
ဗြိတိန် ရဲ့ နာမည်ကျော် ရုပ်သံ စတား ရေချယ်ရီလေး တစ်ယောက် ဘောလုံးပွဲ အကြောင်း ဆွေးနွေးတဲ့ Soccer AM အစီအစဉ် မှာ ပါဝင် ခဲ့ပြီးနောက် ဘောလုံး ပရိသတ်တွေ ရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိ လျှက် ရှိပါတယ်။
ရေချယ် က ဒီ အစီအစဉ် မှာ မပါခင် ကတည်းက နာမည်ကျော် ထားပြီးသား သူတစ်ယောက် ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကို အသည်းစွဲ အားပေးသူ အဖြစ် လူသိများပါတယ်။
Soccer AM အစီအစဉ် မှာ ရေချယ် တစ်ယောက် ပါဝင်ဆွေးနွေးခဲ့ပြီးနောက် ဘောလုံး ပရိသတ်တွေက တွစ်တာ မှာ ချီးကျူး မဆုံး ဖြစ်နေပါတယ်။
လှပပြီး လူချစ် လူခင် များတဲ့ ရေချယ် ရဲ့ ဘောလုံးပွဲ အကြောင်း ဆွေးနွေးမှု ဟာလည်း ပြီးပြည့်စုံကြောင်း ပရိသတ်တွေ က အွန်လိုင်း မှာ မျှဝေပြောဆိုနေကြပါတယ်။
Source : Metro
http://www.duwun.com.mm/entertainment/-id4909075.html


No comments:
Post a Comment