Thursday, April 14, 2016

အိမ်မှာပဲ သင်္ကြန်ကျနေတဲ့ ဖွေးဖွေး



ဒီနှစ် သင်္ကြန် ကိုတော့ ဖွေးဖွေး က အိမ်မှာပဲ ဖြတ်သန်းမယ့် ပုံပါ။ အိမ်တွင်းပုန်း လုပ်နေပေမဲ့ ပျင်းစရာတော့ မကောင်းပါဘူး။ ဖွေးဖွေး အတွက်တော့ သင်္ကြန် ဆိုတာ အိမ်တွင်းမှာလည်း ရေကစားလို့ ရတဲ့ ပွဲတော် တစ်ခု ဖြစ်သွားပါတယ်။ 

သင်္ကြန် အကျနေ့ မှာ သူငယ်ချင်းတွေနဲ့ အတူ ခြံထဲမှာပဲ ပျော်ပျော် ပါးပါး ရေကစားခဲ့တာ တွေ့ရပါတယ်။

 ဒါ့ပြင် သူမ ရဲ့ မိခင် ကိုလည်း သူငယ်ချင်းတွေနဲ့ အတူ ခေါင်းလျှော်ပေးနေပုံကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ တင်ထား ပါသေးတယ်။ 

အိမ်မှာနေရင်း တီရှပ်လေး တစ်ထည် ဘောင်းဘီ ရိုးရိုးလေး နဲ့ ပျော်နေ တဲ့ ဖွေးဖွေး က ပြင်ဆင်ခြယ်သ မှုတွေ လည်း မပြုလုပ်ထား ပါဘူး။ ဖွေးဖွေး ကတော့ သူမ ရဲ့ အိမ်တွင်း သင်္ကြန်မှာ ပြုံးပျော်နေတော့တာပါပဲ။



 







No comments:

Post a Comment