Wednesday, February 24, 2016

အွန်လိုင်းပေါ်မှာ သီချင်းဖြန့်မယ့် ဝါဆိုမိုးဦး



သူမ ရဲ့ ပထမဦးဆုံး တစ်ကိုယ်တော် အခွေထဲက သီချင်းတွေ ကို အွန်လိုင်းပေါ်မှာ စဖြန့်မယ်လို့ဆိုပါတယ်။
သူမ ရဲ့ တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ စတင် စုနေပြီဖြစ်သလို အခက် အခဲတွေလည်း ကြုံတွေ့ ရတယ်လို့ဆိုပါတယ်။

သီချင်း အပုဒ်ရေ ၅ ပုဒ်လောက် ဆိုပြီး သွားတဲ့ သူမ က သီချင်းခွေ နဲ့ပတ်သက်ပြီးတော့ ယခုလိုပြောပြ ပါတယ်။

 "ဝါဆို အခွေ အတွက် သီချင်းတွေ စုနေပြီ။ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကတော့ ဝါဆို ရဲ့ လုပ်နေကျ အလုပ် တစ်ခု မဟုတ်တဲ့အတွက် အခက်အခဲတွေ အရမ်း များပါတယ်။

ပင်ပန်းတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီး လုပ်တဲ့ အတွက်ကြောင့် ပရိသတ်တွေ ကို တင်ဆက်တဲ့ အခါမှာလည်း ကြည့်ဖူးစေချင်တယ်။ နားထောင်စေချင် ပါတယ်။" လို့သူမ က ဆိုသည်။









မတ်လ ထဲတွင်လည်း ထွန်းထွန်း နဲ့အတူ တွဲဆို ထားတဲ့ သီချင်းလေး တစ်ပုဒ်ကို MTV ရိုက်ကူးမှုပြုလုပ် မှာဖြစ်ပြီး  အဲ့ဒီ သီချင်းကို  အွန်လိုင်း  တွင် စဖြန့်မယ်လို့ သူမ က  ပြောပါတယ်။




Source : Popular News
Photo   : ဝါဆိုမိုးဦး ဖေ့စ်ဘွတ်ခ်

http://www.searchmyanmar.com/link/frame/cid/56289


No comments:

Post a Comment