Wednesday, October 25, 2017

အလင်းရောင် ရိုက်ဖို့ ကြောက်နေတဲ့ ဇာတ်ကား

                                                      ဓါတ်ပုံ- စိုင်းဇော်

 ‘ သမ္မတကြီးထံ ပေးစာ ’ ဟု အမည်ရသော ရုပ်ရှင်ဇာတ် ကားတွင် ဇာတ်ဝင်ခန်း ခြောက်ခန်း မျှသာ ပါဝင်သရုပ်ဆောင်ရ သော်လည်း ကြိုက်နှစ်သက်သည့် ဇာတ်လမ်းဖြစ်နေသည့် အပြင် ဒါရိုက်တာ ဝိုင်း ရိုက်ကူးသော ကြောင့် ပါဝင်ဖြစ်ကြောင်း သရုပ်ဆောင် အလင်းရောင် က ပြော ကြားသည်။

‘‘ ဒီကားမှာ သရုပ်ဆောင်ရ မှာကို ကြောက်တယ်။ ဘာလို့လဲ ဆိုတော့ အစက အခန်းနည်းလို့ တစ်ခြားသူနဲ့ ရိုက်မယ်လို့ ပြောပြီး မှ အခု ကျွန်တော်နဲ့ ပြန်ရိုက်တာ ပေါ့ ။ ဒီကားမှာ ကျွန်တော် သရုပ် ဆောင်ရမယ့် အ ခန်းက ခြောက် ခန်းပဲ ပါပါတယ်။ ဒါပေမဲ့ တစ်ခန်း၊ တစ်ခန်းမှာ လုပ်ရမှာတွေ အရမ်းခက်တယ်။ ဇာတ်က လည်း ကိုယ့် ကြောင့်ပဲဖြစ်တဲ့ ပုံစံမျိုးပါ’’ ဟု ၎င်းက ပြောသည်။
အဆိုပါ ဇာတ်ကား၌ ၎င်း သည် လုံခြုံရေးဝန်ထမ်း အဖြစ် ပါဝင် သရုပ်ဆောင်မည်ဖြစ်ပြီး အရိုင်း၊ ဖွေးဖွေး ၊ ချမ်းမင်းရဲထွဋ် နှင့် မေဆူးမောင်တို့လည်း ပါဝင် မည်ဖြစ်သည်။
‘‘ကျွန်တော် ထောင်ကျတာ တွေလည်း ပါတယ်။ ထောင်ကျတဲ့ အချိန်မှာ ပုံစံတစ်ခု ချိန်းရမယ်ဆို တော့ အဲဒါလေးတွေကို အပြောင်း အလဲဖြစ်အောင် လုပ်သွားမယ်။ ဇာတ်အရ ထောင်က လေးနှစ် ကျော် ကျမှာ  ဆိုတော့ အဲဒီနေရာ မှာ တစ်ချက် ပုံစံပြောင်းရမယ်’’ဟု အလင်းရောင် က ပြောသည်။
သမ္မတကြီးထံ ပေးစာ ရုပ်ရှင် ဇာတ်ကားသည် ဇာတ် ဖတ်လိုက် သည်နှင့် ပုံမှန် မြန်မာ ကားများ တွင် တွေ့ နေကျ ပုံစံမျိုးမဟုတ်ဘဲ ထူးဆန်းပြီး ပရိသတ် အများစု ကြိုက်နှစ်သက်သည့် ဇာတ်လမ်း ပုံစံမျိုးဖြစ်ကြောင်း ၎င်းက ဆို သည်။


‘‘ ကျွန်တော် ကိုယ်တိုင်လည်း တစ်ကားနဲ့ တစ်ကား ပုံစံ မတူဘဲ ရိုက်ရတာကို ကြိုက်တယ် ။ ကား အများကြီး မရိုက်ချင်ဘူး။ ကိုဝိုင်း တည်တည်ပေးတဲ့ ဇာတ်တွေက လည်း ကျွန်တော့်ကို ကာရိုက်တာ တစ်မျိုးပြီးတစ်မျိုးပြောင်းစေ တယ်။ ကိုဝိုင်း နဲ့ ရိုက်တဲ့ အခါ တစ်ကားနဲ့ တစ်ကားကို သုံးလ (သို့ မဟုတ်) လေးလ ခြား ရိုက် တယ်။ တစ်ခါတလေ ဆံပင် ပုံစံအပြင် မျက်နှာ Structure တွေက အစ အားလုံးချိန်းဖြစ်တယ် ’’ ဟု အလင်းရောင်က ပြောသည်။
အနုပညာသက်တမ်း ကိုးနှစ် ရှိပြီဖြစ်သော အလင်းရောင်သည် လက်ရှိရိုက်ကူးနေသည့် သမ္မတ ကြီးထံ ပေးစာအပါအဝင် ရုပ်ရှင် ဇာတ်ကား ၁၄ ကားရိုက်ကူးထား သည်။

No comments:

Post a Comment