Sunday, June 12, 2016

ကျွန်တော် အသည်း ကွဲတာ လူ မသိခဲ့ဘူး ( ထွန်းထွန်း )


tun tun copy


သူ့ရဲ့ပရိသတ်တွေ နဲ့ တိုက်ရိုက် ထိတွေ့ဖို့ ဖေ့စ် ဘုတ် လူမှုကွန်ရက် ကို ကိုယ်တိုင် အသုံးပြု သူတစ်ဦး ကတော့ ထွန်းထွန်း(Examplez) ပဲဖြစ်ပါတယ်။ လတ် တလောမှာတော့ ဖေ့စ်ဘုတ် မှာ လူငယ်တော်တော်များ များက အသည်းကွဲနေတဲ့ ခံစားချက်တွေရေးကြတာ   ကြောင့် ထွန်းထွန်း က သူ့ ကိုယ်တွေ့နဲ့ယှဉ်ပြီး အားပေး စကား ပြော ခဲ့ပါတယ်။

“လက်ရှိ အသက် အရွယ် မှာ ကျွန်တော်ဖြစ်တဲ့ ခံစားချက်၊ ကျွန်တော် သိတဲ့ အသိ တစ်ခုပေါ့။ ကျွန် တော်တို့ အရွယ် တုန်း ကလည်း အသည်းကွဲ ခဲ့တယ်။ ကျွန်တော်တို့ အသည်းကွဲ တာ ကျွန်တော်တို့ခေတ် အရ လူ မသိဘူး။ 

ဒီခေတ် က လူတိုင်း သိအောင် အသည်း ကွဲတတ်ကြတယ်။ လူတိုင်း သိအောင် ကိုယ့် အရှက်ကို ကိုယ့်ပေါင် ကိုယ်လှန် ထောင်းနေကြ တယ်။ ခေတ်ကို က အဲဒီခေတ်ဖြစ်နေ တယ်။ ကျွန်တော် လည်း အသက် ၁၄၊ ၁၅ နှစ် တုန်းက သူတို့ နီးပါးပဲ ဆိုးရင် ဆိုးခဲ့မယ်။ ကိုယ့် ပေါင်ကိုယ်လှန်ထောင်း ခဲ့မယ်။ ဒါပေမဲ့ အဲဒါ ကိုယ့်
မိသားစု နဲ့ ကိုယ့် အသိုင်းအဝိုင်းပဲသိတာ။ 

အခုက တစ် ကမ္ဘာလုံး သိအောင် လုပ်နေကြတဲ့ခေတ်ဖြစ်နေတယ်။ အဲဒီ မှာ တစ်ကယ်တမ်း က အရေးကြီး တာ ဘာလဲ ဆိုတာ ကျွန်တော် သွားမြင်တယ်။ လောကကြီး မှာ တစ်ကယ် ဒုက္ခ ရောက်လာရင် ကိုယ့် အနားမှာ ရှိနေတာ ကိုယ့်မိ သားစု က လွဲပြီး ဘယ်သူမှ မရှိပါဘူး။ 

ကိုယ့်ရဲ့အချိန်တွေက တစ်အား တန်ဖိုး ရှိပါတယ်။ ကျွန်တော် ဘာဖြစ်လို့ ဒီလို ပြောလဲ ဆိုရင် ကျွန်ေ တာ် လည်း အချိန်ကုန် ခဲ့ဖူးလို့ပေါ့” လို့ သူ ကိုယ်တိုင်ဖြတ်သန်း လာခဲ့ရတဲ့ အတွေ့ အကြုံအရ သူ့ရဲ့ ရင်တွင်း ခံစားချက်တွေ ဝေမျှဖြစ်ခဲ့ ပုံ  အကြောင်း ကို ပြောပြပါတယ်။


ထွန်းထွန်း က လတ်တလော မှာ ‘ကြောက်ကြောက် ကြောက်’ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် မှာဖြစ်ပြီး ဒီ ဇာတ်ကား က အကြောက်တရား နဲ ပတ် သက်လို့ မက်ဆေ့ခ်ျပေးချင် တာဖြစ်ပြီး တစ်ကယ် တမ်း ကြောက် သင့်တာ ဘာလဲ ဆိုတာ သိသွားဖို့ အတွက် အကောင်းဆုံးကြိုးစား ရိုက်ကူးကြ မှာဖြစ်ကြောင်း ပြောပါတယ်။ 

 နောက်ထပ်လည်း ဇာတ်ကားတွေ ဆက် တိုက်ရိုက်ကူးဖို ရှိပြီး Visual  အပိုင်းက အစ သေ ချာပြင်ဆင်ပြီး ရိုက်ကူး သွားဖို့ ရှိကာ ဒီနှစ် အပိုင်း အခြား မှာတော့ ဇာတ်ကား ရိုက်ကူးမှု စိပ်နေမှာဖြစ် ကြောင်း ထွန်းထွန်း ကပြော ပါတယ်။

ခိုင်ဝေလွင်
 http://popularmyanmar.com/afpopular/?p=19505

No comments:

Post a Comment