Saturday, February 13, 2016

မြန်မာသွေးနှောတဲ့ ဟောလီးဝုဒ် မင်းသမီး ရဲ့ ပွဲတက် ဖက်ရှင်


၂၀၁၅ ခုနှစ် Critics' Choice Awards ပွဲကို တက်ရောက်လာတဲ့ မြန်မာသွေးနှော ဟောလီးဝုဒ်မင်သမီး ကိတ်ရဲ့ ကော်ဇောနီဖက်ရှင်ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။



Underworld ဇာတ်ကားထဲက ဖိုက်တာမင်းသမီး ကိတ် ဘက်ကင်ဆေးလ်ဆိုရင် ရုပ်ရှင်ပရိသတ်ကြီး သိကြမှာပါ။ သူမက Pearl Harbor ဇာတ်ကားနဲ့လည်း ကျော်ကြားခဲ့ပါတယ်။ 


 

ကိတ် ဟာ မင်းသား ရစ်ချတ် ဘက်ကင်ဆေးလ် နဲ့ မင်းသမီး ဂျူဒီလို တို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ် ပါ တယ်။ 

ဖခင်ဖြစ်တဲ့ မင်းသား ရစ်ချတ် ဘက်ကင်ဆေးလ် က မြန်မာသွေးနှောမှု လေးပုံတစ်ပုံ ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မင်းသမီး ကိတ် ဟာ မြန်မာသွေးနှောတဲ့ ဗြိတိသျှ တစ်ဦး ဖြစ်လာပြီး အင်္ဂလိုဘားမိစ် အုပ်စု ထဲမှာ ပါဝင်ခဲ့ပါတယ်။ 




 

တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၇ ရက်) က ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာ မှာ ကျင်းပတဲ့ ၂၀၁၅ ခုနှစ် Critics' Choice Awards ပွဲ ကို တက်ရောက် လာတဲ့ မြန်မာသွေးနှော ဟောလီးဝုဒ် မင်းသမီး ကိတ် ရဲ့ ကော်ဇောနီ ဖက်ရှင် ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။ 


 

ကိတ် က ဒီပွဲ မှာ အကောင်းဆုံး မင်းသားဆု ကို ကြေညာပေးခဲ့ပါတယ်။ Critics' Choice Awards ရဲ့ အကောင်းဆုံး မင်းသားဆု ကို လီယိုနာဒို ဒီကက်ပရီယို က  The Revenant ဇာတ်ကားဖြင့် ရရှိခဲ့ပါတယ်။


 

 
 18.01.2016
http://www.searchmyanmar.com/link/frame/cid/56321 






No comments:

Post a Comment