Friday, April 21, 2017

Vocal သမားတွေ ကိုယ့်ရဲ့ အဆိုသံကို ဖမ်းတဲ့အခါမှာ သတိထားရမယ့် အချက်များ


အဆိုတော်ကြီးတွေ အိမ်မှာ ကိုယ်တိုင် အဆိုသံကို ဖမ်းတဲ့ အခါမှာ အောက်က အချက်လေးတွေကိုတော့ သတိထားစေချင်တယ်။
***** Sibilance - (S နှင့် F အသံထွက်တဲ့ စကားလုံးတွေ၊ မြန်မာလို ကတော့ ကိုယ်တိုင်တွေးကြည့်လိုရပါတယ်။ ဒီ အသံထွက်တွေဟာ High Frequency တွေကို စူးရှစွာမြည်စေတဲ့ အတွက်ကြောင့် သတိထား သင့်သော အသံတွေဖြစ်တယ်။ ဒီလိုပြဿနာကြုံရင် de-esser plug in ကိုသုံးပြီး ရှင်းလို့လည်းရပါတယ်။)
***** Popping – (P နှင့် B စကားလုံးဖြင့် အသံထွက်တဲ့အခါ သို့မဟုတ် အဲဒီ စကားလုံးနှင့် ဆုံးသော အသံတွေဟာ ရုတ်တစ်ရက် စူးရှ ကျယ်လောင်စွာ မြည်တတ်တဲ့ အတွက် low frequency အသံဖြစ်တဲ့ popping အသံတွေကို ဖန်တီးတတ်တယ်။ ဖြေရှင်းနည်း ကတော့ pop filters တွေကိုသုံးရင်ရပါတယ်။)
***** Controlling Breath Sounds – (ဒါကတော့ အဆိုတော်တိုင်း သိတဲ့ အချက်ပါပဲ။ အသက်ရှူသံကိုထိန်းသိမ်းတာပါ။ ဘယ်အချိန်မှာ အသက်ရှူသင့် မရှူသင့် ဆိုတာကို ထိန်းချုပ် ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ 
တစ်ကယ် သီချင်းဆိုတတ်တဲ့ သူတွေဟာ ဒီအချက်ကို သိပ်ရှင်းပြစရာမလိုပါဘူး။)
***** Controlling Volume with Distance – (အသံ တိုးကျယ် ပမာဏာကို မိုက်ခွက်နှင့် ပါးစပ်ကြား အကွာဝေးဖြင့် ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဒါကို အရင်က post တစ်ခုမှာ ရှင်းပြပြီးပါပြီ။ မရှင်းရင်ပြန်ရှာပြီး 
ဖတ်ကြည့်ပါ။)
***** Proximity Effect – (Audio engineer တစ်ယောက်လုပ်မှာ မဟုတ်တဲ့ အတွက်ကြောင့် ဒီအချက်ကို အသေးစိတ် သိစရာမလိုပါ။ အသံလာတဲ့ နေရာဟာ မိုက်ခွက်နှင့် နီးလေလေ low end ပိုပြီး များလေလေ။ ဥပမာ - low tone ကိုကြိုက်တယ် များချင်တယ် ဆိုရင် မိုက်ခွက်နှင့် ကပ်ပြီးဆို၊ low tone လျော့ချင် တယ် ဆိုရင် မိုက်ခွက်နှင့် ကွာပြီး ဆို။ အဆိုတော် တစ်ယောက်အတွက်တော့ ဒီလောက်သိရင် လုံလောက်ပါတယ်။)







***** Foot Noise – (ခြေသံ။ ဘာကြောင့်လဲ ဆိုတော့ vocal မိုက်ခွက်တွေဟာ အရမ်း sensitive ဖြစ်လို့ပါ။ မိုက်ခွက်နားမှာ ဖြစ်ပေါ်တဲ့ အသံ အားလုံးကို ဖမ်းယူတဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ ခြေသံ မပါအောင်တော့ သတိထားသင့်တယ်။)
***** Poor Room Acoustic – (အခန်း ရဲ့ အသံပိုင်း ဆိုင်ရာ ထိန်းသိမ်းမှု မကောင်းသောကြောင့် ဖြစ် သည့်ပြဿနာပါ။ ဒါကလည်း ရှေ့က post တစ်ခုမှာ vocal အသံဖမ်းဖို့ အတွက် vocal booth အကြောင့် ကို ပြန်ရှာကြည့်ပါ။ အားလုံးသိအောင် share လိုက်ပါအုံး။)

No comments:

Post a Comment