Sunday, July 10, 2016

ဘွာတေး သီချင်း က မင်းသမီး တစ်ယောက်ကို ရည်ရွယ်ပြီး ဆိုထားတယ် ဆိုတာ ပရိသတ်ပြောတဲ့ ထင်ကြေးပါ လို့ဖြေရှင်း လာတဲ့ Bobby Soxer



မကြာသေးခင် က မျက်လုံး ထိခိုက်ခံထားရမှုကြောင့် အနုပညာ အလုပ်တွေ ခေတ္တ ရပ်နားခဲ့တဲ့ Bobby Soxer  ဟာ ဒီလ ၆ရက်နေ့ မှာပဲ Let’s Go အဖွဲ့နဲ့အတူ နိုင်ငံ ၆ နိုင်ငံ ကို ပရိုဂရမ် သွားရိုက်ပြီလို့ သိရပါတယ်။ 

ထို ခရီးစဉ်အတွက် စိတ်လှုပ်ရှားနေသလို မရောက်ဖူးသေးတဲ့ နိုင်ငံတွေ ကို သူငယ်ချင်းတွေ နဲ့သွားရောက် လည်ပတ် ရမှာဖြစ်တဲ့ အတွက် သူမ ရဲ့ ရင်ခုန်မှု က အမြင့်ဆုံး ကို ရောက်ရှိနေတယ် လို့ သူမ က ဖွင့်ဟခဲ့ပါ တယ်။ 

လက်ရှိ မှာ ထိခိုက် ထားတဲ့ မျက်လုံး က ပြန်ကောင်းသွားပြီဖြစ်တဲ့ အတွက် ပုံမှန် အနုပညာ အလုပ်တွေ ကို ပြန်လည် လုပ်ကိုင်နေပြီဖြစ်သလို ရှိုးတွေလဲပြန်ဆိုဖြစ်နေတဲ့ Bobby Soxer ထက်ထက် ရဲ့ လက်ရှိ ဂီတ လှုပ်ရှားမှု များနဲ့ သူမလျှောက်လှမ်းလာခဲ့တဲ့ ဂီတ လမ်းကြောင်း တစ်ခုပေါ် ပြန်ငဲ့ကြည့်မိတဲ့အခါ..................


-လက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
လတ်တလော ကတော့ သမီး VeVe Music Tour အဲ့ဒါ ဆိုတယ်။ Let’s Go အဖွဲ့ ခရီးစဉ် ကပြန်လာမှ  ရှိုးဆက် ဆိုမယ်။ အမ်တီဗီ ဆက်ရိုက်ပါမယ်။

-အခု သွားမှာက နိုင်ငံတွေလဲ များတယ်။ ရက်တွေလဲကြာတယ် ဆိုတော့ အဲ့ဒီ ခရီးအတွက် ဘယ်လို စိတ်ခံစားချက်ရှိလဲ။
စိတ် ခံစားချက်က အရမ်းဝေးတဲ့နေရာတွေဖြစ်တဲ့ အတွက်တော့ စိတ် လှုပ်ရှားမှုတော့ ရှိတာပေါ့။ ပျော်ဖို့ လဲကောင်းပါတယ်။ တော်ရုံ တန်ရုံ မရောက်တဲ့နေရာတွေ ကို ကိုယ့်ဟာနဲ့ကိုယ် သွားတယ် ဆိုရင်တောင် တစ်ယောက်တည်း ပဲသွားဖြစ်မှာလေ။ အခု ကျတော့ ကိုယ်တွေ အမြဲပေါင်းသင်းနေတဲ့ သူငယ်ချင်း တစ်စု နဲ့သွားရတာ ဆိုတော့ ပျော်ဖို့ကောင်းပါတယ်။

-၂၁ အမ်တီဗီ ကရော ဘယ်လောက် ပြီးသွားပြီလဲ။
၃ ပုဒ်လောက် ကျန်သေးတယ်ရှင့်။

-စီဒီမှာ ပါဝင်တဲ့သီချင်း အရေအတွက် အားလုံးကို ရိုက်တာလား။ လျှော့တာရော ရှိဦးမလား
အကုန် မရိုက်ဘူး။ လျှော့ထားတယ်။ ၆ပုဒ်လောက်ပဲ ထည့်မှာပါ။

-ဘာလို့ ၆ပုဒ်တောင်လျှော့ပစ် လိုက်တာလဲ။
နောက် ဆိုရင် ၆ ပုဒ်တောင် ရိုက်တော့မှာ မဟုတ်ဘူးအစ်မ။ ဘာလို့လဲ ဆိုတော့ ပြောရရင် သမီးတို့တွေ အမ်တီဗီ ရိုက်ရတာ အချိန်လဲ အရမ်းကုန်တယ်။ အဓိက က အဆိုတော်ဖြစ်တဲ့ အတွက် အမ်တီဗီ ရိုက်ဖို့ အတွက် ကိုပဲ အချိန် တစ်နှစ်လောက်ပေးလိုက်ရတဲ့ အခါ သီချင်းသစ် ထွက်ဖို့အတွက် ပရိသတ် နဲ့ အချိန် တစ်နှစ်၊ တစ်နှစ်ခွဲလောက်ပြတ်နေတာမျိုး ရှိတယ်။ 

အခုခေတ် က ခိုးကူးခေတ် မဟုတ်တော့ဘူး။ Download link ခေတ်ဖြစ်တဲ့ အတွက် အမ်တီဗီ တစ်ပုဒ် တစ်ပုဒ် က ဘယ်လိုနည်းနဲ့ မှ စရိတ်ချုံ့ပြီးလဲ ရိုက်လို့မရဘူး။ စရိတ်ချုံ့ ပြီး ရိုက်လို့ရတဲ့ခေတ် မဟုတ်တော့မှန်းလဲ ပရိသတ်က သိတယ်။ အဲ့ဒီတော့ ပရိသတ် ကို ကောင်းကောင်း ကန်းကန်းလေး လဲ ရိုက်ပြချင်တဲ့ အတွက် ဖြစ် သလိုပေါ့ ပါရင်ပြီးရော ဆိုပြီးလဲ မရိုက်ပြချင်ဘူး။ ကွာလတီလျော့တယ်လေ။ 

 လက်ရှိဈေးကွက်ကို ပုံစံ တစ်မျိုးပြောင်းပြီး လုပ်ချင်တဲ့ အတွက် အမ်တီဗီ ကို သီချင်း ကုန် မရိုက်တော့ ဘူးပေါ့။ အရမ်းပေါက်တဲ့ သီချင်းတွေ ကိုပဲ အကြီးအကျယ် ရိုက်တော့မယ်။ ပရိုမို အနေနဲ့ အလကားပေး ရင်ပေး လိုက်မယ်။ နောက်ပိုင်း ဟာတွေဆို အပုဒ်တွေ အများကြီးမရိုက်တော့ဘူး။ 


 တစ်ပုဒ်ဆို တစ်ပုဒ် ၀ယ်ကြည့် ရတာနဲ့တန်အောင် ပြောရရင် အခုခေတ် ပရိသတ်ကနားလဲ လည်နေပါပြီ။ သီချင်းကုန် မပါလို့ဆိုတဲ့ ဟာတွေလဲ မဖြစ်လောက်တော့ဘူးလို့ထင်ပါတယ်။

-လောလောဆယ် ဘယ် ဒါရိုက်တာတွေ နဲ့ရိုက်ထားလဲ။
ရိုက်ထားပြီးသားဆို ဒါရိုက်တာ ကိုဝင်းလွင်ထက်၊ ကိုအောင်မြတ် ပါတယ်။ ကိုမောင်မောင်သာမြင့် ပါတယ်။ အခု ရိုက်ထားပြီးသား သုံးပုဒ် မှာပေါ့။ အပုဒ်တိုင်း နီးနီးလဲ ညီမ ပါတယ်။

-အခြား သရုပ်ဆောင်တွေ အနေနဲ့ဘယ်သူတွေ ပါဦးမလဲ။
Story မပါသေးဘူး။ အခု ရိုက်ထားပြီးသားက အဆို ကဒ်တွေ က သမီးဆို တယ်။ နောက် အက အဖွဲ့တွေ နဲ့ရိုက်ထားတယ်။ ရဲရင့်အောင်ပါမယ်။

-လျှော့မဲ့ အပုဒ်တွေကရော သိရပြီလား။
ညီမ အခု တစ်ချို့ အပုဒ်တွေကို လျှော့မယ် ဆိုပြီးဖြုတ်ထားတာမျိုး ရှိတယ်။ တစ်ချို့ အပုဒ်တွေ ကျတော့လဲ ရိုက်ထားပြီးတော့ မကြိုက် လို့မထည့်တော့ဘူး ဆိုတာတွေလဲ ရှိတယ်။ ရိုက်ထားတယ်။ ပိုက်ဆံကုန် ထား တယ်။ ငါထည့်လိုက်မယ် ဆိုပြီး မတွေးထားဘူး။ မကြိုက်ရင် မထည့်ဘူး။ အဓိက သမီး ဒီ အခွေကို ကွာလတီ ပဲကြည့်ချင် ပါတယ်။ ပြန်ရွေးဦးမယ်။ လျှော့တာ ကတော့ ၆ပုဒ်ပဲလျှော့မှာပါ။

-ဘယ်အချိန်လောက် ထွက်ဖို့မှန်းထားလဲ။
ဒီနှစ်ထဲ မှာတော့ ထွက်ဖြစ်မှာပါ။ သုံးပုဒ်ပဲ ကျန်တော့တာ ဆိုတော့လေ။ ကျန်တဲ့ သုံးပုဒ်က ကြီးကြီးကျယ် ကျယ် ရိုက်ရမဲ့ Story အကြီးကြီးတွေပါ။ ပြီးတဲ့ ဟာတွေက သီချင်း အမြူးတွေပဲ ရိုက်ထားတာပါ။ ထပ်ရိုက်မဲ့ သုံးပုဒ် ကိုတော့ မိုးတွင်းပြီးမှပဲ ရိုက်မယ်။ မိုး အခြေအနေ ကိုကြည့်ပြီးပြီးသလောက်တော့ ရိုက်ထားမှာပါ။

-အဲ့ဒီ ၂၁ အခွေ ထဲမှာ ပါတဲ့ ဘွာတေး ဆိုတဲ့သီချင်းက မင်းသမီး တစ်ယောက်ယောက် ကို ရည်ရွယ် ပြီး ရေးထားတယ်။ ဆိုထားတယ် ဆိုပြီး တစ်ချို့ကလဲပြောကြတယ်နော်။
အဲ့ဒါက ခေတ် အဆက်ဆက် သမီးတို့ အရွယ်ကလေးတွေ အကုန် လုံးပေါ့။ အရှင်းဆုံးပြောရရင် အစ်မရယ် ယေဘုယျ ခြုံရေး ထားတာပါ။ ရည်ရွယ်ချက် မရှိဘူး။ ဘယ်သူ့ကို ဆိုတဲ့ ဦးတည်ချက် မရှိဘူး။ 

ဘာလို့လဲ ဆိုတော သမီး နဲ့ က အနုပညာလောကထဲ က အားလုံးနဲ့ ခင်လဲခင် တယ်။ ပြော ရရင် ပြိုင် ဖက်တွေ ဆိုတာလဲ မရှိဘူး။ အဆိုတော် အဆိုတော် အချင်းချင်း ဆိုရင်တောင် ထင်စရာ မြင်စရာ ရှိကြမယ်။ ဒါကတော့ ပရိသတ်တွေ ရဲ့ထင်ကြေးပေါ့။ ထင်ကြေး ကတော့ ညီမလဲ ပြောရမယ် ဆိုရင် အဓိက ကတော့ သမီး ကတော့ ယေဘုယျရေးထား တာပါ။

 ပြောရမယ် ဆိုရင် သီချင်းကိုရေးလို့ကောင်းအောင်ရေးတာပါ။ သီချင်း စရေးမယ် ဆိုတော့ အဲ့ဒီ သီချင်းရဲ့ Theme ကိုစဉ်းစားတယ်။ ဖရိန် က ဘွာတေး ၊ ဘွာတေး ဆိုတဲ့ အခါ ကျတော့ တစ်ခုခု လုပ်ပြီးမှ လျော်တဲ့ပုံစံ ဆိုတာ့ ဟာသဖြစ်အောင် ဘယ်လိုရေးမလဲပေါ့။ 

သမီး ငယ်ငယ်တုန်းက အရမ်း သဘောကျတဲ့ သီချင်းတွေ ရှိတယ်။ ကို အဲ့လက်စ် တို့ဆိုထားတဲ့ ဒါရိုက်တာ သီချင်းပေါ့။ အဲ့ဒီတုန်းက ဆိုရင်လဲ အဆိုတော် ကနေ ရုပ်ရှင်ဖက် ကို ဆိုတာပေါ့။ တိုက်ခိုက် တာမျိုးလဲ မဟုတ် ပါဘူး။ ဟာသ အနေနဲ့ဟာသ အမြင်နဲ့ရေးထားတဲ့ဟာပါ။ နောက်ဆုံး ကျတော့ လုပ်ချင်တာ လုပ်ကြ တယ်။ ပြောချင်တာပြောကြတယ်။ ပြီးတော့လျော်သွားတယ် ဆိုတဲ့ ပုံစံလေးကိုရေးထားတာပါ။

-ကိုယ်က ဘာရယ် မဟုတ်ဘူး ရေးလိုက်ပေမဲ့ ပရိသတ်တွေ ကပြောကြတဲ့ အပေါ် ရုပ်ရှင်ဖက်က တစ်ချို့မင်းသမီး နဲ့ကိုယ်နဲ့ နားလည်မှု လွဲတာမျိုး၊ အထင်လွဲတာမျိုးရော ကြုံခဲ့သေးလား။
မဖြစ်ပါဘူး။ မဖြစ်ဘူး ဆိုတာ ဘယ်လိုပြောမလဲ။ ပရိသတ်ပေါ့။ ပရိသတ်က ထင်ကြေးနဲ့ပြောတာပေါ့။ ထင်ကြေးပေးတယ် ဆိုတာ ကောလဟလ ထွက်သလိုပါပဲ။ ကောလဟလ ထွက်တယ်။ ထင်ကြေးပေး တယ် ဆိုတာက လဲဖြစ်နေကြပါပဲ။

 ညီမ တို့အချင်းချင်းတွေ ကလဲ ဘာမှမဖြစ်ကြဘူးလေ။ ပြောတာ ကတော့ စုံနေတာပဲရော်။ ထိခိုက်တယ်လဲ မရှိပါဘူး။ ဘယ်လိုပြောရမလဲ။ သမီးရဲ့ ရည်ရွယ်ချက်ကလဲ ရှင်းတယ်လေ။

-ကိုယ့်ကို ချစ်တဲ့သူ ရှိတယ်။ ဝေဖန်တဲ့သူ ရှိတယ်။ ဒီ အပေါ်မှာကိုယ့်စိတ် ကို ဘယ်လိုမျိုးထားပြီး ဆက်ဆံဖြစ်လဲ။
သမီး ကတော့ ဝေဖန်တာ ဆိုရင်လဲ စိတ်ထဲ ထားသင့်တာကို ထားတယ်။ စိတ်ထဲ မထားသင့်တာကို မထား ဘူး။ သမီးစိတ် က နည်းနည်းလေးပေါ့ပေါ့ ပါးပါး ဆန်တယ်။

-မျက်လုံး အခြေအနေကရော ဘယ်လိုရှိလဲ။
မျက်လုံးက သက်သာသွားပါပြီ။

-အခုဆို အဆိုတော်ဖက်က လူတွေတော်တော် များများ သရုပ်ဆောင်နေကြပြီ။ ထက် အနေနဲ့ရော သရုပ်ဆောင်ဖို့အစီအစဉ် မရှိဘူးလား။ အရှေ့မှာ အန်ကယ်လေး နဲ့တစ်ကားပဲ ရိုက်ထားတာ ရှိတော့လေ။
အဓိက ကတော့ ညီမ ကတော့ သီချင်း ဆိုတာကိုပဲကြိုက်တယ်။ တစ်ကားတော့ ရိုက်ထားတယ်။ အန်ကယ်လေး နဲ့လေ။ ဒါပေမဲ့ နောက်ပိုင်းတော့ အခွင့်အခါ သင့်လို့ လုပ်ဖြစ်သွားရင်လဲ လုပ်ဖြစ်မယ်။ 

စကား ကိုတော့ ကုန်အောင် မပြောထားတာကောင်းပါတယ်။ လုပ်ဖြစ်သွားရင်လဲ လုပ်ဖြစ်သွားလောက် တယ်။ ဒါပေမဲ့ သေချာတာ တစ်ခုက ညီမ အချိန် မအားမလပ် နယ်ရှိုး သွားဆိုနေသလိုမျိုး နေ့တိုင်းရှုတင်၊ ရှုတင် ဆိုပြီး ဇောက်ချ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ကား တစ်လေလောက်ပေါ့။

-ဆက်လုပ်သွားမဲ့ ဂီတ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ပရိသတ် ကို ဘယ်လိုပြောပြချင်သေးလဲ။
အခု ကတော့ အလုပ်တွေပြန်လုပ်နေပြီ ဆိုတော့ အမ်တီဗီ ရိုက်မယ်။ နောက် ဒုတိယအခွေ ထွက်မယ်။ ပုံမှန် အလုပ်တွေပဲ ဆက်လုပ်ဖြစ်သွားမှာပါ။ 



http://trend.com.mm/2016/06/07/music-9699


No comments:

Post a Comment