Wednesday, October 5, 2016
ခင်ပွန်းလောင်း က အက်စစ် နဲ့ မျက်နှာ ကို ပက်မှာ ကြောက်ခဲ့ရတယ် ဆိုတဲ့ လင်ဆေးလိုဟန်
လင်ဆေးလိုဟန် က ပြတ်စဲသွားပြီဖြစ်တဲ့ ခင်ပွန်းလောင်း နဲ့ ပြဿ        နာတွေ အကြီးအကျယ် တက်ခဲ့စဉ်က အကြောင်း ကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
အသက် ၃၀ နှစ် အရွယ် ဟောလိဝုဒ် မင်းသမီး နဲ့ ရုရှားသူဌေး အက်ဂါတာရာဘက်ဆော့ဗ် နဲ့ ပြင်းထန်လှတဲ့ ပြဿ       နာတွေ ဖြစ်ခဲ့ချိန်မှာ သူမ  ရဲ့မျက်နှာကို အက်ဂါက အက်စစ်  နဲ့ ပက်မှာ ကို စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။
Channel One ရုရှား ရုပ်သံ နဲ့ အင်တာဗျူးး တစ်ခုမှာ သူမ က အခုလို ပြောပြခဲ့တာပါ။
"ကျွန်မ က အိပ်ပျော်သွားချိန်မှာ သူက ကျွန်မ အိမ်ထဲကို ဖောက်ထွင်း ဝင်လာတယ်။ ကျွန်မ လည်ပင်း ကို စညှစ်တယ်" လို့ သူမ က ပြောပြပါတယ်။
အသက် ၂၃ နှစ် အရွယ် တာရာဘက်ဆော့ဗ် ကို တရားမစွဲခဲ့သလို လင်ဆေးလိုဟန် မှာလည်း ခိုင်မာတဲ့ သက်သေတွေ မပြနိုင်ခဲ့ပါဘူး။
အက်ဂါ ဟာ ဒီရုပ်သံ မေးမြန်းခန်း ကို လာမဖြေဖို့ အတွက် လင်ဆေးလိုဟန် ကို ဖုန်းနဲ့ ဆက်ပြီး တားခဲ့   တယ်လို့လည်း ကြားသိရပါတယ်။
ဒါပေမဲ့ ရုရှား စီးပွားရေးလုပ်ငန်းရှင် အက်ဂါ ဟာ ဂရိ မှာ အပန်းဖြေနေပြီး မော်စကို မှာ လင်ဆေးလိုဟန် ကို ဖုန်းဆက်ခဲ့တယ် ဆိုတာ မဟုတ်ဘူး လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။
ဒါ့အပြင် အက်ဂါ က လင်ဆေးလိုဟန် အပေါ် ဘာမှ နာကျင်အောင် မလုပ်ခဲ့ဘူး လို့လည်း ထိုလူ က ဆိုပါတယ်။
Source & Photos : Daily Mail
http://www.duwun.com.mm/entertainment/international-celebrity/-id5518405.html
No comments:
Post a Comment