Thursday, August 25, 2016

တရားဝင် ကွာရှင်းမှု အပြီးတွင် ဖေ့စ်ဘုတ် ၌ ဇနီး ၏ ရေးသားထားမှုအား ပြန်လည်ဖြေရှင်းလိုက်တဲ့ မိုးမိုး




အဆိုတော် မိုးမိုး နဲ့ တရားဝင် ကွာရှင်းရန် ဇနီးဖြစ်သူ မဖြူသီမျိုးလွင် ရဲ့ တရားရုံး မှာ ဦးတိုက်လျှောက်ထားမှုကို သြဂုတ်လ (၂၃) ရက်နေ့က မဖြူသီမျိုးလွင် အား အနိုင် ဒီဂရီပေးလိုက်ပြီး တရားဝင် ကွာရှင်းခွင့် ရရှိသွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့   (၃)နှစ်လောက် ကတည်းက အိမ်ထောင်ရေးပြဿ        နာတွေကြောင့် တရားရုံးမှာ မိုးမိုး ရဲ့ ဇနီးသည် ဟာ ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။

ကွာရှင်းဖို့ ကိစ္စကို အဆင့်ဆင့် တရားရင်ဆိုင်ခဲ့ပြီးနောက် မနေ့ (သြဂုတ်လ ၂၃ ရက်) က တရားရုံးက ချ  မှတ်တဲ့ အနိုင်ဒီဂရီ ကို မဖြူသီမျိုးလွင် က ရရှိခဲ့ကြောင်း သူမ ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

"အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ ယောက်ျား ကို ဆက်ပြီး မပေါင်းနိုင်တော့တဲ့ အတွက် လွန်ခဲ့တဲ့ ၃နှစ် က ကွာရှင်းခွင့်တောင်းခဲ့တယ်။ ကွာရှင်းမပေးတဲ့ အတွက် အရှေ့ပိုင်းခရိုင် တရားရုံးချုပ် ကနေ ကွာရှင်းလိုမှု ကို ဦးတိုက်လျှောက်ခဲ့ပြီး တရား ရင်ဆိုင်လာတာ ဒီနေ့တော့ အမှန်တရားအတိုင်း ပြီးဆုံးသွားခဲ့ပြီ" လို့ မဖြူသီမျိုးလွင်က သူမ ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ထိုကဲ့သို့ရေးသားထားခြင်းအပေါ် တေးသံရှင် မိုးမိုး မှ သူ၏ ဖေ့စ်ဘုတ် အကောင့်တွင် ယခုလိုပဲပြန်          လည်ရေးသား ထားပါတယ် ။

" ဒီနေ့ တရားရုံးက အမိန့်ချမှတ်ပါတယ် ကွာရှင်းခွင့်ပေါ့ ကျွန်တော် ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါမှ မရေးခဲ့ဖူးပါဘူး သူ့ဘက်က စွဲချက် အကုန် ပယ်ခံရပါတယ်။ စွတ်စွဲချက် တစ်ခုမှ မမြောက် ပါဘူး ။
ဒါပေမယ့် ဆက်ပေါင်းဖို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အတွက် လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက
အမှု ကို ရုတ်သိမ်းပြီး လက်မှတ် ထိုးဖို့တောင်းဆိုခဲ့ပါတယ်။


ကလေးတွေကိုတွေ့ခွင့်တောင်းခဲ့ပါတယ်။ (အခုထိတွေ့ခွင့် မပေးပါ) ဘာပြန်ပြောလဲ ဆိုတော့....

၁။ ကလေး တစ်ယောက် အတွက် သိန်း ၁ထောင် နှစ်ယောက် အတွက် သိန်း ၂ထောင် တောင်းပါတယ်။


၂။ ပိုင်ဆိုင်တဲ့ ကားကိုလဲတောင်းပါတယ် (ကား က စုစုပေါင်း မှ ၁ စီး ပဲ ရှိတာပါ ဒါတောင် သူက ယူသွား      ပြီးရောင်းစားပြီး ပါပြီ)


၃။ ပိုင်ဆိုင်တဲ့မြေကွက် တွေ တစ်ဝက်တောင်းပါတယ်။ (အမှန်က သားတွေ အတွက် ဥထားတဲ့ မြေကွက်တစ်ကွက်ပဲ ရှိတာပါ)


စဉ်းစားသာကြည့်ပါ။ တောင်းချက်တွေက..ကျွန်တော့်မှာ ဘယ်လိုလုပ် ရှိမှာလဲ.. သိန်း၂ ထောင်တဲ့၊ ကားကလဲ သူရောင်းစားပြီးပြီ ။ ဆက်ပေါင်းနေရင်လဲ အဆင်မပြေတဲ့ အကြောင်းတွေ ကတော့
ကျွန်တော်က ရှာ မကျွေးဘူး ဆိုပြီး လိုက်ဖွတယ်။ 


အမှန်က ရသမျှ အကုန် အပ်ခဲ့တာပါ ။ စာရင်းစာအုပ် အတိအကျ ရှိပါတယ် ။ သူ့လက်ရေးနဲ့ မှတ်ထားတဲ့ စာအုပ်ပါ တစ်လ ဝင်ငွေ ၁၆ သိန်း မှ သိန်း ၅၀ ခန့် ရှိပါတယ် ။ (တစ်ပြားမှ သူ မစုမိပါ အကုန် သုံးပါတယ် ကလေးနှစ်ယောက် အတွက် နေ့ည နတ်စ်မ ငှါးတာကို က ၂ နှစ် နီးပါးပါ)

အဲဒီ စာအုပ် သက်သေပြန်ဖျက်ပေးဖို့ ,ဖျက် မပေးရင် ကျွန်တော်တို့ မိသားစု အားနည်းချက် ကို ဖြည်ချလိုက်မယ်လို့ ခြိမ်းခြောက် ပါသေးတယ်။ ဒါပေမယ့် မ ဖျက်ပေးခဲ့ပါဘူး ရအောင် တင်ခဲ့ပါတယ်။ ဒါကြောင့်လဲ အဲဒီစွဲချက် ပယ်ခံရပါတယ် ။


ပြီးတော့ ကျွန်တော်ကနှိပ်စက် သတဲ့ သူ ခက်ရင်းနဲ့ ထိုးလိုက်လို့ ကျွန်တော့် မျက်လုံးတစ်ဖက် ထိခိုက်ရတာသာရှိပါတယ်။


သူ့ဒေါသ နဲ့ သူ လက်ကျိုး တာတို့ လက်ချုပ် ရတာကိုလဲ ကျွန်တော့်ကြောင့် လို့ပြောပါတယ်။
ယုတ်စွ အဆုံး အိမ်ထောင် သက်တမ်းတလျှောက် လင်မယားခန်း မှာ သူက လုံးဝ စိတ်မပါခဲ့ပါဘူး ဆိုပြီး  လိုက်ပြောတယ်။




ရှာသမျှ ပိုက်ဆံ အကုန်သုံးဖြုန်း အိမ်ထောင့်တာဝန် မထိန်းသိမ်းတဲ့ အပြင် ကိုယ့်လင်သား ကို လူကြားထဲအရှက် တစ်ကွဲဖြစ်အောင် လုပ်နေတဲ့ မိန်းမ ကိုလဲ ဆက်ပေါင်းဖို့ အစီအစဉ် မရှိတော့ပါဘူး။


ကလေး ကိစ္စနောက်မှ ဆက်ဆောင်ရွက်မယ် ဆိုပြီး အမှု အရှုံးခံဖို့ ဆုံးဖြတ်ပါတယ်။
တစ်ယောက်တည်း ရှိတော့တဲ့ အမေ ကိုလဲ အိမ်ခွဲနေခိုင်းတာတွေ၊ အိမ်ပေါ်က အကြောင်း မရှိ အကြောင်း ရှာ အကြိမ်ကြိမ် ဆင်းသွား တာတွေ ၊ဘာဖြစ်လို့ဆင်းတာလဲသေချာမေးတော့မှ အိမ်မှာ သရဲ ရှိလို့ မနေချင်လို့ဆိုတာက ပါသေးဗျ ဒါတွေဟာဖြစ်သင့်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ 


ဒါကြောင့် ကွဲဖို့ ဆုံးဖြတ်ချက် ချလိုက်တာပါ ။ ဒါတောင် တရားသူကြီးက အမိန့် ချမှတ်ရာမှာ ......  

ဇနီးသည် အားနှိပ် စက်တယ် ဆိုတာ မခိုင်လုံ သဖြင့် ပယ်***

ရှာမကျွေးဘူး ဆိုတာ မခိုင်လုံ သဖြင့်ပယ်***


ကလေးတွေကို မစောင့်ရှောက်ဘူး ဆိုတာ မခိုင်လုံ သဖြင့်ပယ်***


အရေးအကြီးဆုံး ကတော့ အိမ်ထောင်ရေးဖောက်ပြန်တယ် ဆိုတာလဲမခိုင်လုံ သဖြင့် ပယ်ပါတယ်။******


"တရားပြိုင်မှာ ဒီလို ရာဇဝင် မရှိဘူး"လို့တောင် ထည့်ပြောပါတယ် ။ သို့သော် ကျွန်တော့်ဘက် က အရှုံးပေးထားသဖြင့် သာမာန် အိမ်ထောင်ရေးပြဿ         နာသာဖြစ်သဖြင့်  ကွာရှင်းခွင့်အား  ခွင့်ပြုသည် လို့သာအမိန့် ချပါတယ်။

အချုပ်အားဖြင့်ပြောချင်တာက ဆက်ပေါင်းဖို့ အစီအစဉ် မရှိလို့ ဒီမိန်းမ အခုနိုင်သွားတာ ကို လက်မထောင်နေတာ (တရားရုံးကပြောပြီးသား သူ့ဟာသူ ဘယ်လောက် စွဲချက် တင်တင်မှန်နေ ဦးတော့ ကျွန်တော် ကွဲခွင့် မပေးရင် ဘယ်လိုမှ ကွဲမရပါဘူး)


ပြောချင်တာက ဒီနေ့က စပြီး လူကြားထဲ ပြောချင်ရာပြောဖို့ အခွင့်အရေး ကျွန်တော် သူ့ကို ထပ်မပေးနိုင်ပါ။
အခု သူတင်ထားတဲ့ post  မှာ "အိမ်ထောင်ရေးဖောက်ပြန်သည့်ပြစ်မှု ကျူးလွန်ကြောင်း သက်သေထင်ရှားသည်"  ဆိုသည်မှာ လုံးဝ လုံးဝ မဟုတ်ပါ။


ကျွန်တော်လျှောချ လိုက်တဲ့ အတွက်သာ ဖြစ်ကြောင်း အားလုံးကိုပြောချင်ပါတယ်။ ဒါကြောင့် မဟုတ်မမှန် အရှက်ခွဲခဲ့တာ များပါပြီ ။ ဒီတစ်ကြိမ်တော့ သည်းညဉ်း မခံနိုင်တော့ပါဘူး ။
Facebook ဥပဒေအရ တရားစွဲဖို့ ပြင်ဆင်ရပါတော့မယ် " ။




Credit: duwun , moe sithu kyaw (fb)

shared by ThiThi on 24/08/16  -  phothutaw.com  -  ကျော်ကြားသူများ
http://www.searchmyanmar.com/link/comment/cid/59350#content-59350



No comments:

Post a Comment