Sunday, July 10, 2016

လက်ရှိ အချစ်ရေးက လွန်ခဲ့တဲ့ ၇နှစ် ကို ပြန်ရောက်သွားပြီိ လို့ ဖွင့်ဟလာတဲ့ ဘန်နီဖြိုး



ချစ်သူ သက်တမ်း ၇ နှစ် နီးပါးဖြတ်သန်းလာခဲ့ သလို ဖေ့စ်ဘုတ် လူမှုကွန်ယက်ပေါ် မှာ ပရိသတ် အားကျခဲ့တဲ့ စုံတွဲ တစ်တွဲ အဖြစ် လူသိများခဲ့သူကတော့ အဆိုတော် ဘန်နီဖြိုး နဲ့Make Up Artist တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ Hanna Yuri တို့ပဲဖြစ်ပါတယ်။ 

သူမ ဟာ မကြာသေးခင်ကမှ လူမှုကွန်ယက်ပေါ်မှာ Forever Young ဆိုတဲ့ အလှကုန် ပစ္စည်း ရောင်းချ မှုကြောင့် ပြသနာပေါင်းများစွာ ဖြေရှင်း ခဲ့ရသူဖြစ်ပြီး လူပေါင်းများစွာ ရဲ့ ဝေဖန်မှု နဲ့ကဲ့ရဲ့မှုကို ခံခဲ့ရသူပါ။ 

အခုဆိုရင် ၇ နှစ် နီးပါး တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး ဟာလည်း ပြီးဆုံး သွားပြီဖြစ် တဲ့ အကြောင်း အဆိုတော် ဘန်နီဖြိုး ဖက်မှ ဖွင့်ဟလာပါတယ်။ 

-အခု လက်ရှိ ဂီတ လှုပ်ရှားမှု အကြောင်းလေးကို ပြောပြပေးပါဦး။
အခုလက်ရှိ က ကျွန်တော့်ရဲ့ One men show DVD ထွက်မယ်။ ထွက်မယ်။ နဲ့ အရမ်းကြာနေတဲ့ အတွက် အဲ့ဒါလေး ထွက်ဖို့ရှိပါတယ်။ ပြီးရင်တော့ ကျွန်တော့် တတိယအခွေ ထွက်ပါမယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် က သီချင်း အသစ်ပဲ လုပ်ချင်တာဖြစ်တဲ့ အတွက်ကြောင့် တတိယ အခွေကိုပဲ အချိန်ပေးဖြစ်နေ တယ်ခင်ဗျ။ အဲ့ဒါကြောင့် ကျွန်တော့် ရဲ့ One Men Show DVD ကကြာနေတာပါ။

-One Men Show DVD က လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။
၂၀၁၄ ထဲက ပါ။ ၂ နှစ်ကျော်လောက် ရှိပြီပေါ့။ ဒီထဲ မှာတော့ ထွက်နိုင်အောင်ကြိုးစားနေတယ်။ အရမ်း ကြာနေ တဲ့ အတွက် ရအောင်လဲ ထွက်မှာပါ။

-Let’s Go ပရိုဂရမ် နဲ့လဲ နိုင်ငံခြား ခရီးစဉ်တွေ ရှိတယ်လို့သိရတယ်။ အဲ့ဒါလေးနဲ့ပတ်သက် ပြီးတော့လဲ သိချင်ပါတယ်။ ဘယ်နိုင်ငံတွေဖြစ်မလဲ။
ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီရမ် ၊ ဆွစ်စလန်၊ အီတလီ နဲ့စပိန် ပါ။ Feeling Exicted ပေါ့ဗျာ။ Let’s Go နဲ့ က ကျွန်တော်တို့သုံးနှစ်တောင် ရှိသွားပြီ။ ဘာရယ် မဟုတ်ဘူး။ ကျွန်တော်တို့သူငယ်ချင်း ခြောက်ယောက် ခရီးသွားတဲ့ ပရိုဂရမ်လေး ရိုက်ကြမယ် ဆိုပြီး စရိုက်ဖြစ်ခဲ့တာကနေစတာပေါ့။ 

ငပလီကနေ စပြီး အခုဆို ယူရုပ် ထိတောင်ရောက်သွားပြီ ဆိုတော့ပျော်ဖို့အရမ်းကောင်းပါတယ်။ ရင်လဲ ခုန်ပါတယ်။ မရောက်ဖူးသေးတဲ့ ဒေသအသစ်တစ်ခုကို သွားရမှာဖြစ်တဲ့အတွက် နောက်ထပ် အတွေ့အကြုံ သစ်တွေ၊ အမြင်သစ်တွေ အများကြီးရမယ်လို့မျှော်လင့်ပါတယ်။

-အဲ့ဒီ ခရီးစဉ် အတွက်ရော ဘယ်လိုမျိုးလေးပြင်ဆင်ထားလဲ။
အဓိက က အနွေးထည်တွေပေါ့။ သူတို့ဆီမှာ က နွေရာသီ ဆိုပေမဲ့ သူတို့ရဲ့ အပူဆုံး က နှစ် ဆယ်လောက် ပဲဖြစ်တဲ့ အတွက်ကြောင့် ဂျက်ကတ်တွေ ထည့်လာဖို့ အတွက် ဟိုက လူတွေကမှာကြပါတယ်။ 

အဲ့ဒီတော့ အင်္ကျီ ထည့်ဖို့တွေ၊ နောက်သွားမဲ့ နေရာတွေ ကို ကြိုပြီးလေ့လာရတာ မျိုးတွေရှိတယ်။ အဲ့ဒီနေ့ မှာ အဲ့ဒီနေရာ ရဲ့ သမိုင်းကြောင်း အနည်းအကျဉ်းကို လေ့လာသင့် သလောက်တော့ လေ့လာထားပါတယ်။

-တတိယ အခွေကရော ဘယ်လောက်ပြီးနေပြီလဲ။
တော်တော် များများတော့ပြီးနေပါပြီ။ ဒါပေမဲ့ ကျွန်တော် ကတော့ ထုံးစံ အတိုင်းပဲ အနားနီးမှကြေညာပါ့မယ်။ Featuring တွေ ကတော့ ကျွန်တော်နဲ့အတူတူ လက်တွဲ လုပ်နေကြဖြစ်တဲ့ Frenzo က သူငယ်ချင်းတွေ ပါ ပါမယ်။


 
-တတိယ အခွေက အရင်သီချင်းတွေ နဲ့ဘယ်လိုကွာခြားသွားမလဲ။
အကုန် ကွာခြားသွားမယ်။ လာမဲ့ တတိယ အခွေဟာ အခု လက်ရှိသီချင်းတွေပြီး သလောက်တော့ ကျွန်တော် အကြိုက်ဆုံး အခွေဖြစ်ပါတယ်။

-သီချင်းသစ် မထွက်တာရော ဘယ်လောက်ကြာနေပြီလဲ။
ကျွန်တော်တို့ အနေနဲ့ သီချင်းသစ် မထွက်တာတော်တော်ကြာသွားပြီဗျ။ ရန်ကုန်မှာ လဲ ရှိုး မဆိုဖြစ်ဘူး။ စိုင်းစိုင်း မွေးနေ့ရှိုးက လွဲလို့ ရန်ကုန်ရှိုး မဆိုဖြစ်တာ တစ်နှစ်လောက်တောင် ရှိနေပါပြီ။ နောက်ပိုင်းဆိုရင် လဲ သီချင်း သစ်တွေရော ရှိုးတွေရော တောက်လျှောက် လာဖို့အစီအစဉ်ရှိပါတယ်။

-သီချင်းသစ် မထွက်တဲ့ အချိန်မှာ ပရိသတ်တွေ ကလဲ အစ်ကိုတို့ ရဲ့သီချင်းတွေကိုမျှော်လင့်ကြတယ်။ နားထောင်ချင်ကြတယ်။ ရှိုးတွေမှာ ဆိုရင်လဲ သီချင်းဟောင်းတွေက ထပ်နေပြီဆိုတော့ ဒါနဲ့ပတ် သက် ပြီး ပရိသတ်တွေ အတွက်ဘယ်လိုမျိုးလေး စဉ်းစားထားပေးလဲ။
အဲ့ဒါကြောင့်မို့လဲ ကျွန်တော်တို့ ရန်ကုန်မှာ ရှိုး သိပ် မဆိုဖြစ်တာပါ။ ဆိုစရာ သီချင်းအသစ် ကလဲ မရှိသေး သလို တောက်လျှောက် ဆိုလာတဲ့ ရှိုးတွေကလဲ အရမ်း များလာပြီဖြစ်တဲ့ အတွက် ရန်ကုန်ရှိုးကို နားပြီး သီချင်း သစ်တွေကို အာရုံစိုက်ပြီးလုပ်ဖြစ်နေပါတယ်။ 

frenzo production က ထွက်မဲ့ WTF ဆိုတဲ့ အခွေ ကတော့ လာမဲ့ သြဂုတ်မှာ ထွက်ပါမယ်။ ကျွန်တော်ရယ်၊ စိုင်းစိုင်းရယ်၊ Snare ရယ်၊ G Fatt ရယ် က မိန်းပေါ့။ နောက် သူငယ်ချင်း အဆိုတော်တွေလဲ ပါပါမယ်။ ကျွန်တော် တို့အားလုံး တစ်ယောက် ကို ၃ပုဒ် စီလောက်ရွေးထားကြပါတယ်။ ဒါပေမဲ့သီချင်းတွေက များနေ တဲ့အတွက် ပြန်ရွေးမှာပါ။

-အရှေ့မှာလဲ Frenzo နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေ ၊ ပြည်ပဖျော်ဖြေပွဲတွေ အများကြီး သွားခဲ့ တာတွေ့ရတယ်။ အတွေ့ အကြုံတွေနဲ့ မကြာသေးခင် ကမှ ဖျော်ဖြေပြီးပြန်လာ တဲ့ စင်ကာပူရှိုး အကြောင်းကိုလဲပြောပြပေးပါဦး။
ကျွန်တော်တို့ Frenzo အနေ နဲ့ နိုင်ငံတစ်ကာ  ရှိုးတွေ အများကြီးသွားဖြစ်တယ်။ ဒီနှစ် ထဲမှာရော အရင်နှစ်တွေ ထဲ ကရော စင်ကာပူ ကတော့ ဒီတစ်ခေါက် သွားတာ ဒုတိယမြောက် သွားဖျော်ဖြေဖြစ် တဲ့နိုင်ငံပေါ့။ ပထမ တစ်ခေါက်ကထက်ကိုပျော်ဖို့ကောင်းပါတယ်။ လူတွေလဲ အရမ်းများတယ်။ ဒီနှစ်ပွဲ ကတော့ စီးပွားရေး အရရော အနုပညာ အရရော အောင်မြင်တဲ့ ပွဲတစ်ပွဲ လို့ပြောလို့ရပါတယ်။

-Charm ဇာတ်လမ်းတွဲ ဒုတိယပိုင်း ကိုရော ဘယ်တော့လောက် စရိုက်ဖြစ်မလဲ၊ ပထမပိုင်း ကိုလဲ ပရိသတ်တော်တော် များများ အားပေးကြတယ် ဆိုတော့လေ။
သြဂုတ်မှာ စရိုက် ပါမယ်။ ကျွန်တော် က သရုပ်ဆောင် နဲ့ပတ်သက် လို့လုံးဝအသစ် တစ်ယောက်ဖြစ် ပါ တယ် ။ အဲ့ဒီ အတွက်ကြောင့် ခွင့်လွှတ်ပြီး နားလည်ပြီးကြည့်ပေးကြတဲ့ သူတွေ ကို ကျေးဇူး အများကြီးတင် ပါတယ်။ ပရိသတ်တွေ ကြည့်ရှုတဲ့ နှုန်း တက်လာလို့သာ ဒီဇာတ်လမ်းတွဲ ကို ဆက်ပြီး အလုပ်လုပ်ခွင့်ရ တာပါ။ အဲ့ဒါကြောင့် ပရိသတ်တွေအယောက်တိုင်းအယောက်တိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

-ဒီ ဇာတ်လမ်းတွဲ နဲ့ပတ်သက်ပြီး B Army ပရိသတ်တွေ ဆို ပိုပြီး အားပေးကြတယ် ဆိုတော့ သူတို့ကိုရော ဘာများပြောချင်ပါသလဲ။
ကျွန်တော့် ရဲ့ ပရိသတ် အယောက်တိုင်း အယောက်တိုင်း ဟာ B Army ဖြစ်ပါတယ်။ B Army အယောက် တိုင်း အယောက်တိုင်း ကို လဲ ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့အားပေးလို့လဲ ကျွန်တော်က သီချင်း ဆိုခွင့်ရတဲ့ ဘန်နီဖြိုးဖြစ်ခွင့် ရခဲ့ပြီးပါပြီ။ အခုသူတို့ထက်အားပေးခဲ့ လို့ သရုပ်ဆောင်ပါလုပ်ခွင့်ရတယ်။ Charm အနေနဲ့လဲ ရပ်တည်ခွင့် ရတယ်။ သူတို့တွေက ကျွန်တော့ ဘ၀အတွက် အရမ်း အရေးပါပါတယ်။

-အစ်ကို့ ရဲ့ အမာခံ ပရိသတ်တွေ ကတော့ အားပေးပေမဲ့ အဆိုတော် ဖက်က လာတဲ့သူ တစ်ယောက်ဖြစ် တဲ့ အတွက် အစ်ကို့ သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး တစ်ချို့ကျတော့ လဲ ဝေဖန်ကြ တယ်။ ဒီဝေဖန်မှု အပေါ်မှာရော ဘယ်လိုမျိုးလေးပြင်ဆင်သွားမလဲ။ ဘယ်လိုမျိုးလေးသုံးသပ်မိလဲ။
ဝေဖန်ပေးတယ် ဆိုတာက လူ တစ်ယောက် ကို ကောင်းစေချင်တဲ့  စိတ် နဲ့အလေးထားတဲ့ စိတ် နဲ့ဝေ ဖန်ပေး တာပေါ့။ သူတို့ရဲ့ မအားတဲ့ ကြားထဲနေ ကျွန်တော်တို့ကားလေး ကို အချိန်ပေးပြီးကြည့်ရှုပေး တယ် ။ ဝေဖန်ပေးတဲ့ အတွက်အများကြီးလေးစား ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။ 

ကျွန်တော် ဟာ အသစ် တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော် မလုပ်တတ်တဲ့ အရာတွေကို အခုမှ စပြီး သင်ယူပြီးတော့ လုပ်နေရတဲ့ လူ တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ လိုအပ်ချက်တွေ ကို နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်လဲ အကောင်းဆုံး ကြိုးစားပါ့မယ်။

 သူတို့ရဲ့ ဝေဖန်မှုတွေ အားလုံး ကိုလဲ ကျွန်တော်တို့နားထောင်ပါတယ်။ ကျွန်တော်တို့ ကို Fan Page ကနေ လာပြောတဲ့ ဟာတွေ ကို Reply မပြန်သည့်တိုင်အောင် အားလုံးကို ဖတ်ပါတယ်။ တလေး တစားနဲ့နာယူ ပါတယ်။

-Charm ဇာတ်လမ်းတွဲလေး က အခုဆို အစ်ကို နဲ့အဆင်ပြေတယ် ဆိုတော့ နောက်ပိုင်း မှာရော ဗီဒီယို နဲ့ရုပ်ရှင် ဖက် ကို ကူးဖို့ ရှိဦးမလား။
လောလော ဆယ်တော့ မရှိပါဘူး။ ကျွန်တော်က သီချင်းဆိုတာကို ပဲ အဓိက အားသန်တဲ့သူဖြစ်တဲ့ အတွက် သီချင်းပဲ အဓိက ဆိုဖြစ်မှာပါ။

-အဲ့ဒါဆို Charm 2 ပြီးရင် ကားရိုက်ပိုင်း က ရပ်လိုက်မှာလား။
ကျွန်တော်က ဘာအလုပ်ပဲ လုပ်လုပ် ကျွန်တော်ယုံကြည်တဲ့ သူတွေနဲ့ပဲ ပေါင်းသင်းပြီး လုပ်လေ့လုပ်ထ ရှိပါ တယ်။ အဲ့ဒါကြောင့် ကျွန်တော် ယုံကြည်တဲ့ သူတွေနဲ့ပဲပေါင်းသင်းပြီး လုပ်ခွင့်ရမယ် ဆိုရင် ကျွန်တော် ထပ်ပြီးတော့ ဘာပဲဖြစ်ဖြစ် လုပ်သင့်တဲ့အရာဆိုရင်ထပ်ပြီးတော့လုပ်ပါမယ်။

-Charm ဇာတ်လမ်းတွဲ နဲ့ပတ်သက်ပြီးတော့ရော ထွက်ရှိတော့မဲ့ သီချင်းအသစ်တွေ နဲ့ပတ် သက် ပြီးတော့ရော ပရိသတ်ကို ဘာများပြောချင်ပါသလဲ။
ကျွန်တော်ဘာပဲ လုပ်လုပ်ကျွန်တော့်ဖက်က ရပ်တည်ပြီးအားပေးပေးတဲ့ ပရိသတ်တွေ ရှိနေတဲ့ အတွက်ကြောင့် မို့လို့အလုပ်တွေဆက်လုပ်နေနိုင် တာပါ။ အဲ့ဒီ အတွက်ကြောင့်ကျေးဇူး အများကြီး တင်ပါ တယ်။ ဆက်ပြီးတော့ ရပ်တည်ပေး ဖို့လဲပြောချင်ပါတယ်။ 

ဆက်ပြီးတော့လဲ သီချင်း ဆိုတာဖြစ်ပါစေ၊ သရုပ်ဆောင်တာဖြစ်ပါစေ ဘာတွေပဲဖြစ်ဖြစ် အကောင်း ဆုံးဖြစ်အောင် ကြိုးစား သွားပါမယ်။ ကျွန်တော့ကို ယုံကြည်ပေးတဲ့အတွက်ကြောင့် မျက်နှာမငယ်စေရပါဘူး။ စိတ်မပျက်စေရပါဘူး။

-လက်ရှိ အချစ်ရေး ကရော ဘယ်လိုမျိုးဖြစ်သွားပြီလဲ။
လက်ရှိ အချစ်ရေးကတော့ လွန်ခဲ့တဲ့ ခုနစ်နှစ် ကိုပြန်ရောက်သွား ပါပြီ။ ကျွန်တော့် မှာ သီချင်းရယ်၊ ကျွန်တော့် သူငယ်ချင်းရယ်၊ ကျွန်တော့် ပရိသတ်ရယ်ပဲ ရှိပါတော့တယ်။

-အဲ့ဒါဆို  တစ်ယောက်တည်းဖြစ်သွားပြီပေါ့။
အေးပေါ့ဗျာ။ ခုကျွန်တော် လုံးဝ Single ပါ။


http://trend.com.mm/2016/06/03/music-9677


No comments:

Post a Comment