Friday, October 20, 2017

Joe Satriani အကြောင်း သိကောင်းစရာများ



Joe Satriani ကို 1956 ခုနှစ် Nwe York မြို့ Westbury မှာမွေးဖွားတာဖြစ်ပါတယ်။ သူဂစ်တာနှင့် အသက်မွေး နေတဲ့ ကာလများ အတွင်းမှာ သူဟာ သီဆိုဖျော်ဖြေရတာထက် စာရင် ဆရာဖြစ်ရန် အထုံပါသူ တစ်ယောက်လဲဖြစ်ပါတယ်။

သူဟာ ဆရာ အဖြစ်ရော နည်းပြပေးသူ အဖြစ်နဲ့ပါ သင်ကြားပေးခဲ့သူ နာ မည်ကျော်များ ဦးရေဟာ ၈၀ မှ ၉၀ ကြားရှိပါတယ် ။ အဲဒီအထဲ မှာ Steve Vai, Metallica က Kirk Hammett, Primus က Larry LaLonde , နှင့် Counting Crows က David Bryson တို့ ဖြစ်ကြပါတယ် ။ သူသင်ပေးခဲ့တဲ့ ဂီတ ပညာရှင် အားလုံးကို အလှုံ့ဆော်နိုင်ဆုံး ကတော့ သူ့ရဲ့ Satch Boogie ဖြစ်ပါတယ် ။

Guitar ဆိုင် တစ်ဆိုင်မှာ Joe Satriani ရဲ့ " Satch Boogie " တီးသွားတာလေးပါ ။
သူငယ်စဉ်က Jimi Hendrix ကို အရမ်းကို ကြည်ညို လေးစား အားပေးခဲ့သူဖြစ်ပါတယ်။ Jimi Hendrix သေဆုံးပြီးသွားတဲ့ နောက်ပိုင်း သူဟာ ဘောလုံး အသင်းက ထွက်လိုက်ပြီး သူကိုယ်သူ ဂစ်တာသမား ဖြစ်အောင်ကြိုးစားဖိုရန် ဘဝကို မြှပ်နှံထားလိုက်တော့တယ်။

သူလေးစားတဲ့ ဂီတပညာရင် တွေက အများကြီးပါ ။ Led Zeppelin နှင့် Black Sabbath တို့လဲ ပါဝင်ပါတယ်။ 1970 ခုနှစ်များ အတွင်း က သူဟာ အခြား အောင်မြင်ကျော်ကြားသော Jazz ဂီတ တစ်ချို့ကိုလေ့လာ လိုက်စားခဲ့ပါသေးတယ်။

အဲဒီ အထဲမှာ စန္ဒယား ပညာရှင်များဖြစ်ကြတဲ့ Lennie Tristano နှင့် Billy Bauer တို့လဲ အပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့် သူဟာ နည်းပညာပိုင်းကို ခရေစေ့တွင့်းကျ လိုက်ပြီးလေ့လာ ခဲ့သူဖြစ်ပါတယ်။

1974 ခုနှစ်များမှာတော့ သူ့ဆီမှာ တပည့်ခံသူ တော်တော် လေးများလာပါပြီ Steve Vai အပါအဝင်ဖြစ်ပါတယ်။ 1978 ခုနှစ် မှာ Joe ဟာ Berkeley California ကိုပြောင်းလာပြီးတော့ သူ့ရဲ့ ဂစ်တာ သမား ဘဝကို စတင် ဘို့မျှော် လင့်ချက်တွေနဲ့ ဖြစ်ပေမယ့် မကြာခင်မှာဘဲ သူဟာ ဂစ်တာတီး သင်တဲ့ အလုပ်ကိုဘဲ ပြန်လည်လုပ်ဆောင်ခဲ့ရပါတယ်။




အထက်မှာ ဖေါ်ပြထားတဲ့ ဂီတ ပညာရှင်များကို ဆက်လက် သင်ကြားပေး ရ သလို Third Eye Blind ၏ အတီးသမားဖြစ်တဲ့ Kevin Cardogan, Geoff Tyson, နှင့် jazz ဂီတသမားဖြစ်တဲ့ Charlie Hunter နှင့် Testament က Alex Skolnick တို့ကိုလဲဘဲ သင်ကြားပေးတဲ့ ဆရာ တစ်ယောက်ဖြစ်ပါတယ်။

ဒီ့အပြင် သူကိုယ်တိုင်ကလဲ ဂစ်တာသမား ကောင်း တစ်ယောက်အဖြစ် 1980 ခုနှစ်များ မှာ The Square မှာတီးခတ်ပါတယ် ။ Greg Kihn အတွက် လဲ Love and Rock ‘n’ Roll. Album မှာ Lead ဂစ်တာ တီးပေးသူဖြစ်ပါတယ်။

Stevie Vai အောင်မြင်လာတဲ့ 1986 ခုနှစ်မှာ တော့ Interview နှင့် Magazine တွေမှာ သူအောင်မြင်ရခြင်း အကြောင်းတွေ ဟာ Joe Satriani ကြောင့်ဖြစ်တယ် ဆိုတာကို ဖြေကြားသွားတာ အများအပြားတွေ့ရပါတယ်။

ဒီတော့မှ Rock ဂီတကို လေးစားကြသူများက သူ့ကို သတိပြုမိလာကြပါ တယ်။ သူ့ရဲ့ ပထမဆုံး Album ကတော့ Not of This Earth ဖြစ်ပါတယ်။
အောက်မှာထဲ့ထားပေးပါတယ် နားဆင်ကြည့်ကြပါ။

Joe Satriani ရဲ့ ပထမဆုံ Album ဖြစ်တဲ့ Not Of This Earth
Joe ရဲ့ 1987 ခုနှစ် album ဖြစ်တဲ့ Surfing With the Alien ဟာ အရန်းကိုအောင်မြင်ခဲ့ပါတယ်။
Surfing With the Alien ကိုသူရဲ့ One Man Show လေးကိုဖေါ်ပြပေးထားပါတယ်။
ဒီခွေမှာ စုစုပေါင်း နှစ်သန်းကျော်လောက် ရောင်းရတဲ့ အပြင် အကြိမ်ကြိမ်ထပ်မံ ထုတ်ဝေရတဲ့ အခွေလဲ ဖြစ်ပါတယ်။ ဒီအခွေဟာ နှစ်တော်တော်ကြာကြာ အရောင်းရဆုံး အဖြစ် ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

“Satch Boogie” ဟာလည်း အကောင်းဆုံး ဂစ်တာ Solo 100 စာရင်းမှာ အမှတ်စဉ် 55 ချိတ်ခဲ့ပါတယ်။ ဒါတွေ ဟာ သူ့အတွက် တေးရေး ဆရာ နှင့် ထုတ်လုပ်သူ လုပ်နိုင်အောင် အခွင့်ရေးလမ်းကြောင်း ပွင့်သွားခဲ့တာ လဲဖြစ်ပါတယ်။

အဲဒီ တစ်နှစ်ထဲမှာဘဲ Lead ဂစ်တာသမား Mick Jagger ဟာသူနဲ့ အတူ Australia နှင့် New Zealand မှာသူ့ Promotion အတွက် တီးရန် ဖိတ်ခေါ်ခြင်းခံရပါတယ်။ ပြီးတော့ Flying In A Blue Dream ဟာ Joe ရဲ့ တတိယ အခွေဖြစ်ပါတယ်။ ဒီခွေကို 1989 သူကိုယ်ပိုင် ဖြန့်ဝေတာဖြစ်ပါတယ်။ ဒီအခွေမှာ သူကိုယ်ပိုင် သီချင်း တော်တော်များများ ပါဝင်ပါတယ်။

Joe Satriani - Flying In A Blue Dream (Satriani LIVE!)
http://lemthit.blogspot.my/…/joe-satriani-flying-in-blue-dr…

ဒီ Album ထဲက “One Big Rush” သီချင်း ကတော့ Say Anything ရဲ့
ဇာတ်ဝင် သီချင်းဖြစ်ခဲ့ရပါတယ်။
http://lemthit.blogspot.my/…/joe-satriani-one-big-rush-live…

1990 မှာ Joe Satriani ကို ဂစ်တာ ထုတ်လုပ်သော ကုမ္ပဏီ ဖြစ်တဲ့ Ibanez Company က သူ့တို့ရဲ့ ထုတ်ကုန်မှာ အမည်ခံပေးဘို့ ကမ်းလှမ်းလာတာကို သဘောတူ လက်ခံပြီး စာချုပ် ချုပ်ဖြစ်ခဲ့ပါတယ်။

သူတို့ ကမ္ပ္ပဏီမှ ထုပ်လုပ်သော ဂစ်တာများမှ တစ်ခုချင်းစီတွင် JS ဟု ရေးထိုးထားပါတယ်။ Joe Satriani ကိုယ်တိုင်လဲ JS1000 သို့မဟုတ် JS1200 အသုံးပြုပြီး ဖေါက်သည်တွေကို ကြော်ငြာပေးပါတယ်။
ပြီးတော့ Double Neck လို့ခေါ်တဲ့ ဖလက်တန်နှစ်ခု ပါတဲ့ JS700 လဲ သူ တော်တော် သဘောတွေ့ပြီး 
အသုံးပြုပါတယ်။

Chrome Boy ဆိုတဲ့ ဂစ်တာ အမျိုးအစား ဟာလဲ သူ အလွန်နှစ်သက်တဲ့ ဂစ်တာ တစ်မျိုးပါ။ 1992 ခုနှစ်မှာ The Extremist ကိုဖြန့်ဝေခဲ့ပါတယ်။

”Summer Song” အတီးလေးဟာ DJ ရေဒီယို ကနေ ပေါ်ပြူလာဖြစ်သွားခဲ့ရပါတယ်။
http://lemthit.blogspot.my/…/joe-satriani-summer-songfrom-s…

Time Machine ကတော့ 1993 ခုနှစ် ထုတ်တဲ့ Album ဖြစ်ပြီးနှစ်ခွေတွဲဖြစ်ပါတယ်။ ဒီအခွေလေးက သူ့ရဲ့ လက်ရာလေးကို ထုက်လုပ်ဖြစ်တဲ့ အခွင့်အရးလေးလဲ ဖြစ်ပါတယ်။

Joe Satriani - "Time machine" (Live in Paris)
http://lemthit.blogspot.my/…/joe-satriani-time-machine-live…

1993 ခုနှစ်မှာ တော့ Joe ဟာ Deep Purple နှင့် လက်တွဲဖြစ်ခဲ့ပါတယ်။ ဘာကြာင့်လဲ ဆိုတော့ Deep Purple ရဲ့ Lead ဂစ်တာသမား Ritchie Blackmore ဟာ သူတို့ဝိုင်းမှနှုတ်ထွက် သွားတာကြောင့်ဘဲဖြစ်ပါတယ်။

သူတို့ နှစ်ဦးတွဲပြိးတဲ့နောက် Japan မှာ သီဆိုတဲ့ ပွဲတွေမှာ အရန်းကို အောင် မြင်ခဲ့ပါတယ်။ ဒါကြောင့် Joe ဟာ သူတို့အဖွဲမှာ ပင်တိုင် တီးဘို့ပြောလာတာကို Deep Purple က လက်ခံကြိုဆိုခဲ့ပါတယ်။

သို့ပေမဲ့ သူတို့ နှစ်ဦးဟာ အိမ်ထဲမှာဘဲ Album တော်တော် များများကို အလုပ်အတူ တွဲလုပ်ဖြစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းသူဟာ Sony နှင့် စာချုပ် ချုပ်ဖြစ်ခဲ့ပါတယ်။



Joe ဟာ G3 လို့ခေါ်တဲ့ နယ်လှည့် ဖျော်ဖြေပွဲကို အရမ်း စိတ်ဝင်စားခဲ့ပါ တယ်။ သူတို့ရဲ့ G3 ပထမ ပွဲကို 1996 မှာ Joe Satriani, Steve Vai နှင့် Eric Jahnson တို့ ဦးဆောင်ပြီး တောင် America မှာ မြို့ပေါင်း ၂၄ မြို့မှာ လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။

ဒီပွဲကို ကြည့်ရှုသူပေါင်း 90,000 ခန့် ရှိတယ်လို့ အကြမ်းဖျင်း သီရပါတယ်။ တတိယ ပွဲစဉ်မှာတော့ John Petrucci,Paul Gilbert, Robert Fripp, နှင့် Adrian Legg တို့ ပါဝင်လာပြီး Europe, Japan, Australia, နှင့် South America မှာ လှည့်လည် ဖျော်ဖြေခဲ့ကြပါတယ်။

Satriani ဟာ 21 ရာစုသစ် မတိုင်ခင်မှာ နောက်ထပ် Solo Album နှစ်ခုကိုထုပ်လုပ်ဖြန့်ဝေခဲ့ပါတယ်။ သူ နာမည် ထွက်လာတဲ့ 1985 မှာဖြစ်ပြီး 1998 မှာတော့ Crystal Planet ကိုထုတ်ဝေခဲ့ပါသေးတယ်။
G3 - Joe Satriani - Crystal Planet (05.08.2012, Crocus City Hall, Mosco
အရှေ့အလယ်ပိုင်း ပွဲများမှာ သူဟာ Blue-Style များကို ထဲ့သွင်း တီးပြတဲ့ အခါမှာ သူ့ရဲ့ Metal ကို သဘောကျ နှစ်သက်သူများက သူ့ကို ဒေါသဖြစ်ကြပါသေးတယ် . တစ်ကယ်တော့ သူဟာ စွယ်စုံရ ဂီတပညာရှင် ဖြစ်တာကိုပြသတာဘဲဖြစ်ပါတယ်။ သူဟာ အခြားသော အဆိုတော်များရဲ့ Album များမှာလဲ တီးပေးခဲ့ပါသေးတယ် ။ ဒီ Album ကတော့ Alice Cooper’ ရဲ့ Hey Stoopid, ဖြစ်ပါတယ်။

Strange Beautiful Music ကို 2002 မှာထုတ်ဝေခဲ့တာဖြစ်ပါတယ်။
Is There Love in Space ကို 2004 မှာထုတ်ဝေပါတယ်။

ဒီနောက်ပိုင်းမှာတော့ သူ့ကို Grammy Awards ဆု ၁၄ ခု့အတွက် သတ် မှတ်ခြင်းကို ခံရပါတယ် ။ ဒီဆုကို ရဖူးသူ တစ်ခြားတစ်ယောက်မှ မရှိသေးပါဘူး။ သူဟာ Peavey က ထုတ်လုပ်တဲ့ JSX amplifiers ကိုလဲ ကြော်ငြာပေးသူဖြစ်ပါတယ်။

သူဟာ 2001 ခုနှစ်ထဲမှာ JSX amplifiers ကို စတင် အသုံးပြု လာတာ
ဖြစ်ပြီး ဒိ့ မတိုင်မီ ကတော့ Marshall amplifiers ကိုသာ သုံးစွဲခဲ့တာဖြစ်ပါတယ်။
ဂစ်တာ Effect နဲ့ ပတ်သက်ပြီးသူ သုံးခဲ့တာတွေ ကတော့ Vox Wah, Dunlop Cry Baby, နှင့် Digitech က ထုတ်တဲ့ Whammy တို့ အပြင် အခြားသော အမျိုးစားများကိုလဲ သုံးပါတယ်။

Planet Waves ကုမ္ပဏီ နှင့်လဲ သူ့ရဲ့ လက်မှတ်ကို ဂစ်တာမှာ ထဲ့ပေးဘို့ စာချုပ် ချုပ်ခဲ့ပါတယ်။ သူဟာ Mini Colossal ခေါ်တဲ့ A အဆင့်ရှိ 5 Watt amplifiers များ ထုတ်လုပ်ရာမှာ supervise လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စု လောက်ထဲက သူဟာ ပြိုင်စံရှားသူ အဖြစ်ချီးကျူးထောပနာပြုတာကို ခံခဲ့ရသူပါ။ နည်းစနစ်ပေါင်း များစွာကိုလဲ တည်ထွင်ခဲ့သူလဲဖြစ်ပါတယ်။ သူဟာ Pitch Axis Theory ကိုကျွမ်းကျင်သူ အဖြစ်လဲ ထင်ရှားသူဖြစ်ပါတယ်။ Pitch Axis Theory ကို စာဖတ်သူများ သိစေလိုတဲ့အတွက် YouTube ကနေ Video လေးကူးထဲ့ပေးထားပါတယ်။

သူဟာ Harmonics, Legato Picking, နှင့် Two Handed Tapping.နည်းပညာများရဲ့ ဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ ဒီအကြောင်းများကို Kiwipedia မှာ သွားရောက် လေ့လာကြပါ ။ သင့်သိလိုသော စာလုံးများပေါ်မှာ ပွိုင့်တာ တင်ပြီး နှိပ်ပါ ။ Kiwipedia စာမျက်နှာကို ရောက်အောင် Link ချိပ်ထားပေးပါတယ် ။

သူဟာ ဘယ်လောက်ဘဲ ကမ္ဘာကျော်နေပါစေ ယနေ့တိုင် ဂစ်တာတီး သင်ပေး နေဆဲ့ဖြစ်ပါတယ်။ 2006 ခုနှစ်မှာတော့ ဘာအကျို အမြတ်ကိုမှ မကောက် ခံတဲ့ Little Kids Rock အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။
ဒီအဖွဲ့ကို တူရီယာများ အပါဝင် ဂီတ သင်ခန်းစာများကို ထောက်ပန့်ပေးခဲ့ပါတယ် ။ ဒီအတွက် အခမဲ့ သင်တန်းကျောင်းများကို တည်ထောင်ပေးထားပါတယ်။

Satriani.com ကို သွားရောက်ကြည့်နိုင်အောင် Link ချိပ်ထားပေးပါ
တယ်။ http://www.satriani.com/splash/

သူရဲ့ ထွက်ရှိသမျှ စီးရီးများကို အောက်မှာဖေါ်ပြပေးထားပါတယ်။
YouTube မှာ သွားရောက် ရှာဖွေကြပါ။
1989 "Always With Me, Always With You"
Surfing with the Alien
1990 "The Crush of Love"
1991 Flying in a Blue Dream
1993 The Extremist
1994 "Speed of Light
1995 "All Alone"
1997 "(You're) My World"
1998 "Summer Song" (Live)
1999 "A Train of Angels"
2001 "Until We Say Goodbye"
2002 "Always With Me, Always With You" (Live)
2003 "Starry Night"
2006 Super Colossal
2008 "Always With Me,Always With You" Satriani Live!

No comments:

Post a Comment