Wednesday, October 25, 2017

အခွေသစ် ထွက်တော့မယ့် စနူးဒေါ့ဂ်ျ { Snoop Dogg }



 အမေရိကန် ရက်ပါ အဆိုတော် စနူးဒေါ့ဂ်ျ သည် ၎င်း၏ (၁၆) ခွေမြောက် တေးအယ်လ်ဘမ် သစ်ကို ဖြန့် ချိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အသက် (၄၆) နှစ် အရွယ် စနူးဒေါ့ဂ်ျ သည် ‘Make America Crip Again’ တေးအယ်လ် ဘမ် ကို အောက်တိုဘာ ၂၇ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ 

အဆိုပါ တေးအယ်လ်ဘမ် ၏ ခေါင်းစဉ် အမည်ပေးထားသော ‘ Make America Crip Again ’ သီချင်း သည် မကြာမီက စနူးဒေါ့ဂ်ျနှင့်  အမေရိကန် သမ္မတ  ဒေါ်နယ်ထရန့် အကြား အငြင်းပွားဖွယ် အကြောင်းအရာ နှင့်ပတ်သက်၍ တုံ့ပြန် ရည်ညွှန်း သီဆိုထားကြောင်း သိရသည်။


မကြာမီက ဒေါ်နယ်ထရန့် သည် ၎င်း၏ တွစ်တာစာမျက်နှာ တွင် စနူးဒေါ့ဂ်ျ ၏ ဂီတ ဗီဒီယို တစ် ခုနှင့်ပတ် သက်၍ ပုတ်ခတ်ရေး သားဖော်ပြခြင်းကို ယခုအခါ စနူးဒေါ့ဂ်ျ က သီချင်းဖြင့် ပြန်လည် ချေပခြင်းဖြစ်သည်။
စနူးဒေါ့ဂ်ျ သည် ယခုနှစ်မေလတွင် (၁၅) ခွေမြောက် အယ်လ် ဘမ် ‘Neva Left’  ထွက်ရှိ လာပြီး ငါးလ 
အကြာ ‘Make America Crip Again’ အယ်လ်ဘမ် ကို ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။
—Ref:Contactmusic


No comments:

Post a Comment