
အချိန် အမြန်ဆုံး နဲ့ Youtube မှာ အကြိမ်ရေ သန်း တစ်ထောင် ကြည့်ရှု ခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိုတော် အဒဲလ် ရဲ့ “Hello” သီချင်း ဟာ စတင်ဖြန့်ချိပြီး ၈၇ ရက် အတွင်းမှာပဲ Youtube မှာ ကြည့်ရှုတဲ့ အကြိမ်ရေ သန်း တစ်ထောင် ပြည့်သွား ခဲ့တဲ့ အတွက် စံချိန်ချိုးသွားပါတယ်။
ကြည့်ရှုသူ အများဆုံး စံချိန် တင်ထားတဲ့ Psy ရဲ့ သီချင်းတောင်မှ သန်း တစ်ထောင်ပြည့် ဖို့ ၁၅၈ ရက်ကြာမြင့် ခဲ့ပါတယ်။
ခဏလေး အတွင်းမှာ တင် ကြည့်ရှုသူ သန်း တစ်ထောင်ပြည့်သွားတဲ့ အဒဲလ် ရဲ့ Hello သီချင်းဟာ PSY ရဲ့ Gannang Style သီချင်း ကို ကျော်ဖြတ်ပြီး ကြည့်ရှုသူ အများဆုံး ဖြစ်လာ ဖို့ အလား အလာ ကောင်းနေတယ်လို့ ခန့်မှန်းကြပါတယ်။
Youtube မှာကြည့်ရှု မှု အကြိမ်ရေ သန်း တစ်ထောင်ပြည့်တဲ့ သီချင်း က ၁၇ ပုဒ်ပဲ ရှိပါတယ်။ ၂၀၁၃ တုန်းက ထွက်လာတဲ့ ကေတီပယ်ရီ ရဲ့ Roar သီချင်း ဟာ သန်း တစ်ထောင်ပြည့်ဖို့ အချိန် ၄၈၇ ရက်ယူ ခဲ့ရပြီး တေလာဆွစ်ဖ် ရဲ့ Blank Space သီချင်း ကတော့ ၂၃၈ ရက် အချိန် ယူခဲ့ရပါတယ်။
Source : Mashable
http://www.searchmyanmar.com/link/frame/cid/56316
No comments:
Post a Comment