Saturday, January 14, 2017

သား အတွက် ရည်ရွယ်ပြီး သီချင်းတစ်ပုဒ် ရေးနေတဲ့ ဝေလ



သားအတွက် ရည်ရွယ် ၍ မိဘမေတ္တာ ကို ပုံဖော်ထား သည့် သီချင်းတစ်ပုဒ် ရေးသားနေ ကြောင်း တစ် ကိုယ်တော် အခွေ သစ် စီစဉ်နေသည့် ဝေလ က ပြောသည်။
‘‘အဓိက ကတော့ သားလေး အတွက် မိဘမေတ္တာ ပုံစံလေးရေး နေပါတယ်။ အခွေသစ်မှာ ပါ၊ မပါတော့ တရားသေပြောလို့ မရ ဘူး’’ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ငါးခွေ မြောက် တစ်ကိုယ်တော်အခွေ အ တွက် သီချင်းများ သွင်းနေသကဲ့ သို့ အဓိပတိဖွား အမ်တီဗီ လည်း ရိုက်ကူးနေကြောင်း ၎င်းက ပြော သည်။
‘‘ဒီ အခွေကိုလည်း ဒါရိုက် တာတွေ တော်တော် များများ ကို အပ်ထားတယ်။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားထားပါ တယ်။ တစ်ဝက်လောက်တော့ ပြီးနေပါပြီ’’ဟု ပြီးခဲ့သည့်နှစ်က ထွက်ရှိ ထားသည့် ၎င်း ၏ တစ်ကိုယ်တော် စီးရီး ‘အဓိပတိဖွား’ ဒီဗီဒီ ရိုက်ကူးရေးနှင့် ပတ်သက်၍ ၎င်းက ပြောသည်။
ထို့အပြင် ယခုနှစ် အတွင်း၌ ပထမဆုံး တစ်ကိုယ်တော် ဖျော် ဖြေပွဲကိုလည်း ပြုလုပ်ရန် အစီ အစဉ်ရှိပြီး ရက်ကို မူ မသတ်မှတ်ရသေးကြောင်း ၎င်းက ဆိုသည်။


ဝေလ သည် ပြီးခဲ့သည့်ရက် က ပြုလုပ်ခဲ့သော စီးတီး အက်ဖ်အမ်ရေဒီယို ၏ (၁၅) နှစ်မြောက်နှစ်ပတ်လည်ပွဲတွင် ၂၀၁၆ အတွက် ရေပန်း အစားဆုံး၊ ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသားတေးသံရှင် ဆု ရရှိ ခဲ့ပြီး ဂီတဆုရှစ်ဆုမြောက် ရရှိခြင်းဖြစ်ကြောင်းပြောသည်။
‘‘ဒီ ဆု က စီးတီး အက်ဖ်အမ် မှာ နှစ်ဆုမြောက်၊ ရွှေအက်ဖ်အမ် မှာက တစ်ဆု၊ MMA ကတော့ မိုးရာသီမှာ နှစ်ဆု၊ တစ်နှစ်တာ အတွက်က သုံးဆု ရထားပါတယ်’’ ဟု ၎င်းရရှိ ထားသည့် ဂီတ ဆုများ အကြောင်းကို ဝေလ က ပြော သည်။
လတ်တလော အနုပညာ လှုပ်ရှားမှု အဖြစ် ရန်ကုန် အပါအ ဝင် နယ်မြို့များတွင် ဖျော်ဖြေပွဲ များ သီဆိုရန် အစီ အစဉ်ရှိ ကြောင်း ဝေလ က ပြောသည်။


Credit: 7Day
Link: http://www.7daydaily.com/story/86188




No comments:

Post a Comment