Tuesday, October 31, 2017

ညစ်ညမ်းပုံတွေ ပျံ့နှံ့ခြင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မြတ်ကေသီအောင် ၏ ခင်ပွန်းဟောင်း ရှင်းပြီ




ကျွန်တော့်နာမည် အောင်ဇော်လတ်ပါ ကျွန်တော် ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာ နေပါသည် ။
ကျွန်တော် ယခု ဒီ postကို မတင်ချင်ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော် အခု ကျွန်တော့် အသိုင်းအဝိုင်း ဆွေးမျိုး အပေါင်း အသင်းကြားမှာ အရှက်တစ်ကွဲ စိတ်မကောင်းခြင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီ post ကို တင်ရခြင်းဖြစ်ပါတယ် ။
ဒါပေမယ့် ကျွန်တော် ရင်ထဲရှိတဲ့ အတိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့် ကတည်း ကျွန်တော် ဒီပိုစ် ကို တင်ခဲ့ချင်တာပါ။
ကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့် (ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင် လက်ထပ်ခဲ့ကြပါသည်။ ကျွန်တော်တို့ လက်ထပ်ပြီး မကြာခင်မှာပဲ ကျွန်တော်အမေရိကား ကို ပြန်လာခဲ့တယ် ။
ကျွန်တော် အမေရိကန် ပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေး ဖောက်ပြန်နေတာကို ကျွန်တော် သိခဲ့ရပါတယ် ။ ကျွန်တော့်ရဲ့မိဘ အသိုင်းအဝိုင်း သူငယ်ချင်းများကလည်း ကျွန်တော့်ကို ဒီအကြောင်းကို ထပ်ခါထပ်ခါပြောခဲ့ကြပါတယ်။
ဒါပေမယ့် ကျွန်တော်မယုံခဲ့ဘူး ။ အဲ့ဒါကြောင့် ၂၀၀၈ ခုနှစ် မြန်မာပြည် နာဂစ်ဖြစ်ပြီး နောက်တစ်ရက်မှာပဲ ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ် ။ မြန်မာပြည်ရောက်ပြီး နောက်နေ့မှာ ကျွန်တော့်သူငယ်ချင်းဆီ အသွား ရွှေဂုံတိုင် စားသောက်ဆိုင်နား အရောက်မှာ မြတ်ကေသီအောင် စီးတဲ့ကားကို ကျွန်တော် ရုတ်တစ်ရက် တွေ့လိုက်ရတယ် ။
သူ့ရဲ့ ဒရိုက်ဘာ က ကျွန်တော့်လည်းမြင်ရော ဆိုင်ထဲဝင်ပြီး မြတ်ကေသီအောင်ကို သွားပြောပြီး ကားမောင်း ထွက်သွားတယ် ။ ကျွန်တော် ဆိုင်ထဲဝင်သွားတော့ စားပွဲထိုး တစ်ယောက်ကိုမေးတယ် ။ မေးတော့ ပြန်သွားပြီလို့ ကျွန်တော့်ကိုလိမ်တယ်။




ဒါပေမယ့် ကျွန်တော်မယုံဘူး ဆိုင်ရှေ့မှာ သူ့ဖိနပ်ကို တွေ့နေရလို့ ကျွန်တော် မယုံလို့ မန်နေဂျာ ကို ခေါ် 
ခိုင်းတော့ မန်နေဂျာက ကျွန်တော့်ကို မြတ်ကေသီအောင် နဲ့ဘာတော်လည်းလို့မေးတယ် ။ ကျွန်တော် သူ့ခင်ပွန်းပါပြောလိုက်တော့မှ မြတ်ကေသီအောင် ကို ခေါ်ပေးတယ် ။
မြတ်ကေသီအောင်က ကျွန်တော့်လည်းတွေ့ရော လက်ဆွဲပြီး ဆိုင်ပြင်ကို ခေါ်သွားတယ် ။ ဆိုင်ပြင်ရောက် တော့ သူ့ကို လိုက်နှောက်ယှတ်ပါတယ် ဆိုပြီး ကျွန်တော့်ကို ပိုးစိုး ပက်စက်ပြောခဲ့တယ် ။ ဘယ်လောက်ထိပြောသလဲဆိုရင် ကျွန်တော့်ကို ရဲတိုင်ပြီး ထောင်ထဲ ထည့်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တယ် ။ အဲ့ဒီ အချိန်က ကျွန်တော်က အမေရိကားမှာ နိုင်ငံရေး ခိုလုံခွင့်နဲ့နေ နေတာ ကျွန်တော်လဲဘာမှ မပြောပဲပြန်ခဲ့တယ်။
သူလဲ ဇော်မျိုးအောင် ရှိတဲ့ စားသောက်ဆိုင်ထဲ ပြန်ဝင်သွားခဲ့တယ် ။ အဲ့ဒီနောက် ကျွန်တော်က ဇော်မျိုးအောင်နဲ့ ဖောက်ပြန်နေတာကို သိလို့ ကျွန်တော် ကွာရှင်းခွင့် တောင်းခဲ့တယ် ။ အဲ့ဒီအချိန်မှာ သူက ကျွန်တော့်ကို ဘာပြောလဲဆိုတော့ သူ ဇော်မျိုးအောင်ကို ပိုချစ်တယ် ဒါပေ့မယ့် ကျွန်တော်ကိုကျတော့ သူ့ရဲ့ 
အရှက် နဲ့ သိက္ခာကြောင့် မကွာပေးနိုင်ဘူးလို့ ကျွန်တော့်ကို သူကိုယ်တိုင်ပြောခဲ့တယ် ။ နောက် သိပ်မကြာခင်မှာပဲ ကျွန်တော် အမေရိကားကိုပြန်လာခဲ့တယ် ။




ဒီရောက်ပြီး တစ်ပတ်လောက်မှာပဲ ကျွန်တော့်ကို ဖုန်းဆက်ပြီး သူ့ လင်ငယ်ဖြစ်တဲ့ ဇော်မျိုးအောင် နဲ့ ပေါင်းပြီး သူတို့ဖောက်ပြန်နေတာကို ကျွန်တော် တရားစွဲမှာကြောက်လို့ ဆိုပြီး ကျွန်တော့ကို သူကိုယ်တိုင်ကွာရှင်း စာချုပ်မှာ လက်မှတ် အမြန် ထိုးပေးဘို့တောင်းဆိုခဲ့တယ်။
ကျွန်တော့်ဘက်က ကွာရှင်းစာချုပ်မှာ ချက်ချင်း လက်မှတ်ထိုးပြီး DHL မှ အမြန်ချောနဲ ပို့ပေးခဲ့တယ် ။ သူ့ ဘက်က ကွာရှင်း စာချုပ်မှာ လက်မှတ်လဲ ထိုးမပေးခဲ့သလို ကျွန်တော့်ဆီလဲ ဘာမှ ပြန်ပို့တာ မရှိခဲ့ဘူး ။အဲ့ဒီကွာရှင်း စာချုပ်ကို လေးငါးခြောက်လ လောက်ထိ ကျွန်တော် စောင့်ပေးခဲ့တယ် ။

 လေးငါးခြောက်လ ကြာတဲ့အထိ သူ့ဘက်က ဘာမှ အကြောင်းပြန်မလာပေမယ့် သူ့ဖောက်နေတဲ့ သတင်း တွေက ပိုဆိုးဆိုး လာတဲ့အတွက် ကျွန်တော် ကျွန်တော့်မိဘ အသိုင်းဝိုင်းတွေရဲ့ အရှက်နဲ့သိက္ခာ အတွက် မြန်မာနိုင်ငံ ကြေးမုံ သတင်းစာ စာမျက်နှာ ၁၄ မှာ မသီတာမြင့် (ခ) မြတ်ကေသီအောင် ကို ဇနီးအဖြစ်မှ စွန့် လွတ်ကြောင်းကို တရားဝင်ကြေငြာခဲ့ပြီးပါပြီ ။ 




မကြာသေးခင်က let talk မီဒီယာနဲ့အမေး အဖြေမှာ သူ့နဲ့ ကျွန်တော့် အကြောင်းကို မေးတဲ့အခါမှာ ကျွန်တော့် အမည်ကို ထပ်အသုံးပြုပြီးတော့ ကျွန်တော့်ကိုပဲ မရိုသေ့စကား အတွင်းခံဘောင်ဘီက အစ ဝယ်ပေးခဲ့တယ်လို့ ကျွန်တော့်ကို ထပ်ပြီး အရှက်ခွဲခဲ့တယ်။
မသိတဲ့ သူတွေကတော့ မြတ်ကေသီအောင် အတွက် မျက်ရည်တွေ ဘာတွေ ကျလို့ပေါ့ဗျာ ။ တစ်ကယ့် အ
မှန်က သူနဲ့ ချစ်သူ မဖြစ်ခင်ကတည်းက နောက်ဆုံး သတင်းစာမှာ တရားဝင်ကြေငြာတဲ့အထိ ကျွန်တော်အပ်တို တစ်ချောင်းတောင်ကျွန်တော် မယူခဲ့ပါဘူး ။ ကျွန်တော် အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့အိမ် ကား လက်ဝတ်ရတနာ ဒေါ်လာပေါင်း များစွာ ကျွန်တော် ဆုံးရူံးခဲ့ရတယ် ။
စပြီးသိတဲ့ အချိန်က စလို့ သတင်းစာမှာကြေငြာတဲ့ အချိန်ထိ ကျွန်တော့်ဘက်ကပဲ အကုန်ကျခံတယ် ။ ဒါပေမယ့် သူကတော့ ဇော်မျိုးအောင် နဲ့ ဆက်ပြီးဖောက်ပြန် နေခဲ့တယ် ။ ထပ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် သူ ဖောက်ပြန်နေတာကို ကျွန်တော်တင် သိတာမဟုတ်ခဲ့ဘူး။
သူ့ မိဘ အသိုင်းအ၀ိုင်းက အစ အကုန်သိနေကြတယ် ။ ဒါပေမယ့် ကျွန်တော့်ဘက်မှာ တစ်ယောက်မှ မရှိခဲ့ပါဘူး ။ အကုန်လုံးဟာ မြတ်ကေသီအောင်ဘက်မှာပဲ ရှိနေကြတယ် ။ ကျွန်တော်ပြန်ရောက်တဲ့အချိန်မှာပဲ သူ့အဖေ ကိုယ်တိုင် ဇော်မျိုးအောင် ကို သူတို့ အခေါ် ဦးဇော် ကျွန်တော်ပြန်လာရင် နင်တို့ အသွားအလာသတိထားကြ ကျွန်တော်ပြန်လာတယ်ပေါ့ဗျာ။




ယခုအခါ မြတ်ကေသီအောင် ရဲ့ ညစ်ညမ်းသော ဓာတ်ပုံတွေ အွန်လိုင်းမှာ ပြန့်နေတာ ကျွန်တော်နဲ့ သိတဲ့သူတွေ ကျွန်တော်နဲ့ မသိတဲ့သူတွေ အားလုံး အွန်လိုင်းမှာ တွေ့နေရမှာပါ ။ တစ်ချို့ ကျွန်တော်နဲ့ သူနဲ့ တရားဝင် ကွာရှင်းထားတဲ့ အကြောင်း သိသူတွေရှိသလို ၊ မသိသေးတဲ့ သူတွေလဲရှိပါတယ် ။ တစ်ချို့ကလဲကျွန်တော့်ဆီကို ဖုန်းဆက် စာပို့ပြီး မေးကြတယ် ။
မြတ်ကေသီအောင် ဒီလိုဖြစ်နေတယ် ဆိုတဲ့အကြောင်း ခုချိန်မှာ ကျွန်တော့်မှာလဲ အိမ်ထောင်ရှိနေတဲ့ အတွက် ကျွန်တော့်ရဲ့ အရှက်သိက္ခာ ကျွန်တော့် မိသားစုရဲ့အရှက်သိက္ခာ အတွက် ဒီ post ကို အွန်းလိုင်း မှာ တင်ပြီး ဖြေရှင်းလိုက်ရခြင်းဖြစ်ပါတယ် ။
သက်သေ အဖြစ် ၂၀၀၈ ကြေမုံ သတင်းစာမှာ တရားဝင် ကြေငြာခဲ့တဲ့ စာပါ တင်ပေးလိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
အောင်ဇော်လတ် (ကိုဇော်-နယူးယောက်)


No comments:

Post a Comment