Wednesday, October 26, 2016

တိုက်တန်းနစ် နဲ့ အတူ ကမ္ဘာကျော်ခဲ့တဲ့ မင်းသမီး



Titanic မင်းသား လီယိုနာဒို နဲ့ အပြင်လောကမှာလည်း သူငယ်ချင်းတွေဖြစ်တဲ့ သူမ ဟာ နာမည်ကြီး အနုပညာရှင် တော်တော် များများ နဲ့ဇာတ်လမ်း ရှိခဲ့ဖူးသူဆိုလည်း မမှားပါဘူး။


Titanic မင်းသမီးချော Kate Winslet ဟာ အင်္ဂလန်မှာမွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကကို ၁၉၉၀ နောက်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။
 ၁၉၉၇ မှာ ရုံတင်ပြသခဲ့ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့တဲ့ Titanic ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိကာ အောင်မြင်လာခဲ့ပါတယ်။
သူမဟာ အဲ့ဒီ့နောက်ပိုင်းမှာတော့ ပရိသတ်တော်တော်များများရဲ့အမာခံအားပေးမှုကို ရရှိလာခဲ့ပါတယ်။ ဒရာမာဇာတ်ရုပ်တွေသရုပ်ဆောင်ရာမှာ ပိုင်နိုင်လှသူမို့ အချစ်ဒရာမာဇာတ်ကားတွေမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ ကိတ်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ဇာတ်လမ်းတွဲအချို့မှာလည်း သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။
 The Reader ဇာတ်ကားမှာလည်း ကိတ်ရဲ့ ထူးခြားပြောင်းမြောက်တဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရပါတယ်။ အနုပညာထူးချွန်ဆုများစွာ ပိုင်ဆိုင်ထားသလို ဟောလိဝုဒ်ရဲ့ အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိတ်ဟာ ၂၀၁၄ ခုနှစ်မှာတော့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇာတ်ကား Divergent မှာ ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ဖြစ်ခဲ့ပြီး Insurgent မှာလည်း ပါဝင်ခဲ့ပါတယ်။
 Titanic မင်းသား လီယိုနာဒိုနဲ့ အပြင်လောကမှာလည်း သူငယ်ချင်းတွေဖြစ်တဲ့ သူမဟာ နာမည်ကြီး အနုပညာရှင် တော်တော်များများနဲ့ဇာတ်လမ်းရှိခဲ့ဖူးသူဆိုလည်း မမှားပါဘူး။ နာမည်ကြီးဒါရိုက်တာတွေဖြစ်တဲ့ Jim Threapleton နဲ့ ပထမအိမ်ထောင်ကျခဲ့သလို Sam Mendes နဲ့ ဒုတိယအိမ်ထောင်ပြုခဲ့သူပါ။




၂၀၁၁ ခုနှစ်မှာ ကွာရှင်းခဲ့တဲ့ ကိတ်ဟာ နာမည်ကြီး စီးပွားရေးသမား Ned Rocknroll နဲ့  ၂၀၁၂ ခုနှစ်မှာ ထပ်မံအိမ်ထောင်ပြုဖြစ်ခဲ့ကာ အခုထက်ထိ အဆင်ပြေနေဆဲလို့ဆိုပါတယ်။


http://www.duwun.com.mm/entertainment/international-celebrity/-id5658393.html

No comments:

Post a Comment