Sunday, July 10, 2016

အနုပညာရှင်တစ်ယောက်ဆိုပေမယ့် ပုန်းလျှိုး ကွယ်လျှိုး နေရတာမျိုး မကြိုက်တဲ့ အကြောင်း ဖွင့်ဟလာတဲ့ အောင်ထက်


သီချင်းဆိုပြိုင်ပွဲ အစီအစဉ်တွေ ဖြစ်တဲ့ ဆိုကြမယ် ပျော်ကြမယ်၊ ဂီတ တံခါးလေး ဖွင့်ပါဦး ၊ သံစဉ် လမ်းက လင်းလက်ကြယ်၊ ဆိုလိုက်ကြစို့၊ Myanmar Super Star အပြင် အိပ်မက် ဆုံရာ ရာသက်ပန် အစီအစဉ် မှာပါ ပါဝင် ယှဉ်ပြိုင်ရင်း ဆုတွေ အရယူခဲ့သူ ကတော့ အောင်ထက်ပါ။

 အောင်ထက် ဟာ ဟေး မိတ်ဆွေ ဆိုတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ် ကို မတ်လ မှာ ထွက်ရှိထားပြီး လက်ရှိ မှာတော့ အမ်တီဗီ ရိုက်ကူး ဖို့ပြင်ဆင်နေတယ်  လို့သိရပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေ နဲ့လဲ အုပ်စုလိုက် အခွေ ၂ ခွေပြင်ဆင်နေပြီး နယ်ရှိုးတွေပြည်ပ ရှိုးတွေ ရန်ကုန် ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေ တဲ့ အောင်ထက် ကို ဂီတရေးရာ အကြောင်းများကို မေးမြန်းဖြစ်တဲ့အခါ.........................

-လက်ရှိ ဂီတ လှုပ်ရှားမှု အနေနဲ့ ဘာတွေ လုပ်ဖြစ်နေလဲ။
လက်ရှိတော့ ဟေး မိတ်ဆက် အခွေ ကို လဲ အမ်တီဗီ ရိုက်ဖို့အတွက် စပြီးပြင်ဆင်နေပြီ။ ပြီးတော့ သူငယ်ချင်းတွေ နဲ့အတူတူ ထွက်မဲ့ အခွေ ၂ အခွေ အတွက်လဲ သီချင်းတွေပြင်ဆင်နေတယ်။ 

ပြီးတော့ မြူးဇစ် နဲ့ပတ်သက်တဲ့ သင်တန်းတွေလဲ တက်နေတယ်။ ကြော်ငြာ သီချင်းလေးတွေ ဆိုပေးဖြစ် တယ်။ ကြိုးစားဆဲ လူငယ်တွေနဲ့ဝင်ကူဆိုပေးနေတာမျိုးလေးတွေလဲ လုပ်နေတယ်။ တခြားရှိုးတွေလဲ လက်ခံ ထားတာရှိပါတယ်။

-ဟေး မိတ်ဆွေ အခွေရဲ့ ပရိသတ် အားပေးမှု အခြေအနေက ဘယ်လိုမျိုးရှိလဲ။
ဟုတ်ကဲ့။ အသိအမှတ်ပြုမှု ကို ခံရပါတယ်။ သူတို့ရဲ့ အကြံပေးမှုက လွဲလို့ နောက် တစ်ခွေကျ ရင် နောက် တစ်မျိုးလေး လုပ်ပါလား ဆိုတာက လွဲလို့ တစ်ခြား ဘာမှ မရှိပါဘူး။ အခွေ အတွက် စိတ်ကျေနပ် စရာကောင်း တယ် လို့ပြောရမှာပေါ့။ အားပေးမှုရတယ်ပေါ့။

-ဟေး မိတ်ဆွေ  အခွေထဲမှာ ပရိသတ် အားပေးခဲ့တဲ့ သီချင်းတွေ ကရော ဘယ် သီချင်းတွေဖြစ်မလဲ။
တစ်ယောက် တစ်မျိုး စီပေါ့။ သီချင်း တစ်ပုဒ်စီ မှာလဲ ခံစားမှု တစ်မျိုးစီ ပါတယ်။ ဟေး  မိတ်ဆွေ၊ ကိုယ့်ချစ်သူ၊ အချစ်တေး ကဗျာ၊ ရွက်ကျပင်၊ မနေနိုင်ဘူး။ အများကြီး ပဲပေါ့။ အချစ်သီချင်း နဲ့အလွမ်း အဆွေး သီချင်းလေးတွေ ပိုကြိုက်ကြတယ်။



-သူငယ်ချင်းတွေ နဲ့လုပ်နေတဲ့ အခွေအကြောင်းလေးတွေ နဲ့လဲ မိတ်ဆက်ပေး ပါဦး။
၂ခွေ လုပ်နေတယ်။ တစ်ခွေ က အိပ်မက်ဆုံရာ ရာသက်ပန်မှာ ဆုရ ခဲ့တဲ့ ပ ၊ ဒု ၊ တ သုံးယောက် ကို Forever BEC က ထုတ်ပေး တာပေါ့။ ပထမဆု က ၅ ပုဒ်ခွဲ၊ ဒုတိယဆု က ၃ ပုဒ်ခွဲ ၊ တတိယ ရတဲ့သူ က ၃ ပုဒ်ပေါ့။ လုပ်တာ က ပြိုင်ပွဲပြီး သိပ် မကြာဘူး စလုပ်ဖြစ်တယ်။ သီချင်းတွေ စအပ်တယ်။ 

ဆရာ သုံးယောက် ရဲ့သီချင်းတွေ ပါမယ်။ ပြီးတော့ တစ်ခြား အပြင်ကတေးရေးတွေ လဲ ပါတယ်။ ဦးညီသွင်၊ ဦးရယ်ဂျီ ၊ ကိုစလိုင်း အများကြီးပဲပေါ့။ နောက်တစ်ခွေ က လုပ်နေတာ ၆နှစ်လောက် ရှိပြီ။ ကျွန်တော် ဆု မရခင် ကတည်းကပေါ့။ 

အစ ကတော့ ကျွန်တော် မပါဘူး။ အခု ဆုရပြီးမှ ကျွန်တော်ပါ ပါတာပေါ့။ အခွေ နာမည်လေးက SALT တဲ့။ ဗီစီဒီ ပါ တစ်ခါတည်း ထွက်မှာပါ။ ကျွန်တော်ရယ်၊ လီရိုဘိုဘို၊ စောဖြိုးဝေကျော်၊ နောက်သော်ကြီးရယ်ပါ။ ကျွန်တော်တို့ နာမည် အစ စာလုံးလေးတွေ ကို အခွေ Title အနေ နဲ့ပေးဖြစ်ခဲ့ တာပါ။ ဒီ အခွေမှာ အားလုံး က ကိုယ်တိုင်ရေး ကိုယ်တိုင် ဆိုတွေကြီးပါပဲ။

-ရှိုးတွေ အနေနဲ့လက်ခံ ထားတာဘာများ ရှိမလဲ။
ဒီလ ထဲ မှာတော့ ရန်ကုန် မှာပဲ ရှိမယ်။ နောက်လ ထဲ မှာတော့ ကျွန်တော် နယ်လဲ ရှိမယ်။ နိုင်ငံခြား ခရီးစဉ် လဲရှိမယ်။ စင်ကာပူပေါ့။ အဲ့ဒီကို သွားရမယ်။ ကျွန်တော်ရယ်၊ ကိုဇော်ပိုင်၊ မဆုန်သင်း၊ ကို ဟက်ကတ် ၊ နောက် ကယ်ရိုလိုင်း ၊ ကိုသောမတ်စ် လဲ ပါမယ်။ ကယားပြည်နယ်  အတွက် ရန်ပုံငွေ ပွဲပါ။ ၂၅ ရက်နေ့ သွားမယ်။ ၂၆ က ပွဲပေါ့။ ၂၇ ဆိုပြန်လာ ပါမယ်။ ထွက်ထားတဲ့ အခွေထဲက သီချင်းတော်တော် များများဖျော်ဖြေဖြစ် ပါမယ်။

-စပြီးပြိုင်ပွဲ ၀င်ကတည်းကနေ ခုချိန်မှာ ပရိသတ်အားပေးမှု အပေါ် စိတ်ကျေနပ်မှု အတိုင်းအတာ ဘယ်လောက်ထိ ရှိမလဲ။
စိတ်ကျေနပ်မှု အပြည့်အ၀ ရှိတယ်။ ကျွန်တော့် အပေါ်အားပေးကြတဲ့သူ တော်တော် များများက သီချင်း ဆို တာ ကို သဘောကျပြီး အားပေးကြတဲ့ သူတော်တော် များများရှိတယ်။ ပြီးတော့ ကျွန်တော့်ကို ချစ်ပြီးတော့ ပုံမှန် အားပေးမှုထက် ပိုတဲ့ အားပေးမှုတွေလဲရှိတယ်။ အများကြီးပါပဲ။ သီချင်းကိုကြိုက်လို့အားပေး တာလဲ ရှိတယ်။ အစုံပါပဲ။ သေချာတာ ကတော့ သီချင်း ကို ခံစားပြီး အားပေးကြတာ ပိုများပါတယ်။

-သီချင်း ဆိုတာ အပြင် တစ်ခြား ဘာတွေရော လေ့လာဖြစ်သေးလဲ။
မြူးဇစ် နဲ့ပတ်သက်တဲ့လေ့လာမှု မျိုးတွေလုပ်ဖြစ်တယ်။ ပွဲလဲ အများကြီး လက်မခံဖြစ်တော့ ဘူး။ လေ့လာမှု ဖက် ကိုပဲ အာရုံပြန်စိုက်နေတယ်။ စန္ဒရားတီးတာ၊ တယောတီးတာ ၊ Piano တီးတာတွေကိုလေ့လာနေတယ်။ တူရိယာနဲ့ပတ်သက်တာမှန်သမျှကျွန်တော်သဘောကျတယ်။ ကြိုက်တယ်။ လေ့လာဖြစ်တယ်ပေါ့။

-ပြိုင်ပွဲ ကနေ ဂီတလောက ထဲကို ရောက်လာတဲ့သူဖြစ်တဲ့ အတွက် ပရိသတ် လက် ခံပြီးအောင်မြင် တဲ့နေရာတစ်ခု ကို ရရှိတဲ့ အခါ အဲ့ဒီနေရာ က အစ်ကိုနဲ့ရော အံဝင်ခွင်ကျဖြစ်ရဲ့လား။
တစ်သားတည်းဖြစ်ပါတယ်။ အနုပညာရှင် ဆိုတာလဲ လူပဲလေ။ ဒါပေမဲ့ အနုပညာ အလုပ် လုပ်နေ လို့သာ ပုံမှန် အလုပ် လုပ်တဲ့ သူနဲ့မတူ တာပေါ့။ အနုပညာ အလုပ် လုပ်တဲ့ အတွက် အနုပညာရှင်ဖြစ်တယ်။ ကျွန်တော့်အမြင် ကတော့ အားလုံးက အတူတူပါပဲ။

-ဒီလောက ရဲ့ ဝေဖန်မှု နဲ့ ကောလာဟလတွေ ကြားထဲမှာ ကိုယ့်စိတ်ကိုဘယ်လိုထားပြီးနေဖြစ်လဲ။
အနုပညာ အလုပ် လုပ်တယ် ဆိုတာ ပုံမှန် အလုပ်လုပ်တဲ့သူ ထက်တော့ ပိုပြီး ထင်ထင်ပေါ်ပေါ် ရှိတယ်။ အဲ့ဒီ အခါကျတော့ တစ်ခုခု လုပ်တယ် ဆိုရင်သေးသေးလေး လုပ်တာက အစ အားလုံးမြင် သာ တယ်လေ။ 

 ကောလာဟလ ဆိုတာမျိုး ကလဲ ရှိမှာပဲ။ အဲ့ဒီအပေါ်မှာ ဘာမှ မရှိဘူး။ အနုပညာ အလုပ် လုပ်ပြီ ဆိုပြီး လူ မမြင် သူမမြင် တာမျိုးလဲ မလုပ်ခဲ့ဘူး။ နေလဲ မနေတတ်ဘူး။ ကျွန်တော့်မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ လက္ဘ်ရည်ဆိုင် ထိုင်ရင်ထိုင်မယ်။ ပေါ့ပေါ့ ပါးပါး သွားလာရင်လဲ သွားလာနေမယ်။ တစ်ခြား  ဘာမှတော့ မရှိဘူး။ 

အဲ့ဒီလိုနေမှ ပဲ တန်တယ် လို့ထင်တယ်။ လူ့ဘ၀နေရတာ တန်တယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ် နဲ့လဲ ၀မ်းစာ ရှာခွင့် ရတယ်။ ပြီးတော့ ကိုယ်ကိုတိုင် လဲ ဒီ အလုပ် လုပ်ရတာပျော်တယ်။ ပုန်းလျှိုး ကွယ်လျှိုး နဲ့နေရတာကို မနေတတ်ဘူး။ နေလဲ မနေချင်ဘူး။ အဲ့ဒီလို မနေတတ်တဲ့ အတွက်သေချာတာ တစ်ခုက ကျွန်တော့်ကို အပြင် မှာ ခဏခဏတွေ့ရမယ်။ ကောလာဟလတွေ လဲ အများကြီးရှိမယ်။

 ပုံမှန် လူတစ်ယောက် လိုပဲနေထိုင်တဲ့ အတွက် အရင် သွားလာနေသလိုပဲ သွားလာနေ တာဖြစ်တဲ့ အတွက် ကော လာဟလ ကတော့ထွက်နိုင်တယ်။ မိန်းကလေး၊ ယောကျာ်းလေး စသဖြင့်ပေါ့။ သူတို့တွေ နဲ့သွားလာတာမျိုး ရှိမယ်။ ဘာမှ မဟုတ်တာတော့ ကျွန်တော်ပဲ သိတယ်။

 ဘေး ကတော့ အမြင် နဲ့ပြောကြ ဆိုကြတာမျိုး ဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ အပြော မခံချင်ရင် သီချင်း ဆိုတဲ့ အချိန်ပဲ ထွက်ဆိုပြီး ကျန်တဲ့ အချိန်ကျ တိတ်တိတ် ဆိတ်ဆိတ်နေရမှာပေါ့။ အဲ့ဒီလိုမျိုး ကျတော့လဲ ကျွန်တော် မနေတတ်ဘူး။ တစ်သက်လုံး က လူ အများစုကြားထဲ မှာနေလာတာ ဆိုတော့ တစ်ယောက် တည်းမနေတတ်ဘူးဗျ။ ပျင်းတယ်။

-အားပေးနေဆဲ ပရိသတ်တွေ ကိုရော အစ်ကို ထွက်ရှိဦးမဲ့ အခွေတွေ နဲ့ ပတ်သက်ပြီး ဘယ် လိုပြောပြ ချင်လဲ။
သူငယ်ချင်းတွေ နဲ့ထွက်မဲ့ အခွေတွေလဲ ရှိပါတယ်။ အားလုံးက အသစ်ဆိုပေမဲ့ သေချာကြိုးစားထားကြတဲ့ အတွက် ကျွန်တော်နဲ့တူတူ သူငယ်ချင်းတွေရဲ့ကြိုးစား အားထုတ်မှု ကို အသိအမှတ်ပြုပေး ဖို့မျှော်လင့် ပါတယ်။ အားလုံး ခံစားရတဲ့ အတိုင်း အသိအမှတ်ပြုပေးကြပါ လို့ပြောချင်ပါတယ်။

 http://trend.com.mm/2016/05/27/music-9618

No comments:

Post a Comment