Thursday, April 14, 2016

လင်ဆေးလိုဟန် ရုရှား သူဌေးသား နဲ့ စေ့စပ်

 



လီလို လို့ ချစ်စနိုးခေါ်ကြတဲ့ လင်ဆေးလိုဟန် က သူမ ရဲ့ချစ်သူ အသက် ၂၂ အရွယ် ရုရှား သူဌေး သားလေး အီဂေါ် တာရာဘာဆော့ဗ် နဲ့ စေ့စပ်လိုက်ပါတယ်။ 

သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေတယ် ဆိုတာလည်း လူတွေ သိအောင် ထုတ်ပြောလိုက်တာ တစ်လလောက် ပဲ ရှိပါသေးတယ်။ 

ခုတော့ လီလို ရဲ့ လက်သန်းကြွယ် မှာ စေ့စပ်လက်စွပ် တစ်ကွင်း ကို တွေ့နေရပါပြီ။

လီလို နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ဦး ရဲ့ အဆို အရတော့ သူမ ဟာ အီဂေါ် နဲ့ တွဲနေတာ လေးလလောက် ရှိပြီဖြစ်ပြီး ခရစ္စမတ် ကာလ တုန်းကလည်း နယူးယောက်ခ် မှာ အတူရှိနေခဲ့ကြပါသတဲ့။ 




 စေ့စပ်တဲ့ အကြောင်း နဲ့ ပတ်သက်ပြီး သူမ ဘက်ကတော့ ဘာတစ်ခုမှ ထုတ်ပြောခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ စုံတွဲ ပုံတွေ ကိုတော့ အင်စတာဂရမ် မှာ တစ်ခုပြီး တစ်ခု တင်နေပါတယ်။









Source : Elle
 http://www.duwun.com.mm/entertainment/-id4914827.html

No comments:

Post a Comment