Sunday, June 12, 2016

သရုပ်ဆောင်လောက မှ ခဏ အနားယူမယ့် သက်မွန်မြင့်

သက်မွန်မြင့်
သက်မွန်မြင့် နဲ့ သားဦးလေး အားချစ် (ဓာတ်ပုံ- သက်မွန်မြင့် ဖေ့စ်ဘုတ် မှ)


ပျော်ရွင်စရာ မိသားစု ဘဝလေး ကနေ ပျော်ရွင်စရာ မိသားစုကြီး အဖြစ်ပြောင်းလဲပြီး ကလေးနှစ်ယောက် တို့ ရဲ့ မေမေ ဖြစ်လာတော့မယ့် အကယ်ဒမီ ဆုရှင် သရုပ်ဆောင် သက်မွန်မြင့် က ဒုတိယ ကလေးလေး အတွက် အတိုင်း မသိ ဝမ်းသာနေပါတယ် လို့ ဆိုပါတယ်။


“အစ ကတည်းက သက်မွန် က သားလေး ကို တစ်ယောက်တည်း မဖြစ်စေချင်ဘူး။ သက်မွန် ကိုယ်တိုင် က တစ်ယောက်တည်း နေရတာ များတော့ အထီးကျန်တယ် လို့ ခံစားရတယ်။ အဲ့ဒီလို ခံစားမှုမျိုးကို မကြိုက်ဘူး။ အဲ့ဒီ အတွက် ကိုယ့်ကလေးကိုလည်း အဲ့ဒီလို မဖြစ်ချင်ဘူးပေါ့နော်။ 

ကိုယ်ကိုတိုင် ကလည်း လိုချင် ခဲ့တဲ့ အနေအထား မှာ အခုလို ရလာတော့ ဘုရား ကပေးတဲ့ ဆုလို့ပဲ သတ် မှတ် ပါတယ်၊ အတိုင်းမသိ လဲ ဝမ်းသာ နေပါတယ်” လို့ သက်မွန်မြင့် က ဧရာဝတီကိုပြောပါတယ်။

ဒုတိယ ကလေး နဲ့ ၂ နှစ်ကျော် သာ ကွာမယ့် သက်မွန် ရဲ့သားလေး “အားချစ်” ကတော့ သူမ အတွက် အရမ်း ကံကောင်တဲ့ သားလေးဖြစ်ပြီး ကလေး အတွက် စိတ်ပူနေရတာမျိုး မရှိပဲ သူမ အတွက် အားအင်တွေ ပဲပေးပြီး စိတ်ချမ်းသာစေတဲ့ ကလေး တစ်ယောက်ပါ လို့လည်း သူကဆိုပါတယ်။

“သားလေး က အခုဆို လမ်းကောင်းကောင်းလျှောက်နေပြီ။ ဟိုသွား ဒီသွားနဲ့ လည်း ကစားနေပြီ။ အရမ်း လည်း အစားကြီးတယ်။ သူကတော့ မွေးကတည်းက လူတွေ အများကြီး ရဲ့ ချစ်ခြင်း ကို ခံရတယ် ဆိုတော့ မိခင် တစ်ယောက်အနေနဲ့တော့ အရမ်း ဝမ်းသာပါတယ်” လို့ မိခင် တစ်ယောက်ရဲ့ ခံစားချက်ကို လည်း ပြောပြ ခဲ့ ပါတယ်။


 သက်မွန်မြင့်
 သက်မွန်မြင့် နဲ့ သူ့ရဲ့ခင်ပွန်း (ဓာတ်ပုံ- သက်မွန်မြင့် ဖေ့စ်ဘုတ် မှ)



ဒုတိယ ကိုယ်ဝန် လွယ်ထားတဲ့ သရုပ်ဆောင် သက်မွန်မြင့် ဟာ လတ်တစ်လော မှာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ “လက်စားချေ နတ်သမီး” ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို မျက်နှာသစ် မင်းသား သရုပ်ဆောင် တစ်ဦး ဖြစ်သူ သြဘာ နဲ့ တွဲဖက် သရုပ်ဆောင် ရိုက်ကူးနေပြီး ဒီ ဇာတ်ကား ပြီးလျှင် လက်ရှိ အနုပညာလောက မှ ခေတ္တ အနားယူမယ် လို့လည်း သိရပါတယ်။

“သက်မွန်လည်း သိပ်နေမကောင်းဘူး ဆိုတော့ ဒီ ကားလေးပြီးရင် နားလိုက်တော့မယ်။ သူများတွေ ကို လည်း ကိုယ့် အတွက်ကြောင့် နဲ့ ဒုက္ခရောက်တာမျိုး လည်း မလိုချင်ဘူးလေ” လို့ ပြောကြားခဲ့ပါတယ်။

ဒီလို ရိုက်ကူးမှုတွေ ခေတ္တနားမယ် လို့ဆိုပေမယ့်လည်း သူ့ရဲ့ ပရိသတ်တွေ ကတော့  သူဖြစ်တည်နေတဲ့ အခြေအနေပေါ် ကို လက်ခံ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် လို့လည်း ဆိုပါတယ်။

 သက်မွန်မြင့်
ရိုက်ကွင်း တစ်ခုပေါ် မှ သရုပ်ဆောင် သက်မွန်မြင့် (ဓာတ်ပုံ- သက်မွန်မြင့် ဖေ့စ်ဘုတ် မှ)


မြန်မာနိုင်ငံ မှာ လူငယ် လူရွယ် တို့ရဲ့ လတ်တလော အိမ်ထောင်ရေးတွေ ဟာ ပြင်ပလောက မှာရော အနုပညာလောက မှာပါ ကြည့်မယ် ဆိုရင် ကြာရှည် တည်မြဲ လက်တွဲ သွားကြတယ် ဆိုတာထက် ကွဲကြ ပြဲကြ နဲ့ အိမ်ထောင်ရေး  ပြဿနာတော်တော် များများ ကို တွေ့နေရတာပါ။
 

ဒီလို အိမ်ထောင်ရေး အကွဲအပြဲ ကိစ္စတွေဟာ ထမင်းစားရေသောက် လို လွယ်ကူနေတဲ့ ဒီဘက်ခေတ်ကြီး အပေါ် သက်မွန်မြင့် က “တစ်ယောက်နဲ့ တစ်ယောက် ကတော့ သွေးရင်း သားရင်တွေ မဟုတ်တဲ့ အတွက် ထပ်တူ ကျနိုင်မှာတော့ မဟုတ်ပါဘူး။ 

အဓိက ကတော့ နားလည်မှု၊ ချစ်ခြင်းမေတ္တာ အပြည့် ရှိဖို့တော့ လိုအပ်တာပေါ့။ အဓိက ကတော့ ကိုယ့် ကလေးတွေ ဖအေ တစ်ကွဲ၊ မအေ တစ်ကွဲ နဲ့ ဆိုရင် သူတို့ ဘယ်လောက် ခံစားရမ ဆိုတာ စဉ်းစားဖို့ လိုပါ တယ်။ ကိုယ့် အတွက် နဲ့ ကိုယ့် သားသမီးတွေ နာကျင်မှု ဖြစ်မှာမျိုး ကို စဉ်းစား သင့်တယ်” လို့ သူ့ရဲ့ အမြင် ကို ပြောပါတယ် ။

 http://mobile.irrawaddy.com/lifestyle/2016/06/06/115728.html

No comments:

Post a Comment