Tuesday, January 5, 2016

ယခုနှစ် ခြောက်လ အတွင်း ပြန်လည် လှုပ်ရှားမယ့် AOA အဖွဲ့

 တောင်ကိုရီးယား မိန်းကလေး အဆိုရှင်များ အဖွဲ့ AOA သည် ၂၀၁၆ တွင် အနုပညာ လှုပ်ရှားမှုများ ပြန်လည်စတင် မည်ဟု  ၎င်းတို့၏အေဂျင်စီ ကပြောသည်။

‘‘AOA အဖွဲ့ဝင်တွေ အားလုံး အရမ်း အလုပ်များနေပါတယ်။ ဒါပေမဲ့ သူတို့တွေ အချိန်ရတိုင်း တေး အယ်လ်ဘမ် သစ်အတွက် အသံ သွင်းတာတွေ လုပ်ပါတယ်။

သီချင်းတွေ အသံသွင်း တာနဲ့ အကလေ့ကျင့်တာတွေ လုပ်ပြီး ၂၀၁၆ ပထမနှစ်ဝက် မှာ အနုပညာခြေ လှမ်း ပြန်လည်စဖို့ ပြင်ဆင်နေပါ တယ်’’ဟု အေဂျင်စီ တာဝန်ရှိသူ တစ်ဦးက Star News သတင်း အားပြောသည်။


‘‘ပြီးခဲ့တဲ့နှစ်မှာ ဆိုဟွန်း၊ ချို အာ နဲ့ ဂျီမင်း တို့က တစ်ကိုယ် တော် အနုပညာ လှုပ်ရှားမှုတွေ နဲ့ အလုပ် များနေခဲ့ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အဖွဲ့လိုက် အနု ပညာလှုပ်ရှားမှုတွေ အတွက် ကြိုး ပမ်းဆောင်ရွက်သွားမှာပါ’’ဟု ယင်း တာဝန်ရှိသူကပြောသည်။

AOA အဖွဲ့သည် အက အဖွဲ့ တစ်ဖွဲ့အဖြစ် သာမက ဂျီမင်း၊ ချိုအာ၊ ယူနာ၊ မင်နာနှင့် ယူဂျောင်းတို့ပါ ဝင်သော AOA Black အဖွဲ့ အမည်ဖြင့်  တေး သီချင်းများ ထွက်ရှိရန် အစီအစဉ်ရှိသည်။

AOA အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ တွင် ထွက်ရှိ ခဲ့သော Heart  Attackတေးအယ်လ်ဘမ်ဖြင့် အောင်မြင် မှုများရရှိထားသည်။

Ref: Soompi
http://www.searchmyanmar.com/link/frame/cid/56109

 

No comments:

Post a Comment