Wednesday, February 24, 2016

ငယ်သေးတယ် လို့ အမြဲတွေးပါ ဆိုတဲ့ တင်မိုးလွင်



မတင်မိုးလွင် ကတော့ ဘဝမှာ အောင်မြင်ဖို့ အတွက် ကိုယ့်ကို ကိုယ် အမြဲ ငယ်နေသေးတယ် လို့ တွေး ထားရင် အရာရာအောင်မြင်နိုင်မယ်လို့ ပြောပါတယ်။


မြန်မာ့မော်ဒယ်လောက ရဲ့ ခေါင်းကိုင် မိခင် တစ်ဦးရယ်လို့ အားလုံး က အသိ အမှတ်ပြုထား တဲ့ မမိုးလို့ အများစု ကခေါ်ကြတဲ့ မတင်မိုးလွင် ကတော့ ဘဝမှာ အောင်မြင်ဖို့ အတွက် ကိုယ့်ကို ကိုယ် အမြဲ ငယ်နေသေး တယ်လို့ တွေးထားရင် အရာရာ အောင်မြင်နိုင်မယ်လို့ ပြောပါတယ်။


မိမိ နဲ့ သက်တူ ရွယ်တူ အရွယ်တွေ နဲ့ ယှဉ်လိုက်မယ် ဆိုရင် နုပျိုတယ် ဆိုတာကို  လက်ခံပါတယ်လို့ ဆိုခဲ့တဲ့ မမိုး က သူနဲ့ အသက် အရွယ်တွေ ထဲမှာလည်း နေတတ် ထိုင်တတ်ပြီး နုပျိုနေတဲ့ သူတွေ ရှိနေသေးလို့ အားကျ မိနေသေးတယ်လို့ ဆိုပါတယ်။





ငယ်ရွယ်နုပြိုနေစဉ် အချိန်တုန်းကတော့ တိုးတက်ကြီးပွား အောင်မြင်ရမယ် ဆိုတဲ့ Life Style  ဖြစ်ရမယ်လို့ ခံယူ ထားခဲ့ပေမယ့် အသက် အရွယ် ရလာတဲ့ အခါမှာလည်း ကျန်းမာပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ လူနေမှု ဘဝ ကို ပိုပြီးတော့ လိုချင်လာမိတယ် လို့ ပြောပါတယ်။


ဘဝ တစ်လျောက်လုံး မှာ ကျန်းမာပျော်ရွှင် တဲ့ ဘဝနေထိုင်မှုမျိုး ရှိအောင် ဆက်နေသွားမယ်လို့ ပြောခဲ့တဲ့ မမိုး က သူရေးခဲ့တဲ့ "ငယ်သေးတယ် လို့ အမြဲတွေးပါ" ဆိုတဲ့ စာအုပ် အတိုင်း ကိုယ့်ရဲ့ အတွေးတွေ ထဲမှာ လူငယ် တစ်ယောက်လို ပဲ တက်တက်ကြွကြွ လုပ်ကိုင် ဖို့ အမြဲ စဉ်းစားနေဖို့ ကို ပရိသတ်တွေ အတွက် အကြံပေးခဲ့ပါသေးတယ်။





ကိုယ့် အသက်ကြီးပြီ လို့ အတွေးမှာ တွေးလိုက်မယ် ဆိုရင် အခက်အခဲတွေ ရှိလာနိုင်တာကြောင့် အလုပ် တစ်ခုကို လုပ်ဖို့ စဉ်းစားမယ် ဆိုရင် အသက်ကြီးလို့ မလုပ်နိုင်တော့ဘူး ဆိုတဲ့ အတွေးတွေ ကို ခေါင်းထဲက ထုတ်ထားလိုက်ပါ လို့ လည်း ပြောခဲ့ပါတယ်။
 



 14.01.2016
Photo : myanmarmodel ,myanmartoday,
http://www.searchmyanmar.com/link/frame/cid/56289 

No comments:

Post a Comment