Saturday, August 20, 2016

ချစ်သူ ရှိနေပေမယ့် အချစ်ရေး ဆိုတာ အမြဲ နံပါတ် (၂) နေရာမှာပါ လို့ ပြောလာတဲ့ သင်ဇာဝင်ကျော့်




ကားရိုက်တွေ ဆက်တိုက် ဖြစ်နေပေမယ့် ခန္ဓာကိုယ် အချိုး အစား ပိုမို လှပအောင် မနားမနေ အမြဲကြိုး  စားနေတတ်သူ ကတော့ သင်ဇာဝင်ကျော့် ပါပဲ။ 

ခုနောက်ပိုင်း သူမ ရဲ့ instagram မှာ သူမ ရဲ့ချစ်သူနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်လာ   တာကြောင့် ပရိသတ်တွေ ကတော့ ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုပြီး စိတ်ဝင်တစ်စား ပိုရှိလာကြပါတယ်။ ဒါ့ကြောင့် သင်ဇာဝင့်ကျော် နဲ့ တွေ့ဆုံခိုက် သိချင် တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ......

- ဒီနေ့ရိုက်တဲ့ ဇာတ်ကားလေး အကြောင်းကို အရင်ဆုံး ပြောပြပေးပါဦး။
သေနတ် တစ်လက် သနပ်ခါး တစ်စက် ဓားတစ်လက် နဲ့တူသော မိန်းမများ ဆိုတဲ့ ဇာတ်ကားပါ။ ကိုခန့် ပါ  မယ်၊ မိုးဟေကို နဲ့ မေမြတ်နိုး ပါမယ်။ ဒါရိုက်တာ ကတော့ ကိုစတီးလ် ပါ။ သင်ဇာ က ဒီကားထဲမှာ ဓား   တစ်လက်  နဲ့တူသော မိန်းမပေါ့နော်။

-ဒီနှစ်ထဲမှာ နောက်ထပ် ဘာကားကြီးတွေ ရိုက်ဖို့ ရှိဦးမလဲ။
ပြောထားတာတွေတော့ ရှိတယ်။ မသေချာသေးဘူး။

-တရားစခန်း လည်း ၀င်လိုက်သေးတယ်နော်။ တရားစခန်းဝင်လိုက်တဲ့ အခါမှာ ဘယ်လို စိတ်ခံစား       ချက်တွေ ဖြစ်မိလဲ။ 
တရားစခန်းဝင်ဖြစ်တာက သင်ဇာ သင်္ကြန် အပြီး အားနေတာလဲ ပါတယ်။ ပူတဲ့ အချိန် ၀င်တာ ဆိုတော့    အရမ်း  ကို ပင်ပန်းတယ်။ ပူတဲ့  အချိန် တရား  အားထုတ်ရတာ တစ်ကယ် ကို မလွယ်တဲ့ ကိစ္စပေါ့နော်။ တရားတော့ ရခဲ့ပါတယ်။ သင်ဇာ တို့က တရား ထိုင်တာ အဓိက ဆိုတော့ ကိုးပါး သီလစောင့်တယ်။ အဲ့ဒီအတွက် ကုသိုလ်ရတာပေါ့။

-ရုံပြိုင် စနစ် မဟုတ်တော့ဘဲ တန်းစီ စနစ်ဖြစ်သွားတဲ့ အပေါ် သင်ဇာ့ အမြင်လေးကို ပြောပြပေးပါဦး။ 
ရုံပြိုင် စနစ်တော့ ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်းစီပြီးစောင့်နေရတဲ့ အခါကျတော့ အခုဟာက ၂၀၁၈ အထိ ပြည့်သွားပြီ ဆိုတော့ အခုနောက်ထပ် တင်မယ့်ကားတွေ အများကြီး စောင့်ရမှာ။ အဲ့ဒီ    အခါကျတော့ အကယ်ဒမီ ပေးရင်လဲ ကားတွေ  အများကြီး ပြုံနေတဲ့ အတွက် ကောင်းတဲ့ ကားတွေ နစ်နာနိုင်တယ်။ ဒီနှစ်မှာ ဆိုရင်လည်း ရသင့်တဲ့ သူတွေ မရခဲ့ဘူး။ ကားတွေ အရမ်းများတဲ့အခါ အဲ့ဒီလို  မျိုးတွေ ဖြစ်လာနိုင်တယ်။

- ကိုယ်ကို တိုင် အတွက် အကယ်ဒမီ ဆိုရင်ရော ...။ 
ကိုယ်တိုင် အတွက်ကျတော့ လုပ်ကွက် ရှိတဲ့ ကားတွေ အများကြီး ထွက်လာမှာပါ။ ဒါပေမယ့်လဲ ကံကြမ္မာဆိုတာပြောလို့ မရဘူးပေါ့နော်။ ကိုယ် ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတာပဲ။





- အရင်ကထက် နည်းနည်း ပိုပိန်သွားသလိုပဲ။ 
ထားဝယ်မှာ ကားကြီး သွားရိုက်တာ အရမ်း ပင်ပန်းသွားလို့ ဖြစ်မယ်။ ရိုက်ရမယ့် ကျွန်း  ကို ရောက်ဖို့ တစ်ရက်ကို ကား ၄ နာရီ စီးရတယ်။ တည်းတာ က ထားဝယ်မှာ တည်းတယ်။ သွားရိုက်ရမယ့် ကျွန်း ကို မနက် အသွား ၂ နာရီ အပြန် ၂ နာရီ စီးရတယ်။ အစားအသောက် ကလည်း ရွာက ချက်တဲ့ ထမင်း ဟင်းတွေ ဆိုတော့ အဲ့ဒီ ကတည်းက ထမင်း မစားဖြစ်တော့တာ ပြန်ရောက်တဲ့ အထိပဲ။ ပြန်ရောက်တော့လဲ အားကစား ကို ဖိလုပ် လိုက်တော့ ပိန်သွားတယ်။

- အချစ်ရေး နဲ့ ပတ်သက်ပြီး တိတ်ဆိတ် ခဲ့ပေမယ့် instagram မှာ တစ်ချို့ ပုံလေးတွေ တင်လာတာတွေ့ရတယ်နော်။ 
ကိုယ့်ဟာကိုယ် အရူးထပြီး တင်တာပါ။ အဓိက ကတော့ သင်ဇာ့ အတွက် အလုပ်ရယ်၊ မိသားစုရယ်၊ ပရိသတ်ရယ် က နံပါတ် ( ၁ ) ပါပဲ။ အချစ်ရေးဆိုတာက နံပါတ် (၂) နေရာမှာပဲ ရှိပါတယ်။

- လက်ရှိ အချစ်ရေးကရော။
အးဆေးပါပဲ။

- ပရိသတ်တွေကလဲ ယူဖြစ်မလား၊ အပျိုကြီး လုပ်မလားဆိုပြီး သိချင်နေကြတယ်။ 
ဒါကတော့ ပြောလို့မရဘူး။ အပျိုကြီး လုပ်မယ်လို့ စဉ်စားထားပေမယ့် နောက်နေ့ယူချင် ယူသွားနိုင်တာပဲ ဆိုတော့ ကြိုပြီးတော့ မပြောချင်သေးဘူး။ သင်ဇာဖြစ်ချင်တာ ကတော့ မိသားစု နဲ့ပဲ တူတူနေချင်တယ်။ ဒီအလုပ် ကိုပဲ ပျော်ပျော် ရွှင်ရွှင် ဆက်လုပ်ချင်သေးတယ်။ တစ်ကယ်လို့ အိမ်ထောင် ကျသွားပြီ ဆိုရင်တောင် ဒီ အလုပ်ကို အေးဆေးဆေးဆေး လုပ်လို့ရတော့မှာ မဟုတ်ဘူး။

အိမ်ထောင်ပြုလိုက်ပြီ ဆိုကတည်းက ပရိတ်သတ် အားပေးမှု ကလည်း လျော့သွားပြီ။ အဲ့ဒီလိုလဲ သင်ဇာ     မဖြစ်ချင်သေးဘူး။ ပရိတ်သတ် အားပေးမှုကို သင်ဇာ အပြည့်အ၀ လိုချင်သေးတယ်။ အဲ့ဒီ  အတွက်ကြောင့် အိမ်ထောင် မပြုဖြစ်သေးပါဘူး။

- အိမ်ထောင်ပြုဖြစ်မယ် ဆိုရင် ဘယ်လို လူမျိုးကို အဓိက ထားပြီး ရွေးချယ်သွားမလဲ။ 
အဓိက က ပိုက်ဆံ ချမ်းသာဖို့ထက် ကိုယ့် အလုပ်ကို တစ်ကယ် နားလည် ပေးဖို့ လိုတယ်။ ယောင်္ကျား  ပီသ တဲ့ စိတ် ရှိဖို့၊ ကိုယ့်ကိုယ်တိုင် လဲ တစ်ကယ် အရည်အချင်း ရှိဖို့၊ နောက်ပြီးတော့ ကိုယ့်အပေါ်  ကို သစ္စာ ရှိပြီး တစ်ကယ်ချစ်ဖို့လည်း လိုတယ်။ ပိုက်ဆံရှိဖို့မလိုဘူး။ 

ပိုက်ဆံ ဆိုတာ ရှာလို့ရတယ်။ ပိုက်ဆံ   မရှိလည်း နေပါစေ။ ကိုယ်တိုင် အရည်အချင်း ရှိတဲ့ ယောင်္ကျားမျိုး ကိုပဲ သင်ဇာ ပိုနှစ်သက်ပါတယ်။



ခင်ဆွေသက် on 2016-06-17 11:08 
http://www.trend.com.mm/2016/06/17/interviews-9790

No comments:

Post a Comment