့တုံ့ ၊ လူရည်သန့် ၊ သဘော မနော ကောင်းမယ့်ပုံပါပဲ ။ သူက ဘာမှ မပြောဘူး ၊ ဆရာ လင်းယုန်ကြီးဘေးမှာရပ်ရင်း နားထောင်သူ သက်သက် ... ။

သည်အချိ န် ၁၉၈၀ လောက်မှာ ကိုလေးလွင့် သီချ င်းတွေဟာ မြန်မာပြည်အရပ်ရပ် ပဲ့တင်ထပ်နေပါပြီ ။ မြန်မာသံဖက်မှာ ဆိုရင် မွေးဋ္ဌာနီ ( သန်းထွန်းလေး ) ၊ မန်းကေသီ ၊ ကျွ န်တော့်မမ ပုသိမ်သူ .. တို့ဆိုတာ လှည်းနေလှေအောင်း မြင်းဇောင်းမကျ န် လူတိုင်း ကြားဖူးနေပြီ ၊ ကြို က်ပြီးခဲ့ကြပြီ ။







တွံတေးသိန်းတန်တေးတွေကို ကျေးလက်ပရိသတ် စွဲကြသလို ၊ ကိုလေးလွင်ရေး , သန်းထွန်းလေး သီဆိုတဲ့ ကာလပေါ် တေးတွေကိုလည်း ပရိသတ်က ဝမ်းသာအားရ ကြို ဆိုကြပါတယ် ။ ကျ နော်တို့ဆို သည်တေးတွေ နဲ့ ကြီးပြင်းလာတာပါ ။ တစ်ခြားလည်း မြန်မာသံတေးတွေ အမြောက်အများ မွေး ထုတ်ခဲ့ပါသေးတယ် ။
~ မမမြို့ ကြီးသူ ( တင်ဦးလေး )
~ ချ စ်ခရီး ဧရာ ( တင်ဦးလေး + ခင်ယုဆွေ )
🎵🎶 လေပြေကလေး တဖြူးဖြူး × ပြောင်းခင်းကလေးတွေ တငြိမ့်ငြိမ့်လူး 🎵ဧရာဝတီ မြစ်ရေသင်ဖြူး × × ... အစချီ တဲ့တေး .... ။

( သည်နေရာမှာ ကိုလေးလွင် ရဲ့ စာချောအောင် ရေးဖွဲ့တဲ့ ပညာကို တင်ပြလိုပါတယ် ။ ပြောင်းခင်းလေး ၊ လေပြေလေး ... လို့ တုံးတိတိ ရေးဖွဲ့တာ ထက် ပြောင်းခင်းကလေး လို့ က အက္ခရာ တစ်လုံး အပိုဆောင်းလိုက်တာဟာ စာသားပိုပြီး နွဲ့တယ် ၊ ချောမွေ့စေတယ်လို့ တပည့်တစ်ယောက်ကို သင်ပြဖူးပါတယ် ။သူ့ စာသားတွေကို ဂရုတစ်စိုက်ကြည့်ရင် တွေ့ပါလိမ့်မယ် ) ။

~ ရွှေညာသူ ရွှေညာသား ( ချို ပြုံး )
~ အကိုရယ် စဉ်းစားပါ ( မြင့်မြင့်စိန် )
..... ဒါတွေက လက်တစ်ကမ်းမှာရှိတဲ့ တေး ၁၀၀၀ သီချ င်းစာအုပ်ထဲမှာ ဖျ တ် ခနဲ တွေ့တာတွေပါ ။ တစ်ခြား နာမည်ကျော် ဓာတ်ပြားရတေးတွေ ၊ ရေဒီယိုတေးတွေလည်း အများကြီး ကျ န်ပါသေးတယ် ။
ရေဒီယိုတေးလောကမှာ ကိုလေးလွင် တစ်ခေတ်ဖြစ်နေတော့ နာမည်ကျော် တပည့်တွေလည်း မွေးထုတ် ပေးနှိုင်ခဲ့ပါတယ် ။ ရေနံ့သာဝင်းမောင် ၊ ဟင်္သာတမြင့်ငွေ ၊ မောင်ဆွေနွယ် ၊ ဥက္ကလာခင်စော ၊ မောင်ကျော်ဇော ... စတဲ့ မြန်မာသံတေးရေးဆရာတွေကို သည်နေ့ အသက် ၆၀ တန်း လူကြီးပိုင်းတွေ မမေ့ကြသေးဘူး ထင်ပါတယ် ။

စတီရီယိုတေးတွေ ခေတ်စားလာတော့ ကိုလေးလွင်ဟာ နာမည်ကျော် ပလေးဘွို င် သန်းနိုင် ၊ မပုလဲ တို့ရဲ့ လက်စွဲ တေးရေးဆရာ ဖြစ်လာပါတယ် ။
ကိုသန်းနိုင် + မပုလဲ တို့ အတွက်သာမက သိန်းတန် ( မြန်မာပြည် ) ၊ ဘိုဘိုဟန် ၊ စိုးပိုင် တို့အတွက်လည်း ရေးစပ်ပေးရတယ်လို့ ဆိုပါတယ် ။

သိန်းတန် ( မြန်မာပြည် ) ရဲ့ ဂန္ထဝင်တေး ၂ ပုဒ် ... ( ၁ ) ရွှေရုပ်ကလေး ကောက်ရသူ နဲ့ ( ၂ ) စနေထောင့်မှာ ပန်းလှူ မယ် တို့ဟာ ကိုလေးလွင် လက်ရာတွေပါ ။

ပလေးဘွို င်သန်းနိုင် ကို သီချ င်းရေးစပ်ပေးရင် ဟိုက အိမ်ခေါ်ပြီး ရေးခိုင်းတယ်လို့ ဆိုပါတယ် ။ ကိုသန်းနိုင် + မပုလဲ က အိမ်မှာ အရက် ၊ အမြည်း အပြည့်အစုံ နဲ့ တစ်နေကုန် ရေးခိုင်းတာ ... ။ တပည့် တစ်ယောက်ယောက်က အဖေါ်လိုက်နေပေးရတယ် ။

လဘက်ရည်တစ်ခွက် ၂၅ ပြားခေတ်မှာ ကိုလေးလွင် ၊ မောင်ကျော်ဇော ဆရာ တပည့် ၂ ယောက် လဘက်ရည် တစ်ခွက် မနက်စာ ၂ ယောက် မျှ သောက်ရင်း ကိုသန်းနိုင် အိမ်ရှိရာ ၈ မိုင် ကို သုံးဘီး နဲ့ ချီ တက်ကြတယ် ။


သုံးဘီးခပေးစရာ မရှိဘူး ။ ဟိုရောက်တော့ ကိုလေးလွင်က ကိုသန်းနိုင်ဆီက ပိုက်ဆံ ခဏချေးရအောင် အိမ်ထဲဝင်သွားတယ် ။ တော်တော်နဲ့ ပြန်ထွက် မလာလို့ တပည့် မောင်ကျော်ဇော ( တေးရေး ) က နောက်ကလိုက်ချောင်းတော့ ကိုသန်းနိုင် က သတင်းစာကြီးနဲ့ မျ က်နှာကို ကွယ်ဖတ်ရင်း စိတ်ကောက်နေတာ ... ။

ချိ န်းထားတဲ့နေ့က ကိုလေးလွင် မလာလို့တဲ့ ။ ကိုလေးလွင် ဘာမေးမေး ဟိုက မဖြေဘူး ။ သတင်းစာနဲ့ အတင်းကွယ်ထားတယ် ။ ကိုသန်းနိုင်ရှေ့ မှာထိုင်နေတဲ့ ကိုလေးလွင် က ဗျူ ဟာပြောင်းရတယ် ၊

.... " ကိုသန်းနိုင် ဘာဖြစ် လို့ ဆံပင်တွေ ညှပ်ပစ်လိုက်တာလဲ " " ......... " " ခင်ဗျားက ဆံပင်အရှည်နဲ့ ဆိုရင် အရမ်းချောတဲ့ ခန့်တဲ့လူး ... " လို့ လေပြေ လည်းထိုးလိုက်ရော ၊ ကိုသန်းနိုင် က ဒေါနဲ့မောနဲ့ သတင်းစာလွှင့်ပစ်ရင်း .. " ဘာလို့ ဆံပင်ညှပ်လိုက်တာလည်းဆိုရင် ၊ ခင်ဗျားကို သောက်မြင်ကပ်လို့ ညှပ်ပစ်လိုက်တာ ... " လို့ ဆောင့်ဆောင့်အောင့်အောင့် ပြန်ပြောတယ် ။ သည်တော့မှ ၂ ယောက်သား ရယ်ရယ်မောမော ပြန်ဖြစ်သွားကြပါတယ် ။ အဲသည်ခေတ်က သုံးဘီးခ ၃ ကျ ပ်လို့ ဆိုပါတယ် ။

ကိုသန်းနိုင် က အိမ်ထဲမှာ စားဖွယ်သောက်ဖွယ် အစုံထားခဲ့ပြီး အပြင်က တံခါးသော့ခတ်ကာ မြို့ ထဲသွားတယ် ၊ညနေ ၅ နာရီလောက် ပြန်လာမယ် ၊ စီးရီး တစ်ခွေစာ ရေးထားဖို့ မှာသွားတယ် ။ မူရင်းခွေတွေလည်း ပေးခဲ့တယ် ။

ကိုလေးလွင် က တပည့်ကျော်ကို ရမ်ပုလင်း အရင် ဖွင့်ခိုင်းပြီး ပုလင်းတစ် ဝက်ကျိုးတော့ ခဏအိပ်တယ် ။ နေ့လည် ၁ နာရီ နှိုးဖို့ မှာတယ် ။ အချိ န်တန်တော့ အိပ်ယာက ထ ၊ မျ က်နှာ ဘာညာသစ်ပြီး ကက်ဆက်ထဲကို မူရင်းခွေထည့် ၊ သီချ င်း တစ်ပုဒ်လုံး ဆုံးအောင်နားထောင် ၊ ပြန်ရစ် ၊ ပြန်ဖွင့် .... ။

သီချ င်းသဘောကို ငုံမိတော့မှ စာသား တစ်ကြောင်းချ င်း ၊ တစ်ပိုဒ်ချ င်း ရေးတော့တာ ... ။ တေးသွားရဲ့ သဘာဝ နဲ့ လိုက်ဖက်မယ့် စာသား ဖန်တီးပေးရတာပါ ။ ညနေ ၅ နာရီထိုးတော့ သီချ င်း ၄ ပုဒ် ပြီးသွားတယ် ။
တပည့်ကျော် က သပ်သပ်ရပ်ရပ် ကူးရေးပေးရတယ် ။ ကိုသန်းနိုင်တို့ ပြန်လာတော့ ၄ ပုဒ် ထဲပြီးလို့ ဟိုက မကြည်ဘူး ၊ ဒါပဲလားတဲ့ ။ ကိုလေးလွင် က ခင်ဗျားပေးတဲ့ အချိ န်လည်း ကြည့်ဦးလေတဲ့ ။ ကိုသန်းနိုင်က တစ်ပုဒ် ၅၀ ကျ ပ်နှုန်းနဲ့ ငွေ ၂၀၀ လက်ငင်း ရှင်းပေးပါတယ် ။

ခုခေတ် ငွေ တန်ဖိုးနဲ့ တွက်ကြည့်ရင် ကော်ပီတစ်ပုဒ် ငါးသောင်းနှုန်းလောက် ချီးမြှင့်တဲ့ သဘောပါ ။ ထိုက်ထိုက် တန်တန် ကန်တော့တယ်လို့ ဆိုနှိုင်ပါတယ် ။

လဘက်ရည် တစ်ခွက် ၂၅ ပြားခေတ်မှာ တစ်ထိုင်တည်းရေး ရတဲ့ သီချ င်းတွေ ဆိုတော့ ၁၉၇၀ လောက် ထင်တယ် ။

ကိုသန်းနိုင် အတွက် ခေါက်ထား ၊ ကြေးနားကပ်ကြီး ပန်ရမယ် ၊ ဇနပုဒ်သား၏ ဣိတိပိသော ၊ ' မ ' ဆို မချ စ်ဝံ့ဘူး ၊ 747 .. ။ မပုလဲ အတွက် စဉ်းစားမှာပေါ့  ၊ မေမေပြောတယ် မုန်းလိုက်တဲ့ ၊ အမျိုးသားတွေ သတိထား .... စတဲ့တေးတွေ ရေးစပ်ချိ န်များလားလို့ အတိတ်ကို တမ်းတမိပါတယ် ။
.......

စာညွှန်း > မောင်ကျော်ဇော ဆောင်းပါး ၊
နံနက်ခင်းဂျာနယ် ၊ မတ် ၊ ၂၀၁၆


Myint Soe Hnit

No comments:

Post a Comment