Wednesday, October 5, 2016

မြွေကိုက်ခံရသည့် မင်းသမီး ကို ကယ်တင်သည့် ဇာတ်ဝင်ခန်း ရိုက်မည့်နေရာတွင် မင်းသား မြွေကိုက်ခံရ

                                             ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ 


နှလုံးသွေးနဲ့ရေးတဲ့ ကဗ္ဗည်း ဇာတ်ကားမှ မြွေကိုက်ခံရသည့် မင်းသမီး ကို ကယ်တင်သည့် ဇာတ်ဝင်ခန်း ကို ရိုက်ကူးရမည့်နေရာတွင် ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ သည် မြွေကိုက် ခံရပြီး ဆေးကုသမှု ခံယူနေရကြောင်း မန္တလေးဆေးရုံကြီးမှ သိရသည်။

"ဇာတ်ကားထဲမှာ မင်းသမီး ပိုးထိလို့ ကျွန်တော်က အဆိပ် ကို ပါးစပ် နဲ့ စုပ်ထုတ်ပေးပြီး သေသွားမယ့် အခန်း ကိုရိုက်ရမယ့် လယ်ကွင်းထဲမှာ လမ်းလျောက်နေရင်း မင်းသမီး ပိုးမထိပဲ ကျွန်တော် တစ်ကယ် ထိသွားတာပါ"ဟု မင်းရာဇာ က ပြောကြားသည်။

အဆိုပါ ဇာတ်ဝင်ခန်း ကို မန္တလေးမြို့ အမရပူရမြို့နယ် ရှမ်းလေးကျွန်း မှ လယ်ကွင်း တစ်ခုတွင် ရိုက်ကူးနေခြင်းဖြစ်ကြောင်း သိရသည်။



မင်းရာဇာ ၏ ဘယ်ဘက်ခြေသလုံးကို ယနေ့နံနက် ၁၀ နာရီခန့် က မြွေကိုက်ခံခဲ့ရခြင်းဖြစ်ပြီး စိုးရိမ်ရခြင်း မရှိသော်လည်း နှစ်နာရီခြား တစ်ခါ သွေးစစ်နေပြီး စောင့်ကြည့်နေရဆဲဖြစ်ကြောင်း မင်းရာဇာ က ဆက် လက်ရှင်းပြသည်။


http://thevoicemyanmar.com/news/2453-mandalay


No comments:

Post a Comment