Thursday, December 1, 2016

နှစ်ကြိမ် တိုင်တိုင် အဓမ္မကျင့် ခံခဲ့ရဖူးတဲ့ West World မင်းသမီး



ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ သာမက လိင်ပိုင်းဆိုင်ရာ ပါ အနိုင်ကျင့်စော်ကား ခံခဲ့ရကြောင်း ပြောခဲ့ပါတယ်။

HBO ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ West World ဇာတ်လမ်းတွဲ ရဲ့ ခေါင်းဆောင် မင်းသမီးဟာ တစ်ချိန်တုန်းက နှစ်ကြိမ် တိုင်တိုင် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်စော်ကားခံခဲ့ရကြောင်း အင်တာဗျူး တစ်ခုမှာ ဖြေကြား သွားခဲ့ပါတယ်။

" ကျွန်မ အဓမ္မကျင့် ခံခဲ့ရဖူးပါတယ်။ ကျွန်မ ရဲ့ ချစ်သူ နဲ့ အတူ ရှိနေတုန်းက အဓမ္မကျင့် ခံခဲ့ရဖူးတယ်။ ပြီးတော့ ဘားဆိုင်ပိုင်ရှင် တစ်ယောက် ကလည်း အဓမ္မကျင့်ခဲ့တယ်" လို့ Rolling Stone ကို အီးမေးလ်ပေးပို့ကာ ပြောကြားခဲ့တာပါ။ 


သူမ အနေနဲ့ ဆက်ပြီး တိတ်ဆိတ် မနေသင့်ဘူး လို့ ယုံကြည်တာကြောင့် မီဒီယာက တစ်ဆင့် အသိပေး လိုက် တာလည်း ဖြစ်ပါတယ်။








အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် သရုပ်ဆောင် ရေချယ်ဝုဒ် ဟာ ရုပ်သံ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရအောင်မြင်လာသူဖြစ်ပြီး လက်ရှိမှာလည်း West World သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းနဲ့ လူကြိုက် များနေပြန် ပါတယ်။ 
၂၀၁၁ ခုနှစ် အထိ လိင်တူ၊ လိင်ကွဲ နှစ်မျိုးလုံး စုံမက်သူ အဖြစ် ဝန်ခံ ထားခဲ့ဖူးသူပါ။ ၂၀၁၂ ခုနှစ်မှာ အင်္ဂလိပ် သရုပ်ဆောင် ဂျေမီဘဲလ် နဲ့ လက်ထပ် ခဲ့ကာ ၂၀၁၄ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။


Source : People
http://www.duwun.com.mm/entertainment/international-celebrity/west-world-id5824124.html


No comments:

Post a Comment