Sunday, January 24, 2016

ယောက္ခမဖြစ်သူ ဒိုင်ယာနာ ရဲ့ ခြေရာနင်းမယ့် ကိတ်

မင်းသား ဟယ်ရီ ရဲ့ဇနီး ကိတ် ဟာ ပရဟိတ အလုပ်တွေ ကို ကြိုးပမ်း လုပ်ကိုင်ရင်း မင်းသမီး ဒိုင်ယာနာ နောက်တစ်ဦး ဖြစ်လာ ပါတော့မယ်။


ဟယ်ရီ ရဲ့မိခင် မင်းသမီး ဒိုင်ယာနာ ဟာ အေအိုင်ဒီအက်စ် နဲ့ မြေမြှုပ်မိုင်း အပါအဝင် လူသိပ် လက်မခံ တဲ့ ပြဿ        နာများ   အတွက် ပရဟိတ အလုပ် ကို ဇွဲနဘဲ ကြီးကြီး နဲ့ လုပ်ခဲ့တဲ့ အတွက် နာမည်ကြီးခဲ့သူပါ။

၁၉၉၇ ခုနှစ်မှာ လန်ဒန် ရှိ ဒုက္ခသည် ကလေးငယ်များ စခန်းကို သွားရောက် လည်ပတ် ခဲ့တဲ့ ဒိုင်ယာနာ

ကိတ်မစ်ဒယ်တန် ကလည်း ကလေးများ ရဲ့ စိတ် ကျန်းမာရေး ဆိုတဲ့ ရှုပ်ထွေး လှတဲ့ ပြဿ          နာကို တွယ်ဖက်ရင်း ဒိုင်ယာနာ သွားတဲ့ လမ်းကြောင်း အတိုင်း လိုက်ဖို့ ပြင်ဆင်နေပါတယ်။




၁၉၈၀ ခုနှစ်များ အတွင်းက အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်တွေ နဲ့ ပတ်သတ်ပြီး ဝေလ မင်းသမီး ဒိုင်ယာနာ လုပ်ခဲ့တဲ့ အတိုင်း ကမ်းဘရစ်မြို့စား ကတော် ကိတ် ဟာ သူမကြောင့် ဒီဖြစ်ရပ် အပေါ် သတိပြုသူ များပြား လာအောင် ပြုလုပ်နိုင်မယ် လို့ မျှော်လင့် ထားပါလိမ့်မယ်။


ပြီးခဲ့တဲ့နှစ် မေလ က မင်းသား ချားလော့တ် ကို မွေးဖွားပြီးတဲ့နောက် ခဏ အနားယူပြီးနောက် အများအကျိုးပြု လုပ်ငန်းတွေ ပြန်လုပ်နေတဲ့ ကိတ် အတွက် ဒါဟာ သိသာ ထင်ရှားတဲ့ ခြေလှမ်းတစ်ခုပါပဲ။


အသက် ၇ လ အရွယ် သမီးလေး က အန်မာဟောလ် မှာ ထားခဲ့လို့ ရနေပြီဖြစ်ပြီး အသက် ၂ နှစ် အရွယ် မင်းသား ဂျော့ဂ်ျ က ဒီလထဲမှာ ပဲ နော်ဖို့ခ် က ကလေးထိန်းကျောင်း မှာ စတက်နေပြီ ဆိုတော့ သူမ အတွက် အလုပ် ကို အာရုံစိုက်လုပ်ဖို့ အချိန် ပိုရသွားပါတယ်။

သူမ ဟာ ဖေဖော်ဝါရီ ၈ ရက် မှာ စတင်မယ့် ကလေးသူငယ်များ စိတ်ကျန်းမာရေး သီတင်းပတ် ကို ကြော်ငြာ ဖို့အတွက် ဗွီဒီယို တစ်ခု ပြုလုပ်ရင်း သူမ ရဲ့ လုပ်ငန်း ကို စတင်နေပါပြီ။



ပထမဆုံး အကြိမ် ကျင်းပ တဲ့ ၂၀၁၅ ခုနှစ် က ကလေးသူငယ် များ စိတ်ကျန်းမာရေး သီတင်းပတ် မှာ ကိတ်ရဲ့ ပါဝင်မှုက သက်ရောက်မှု အရမ်း ရှိခဲ့ပြီး သူမ ရဲ့ ထောက်ခံ အားပေးတဲ့ ဗီဒီယို ဟာ တစ်ကမ္ဘာလုံး အနှံ့ရှိ လူသန်းပေါင်းများစွာ ထံ ရောက်ရှိခဲ့တယ် လို့ ကိတ် က ပြောခဲ့ပါတယ်။



 18.01.2016
Source & Photos : Daily Mail
 http://www.searchmyanmar.com/link/frame/cid/56316

No comments:

Post a Comment