ရုပ်ရှင် သရုပ်ဆောင် စိုးမြတ်နန္ဒာ က လူမှုကွန်ရက် အပါ အဝင် အင်တာနက် စာမျက်နှာ များ ပေါ်တွင် အသရေ ပျက်စေရန် စော်ကား ပုတ်ခတ်ရေးသားသူ များကို ဆက်သွယ်ရေး ပုဒ်မ အရ တိုင်ကြား အရေး ယူမည်ဖြစ် ကြောင်း ၎င်း ၏ ရှေ့နေမှ တစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သရုပ်ဆောင်စိုးမြတ်နန္ဒာ နှင့်ပ တ်သက်၍ အင်တာနက် စာ မျက်နှာများပေါ်တွင် မဟုတ်မမှန် ရေးသား သူများကို ဆ ၆၆ (ဃ) အရ တိုင်ကြား အရေးယူမည်ဖြစ် ကြောင်း ၎င်း၏ ရှေ့နေ ဦးနေလ က ဒီဇင်ဘာ ၂၄ ရက်တွင် နိုင်ငံ ပိုင် သတင်းစာမှ တစ်ဆင့် ကြေ ညာခဲ့ခြင်းဖြစ်သည်။
‘‘ရုပ်ရှင် သရုပ်ဆောင် စိုး မြတ်နန္ဒာ အနေဖြင့် မိမိ အနုပညာ လုပ်ငန်းနှင့် အနုပညာ ချစ်မြတ်နိုး သူ ပရိသတ် တို့အပေါ် တစ်စုံတစ် ရာ အနှောင့်အယှက်မပေးလို သဖြင့် နှုတ်မတုံ့ပြန်ဘဲ သည်းခံခဲ့ သည်။
သို့ရာတွင် ယင်း ကိစ္စကို ပြန်လည်တုံ့ပြန်မှု မပြုခဲ့ပါလျှင် ပိုမိုကြီးမားသော ပြဿနာ များ ပေါ်ပေါက် လာနိုင်မည်ဟု ထင် မြင်သည့် အတွက် ယခုကဲ့သို့ ဥပဒေ ပညာရှင်နှင့် တိုင်ပင်ဆွေး နွေးသည့် အဆင့် သို့ ရောက်ရှိခဲ့ရ သည်’’ဟု ရှေ့နေဦးနေလ က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယခုကြေညာချက်တွင် စိုးမြတ်နန္ဒာ အနေဖြင့် ၎င်းအား အသရေ ပျက်စေရန်၊ စိတ်အနှောင့်အယှက်ဖြစ်စေ ရန် ခြိမ်းခြောက် သည့် သဘောဆောင်သော လုပ် ရပ် များကို ပြုလုပ်သူများ အား တည်ဆဲဥပဒေ အရ တရားစွဲမည်ဟုပါရှိသော်လည်း မည်သည့် အကြောင်းအရာ များဖြစ်ကြောင်း ကို မူ ဖော်ပြထားခြင်းမ ရှိပေ။
ထို့အပြင် အင်တာနက်ပေါ် ၌ သရုပ်ဆောင် စိုးမြတ်နန္ဒာနှင့် ပတ်သက်၍ မဟုတ် မမှန်ရေးသား ခဲ့သော အမည်ရင်းနှင့် အမည်ရင်း မဟုတ်သူများ ကိုလည်း စုံစမ်း သိရှိထားပြီဖြစ်၍ တရားဝင်တောင်းပန်ရန် လိုအပ်ကြောင်း ထပ်မံရေးသားထားသည်။
လွန်ခဲ့သော ငါးနှစ်ကျော်ခန့် ကလည်း စိုးမြတ်နန္ဒာ သည် ၎င်းနှင့် ပတ်သက်သည့် မဟုတ်မမှန်သော အကြောင်းအရာ ကို ရေးသားပြော ဆိုခြင်းမပြုရန် ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ခဲ့ဖူးသည်။
http://www.searchmyanmar.com/link/frame/cid/56109

No comments:
Post a Comment