Friday, February 18, 2022

စူပါစတား ႐ုပ္ရွင္မင္းသား(ဦး) ဝင္းဦး / စူပါစတား ရုပ်ရှင်မင်းသား(ဦး) ဝင်းဦး

 


ျမန္မာ့႐ုပ္ရွင္ သမိုင္းနဲ႔ " ဝင္းဦး " ခြဲျခားလို႔ မရပါ။‌တေခတ္က စူပါစတား ႐ုပ္ရွင္မင္းသား(ဦး) ဝင္းဦး ေသဆုံးတာ ၃၃ ႏွစ္ေက်ာ္ပါၿပီ။အေမေျပာတယ္။ ကြၽန္ေတာ္ေပါက္စန အ႐ြယ္ပထမဆုံး စဆိုတဲ့သီခ်င္းက “မမမိုး” တဲ့။ ဒီသုံးလုံးကို ထပ္ခါထပ္ခါ ဆိုေနတာ။ လမ္းမေလွ်ာက္တတ္ေသးဘူးတဲ့။


၁၉၈၀ ေနာက္ပိုင္း ဝင္းဦးက သူ႔သီခ်င္းေဟာင္းေတြကိုစႏၵယား သိန္းျမင့္သန္း နဲ႔ New Version ျပန္ဆိုမွ “ မမမိုး” သီခ်င္းကို ဝင္းဦးဆိုတာ စၾကားဖူးတာ။


ေမဘရီဏီလို …ေ႐ႊပန္းခ်ီေတာင္လက္မႈိင္ခ်ရသကိုး….အိုး...မမမိုး.....အိုး....

ေနာက္ပိုင္း မမမိုးသီခ်င္းကို ခင္ေမာင္တိုးျပန္ဆိုတာအေတာ္ေကာင္းပါတယ္။

ဝင္းဦး သီဆို ခဲ့တဲ့ေတးသီခ်င္းေတြထဲမွာ“ သစၥာ ” ကိုမွတ္မွတ္ရရျဖစ္မိတယ္။

လွပမႈေတြေပါင္းစုံဖြဲ႕စည္းကာ……

ေမာင့္ပတ္ဝန္းက်င္မွာ………ျဖဴဝါျပာေရာင္စုံဖူးပြင့္စေဝဆာ…….ခင္စရာေပမယ့္လည္းသူတို႔ကိုမမက္ေမာပါ…အၿမဲတသစြဲလန္းခဲ့တဲ့ 

တစ္ပြင့္ထဲေသာပန္းသစၥာ…….ျမတ္ႏိုးထိုးစိုက္

ေမာင့္အသည္း၌ ဆင္ျမန္းဖို႔႐ြယ္လာ…………

မူလတန္းအလယ္တန္းတုံးကကြၽန္ေတာ့္နာမည္ကို "ဝင္းဦး" ဆိုၿပီးမၾကာခဏအေႏွာက္ခံရပါေသးတယ္။


နာမည္ရင္း လွျမင့္မိတ္ေဆြေတြက ကိုဦးေခၚတဲ့ (ဦး) ဝင္းဦး ကို ဖခင္ခ်စ္ဒုကၡ ဦးဘၫႊန္႔နဲ႔ မိခင္ေဒၚႏွင္းရီ(မင္နီဘခက္)က ၁၉၃၅ မွာေမြးဖြားခဲ့တယ္။ အႏုပညာ စြယ္စုံရ မင္းသားႀကီး ဝင္းဦးဟာ ႐ုပ္ရွင္မင္းသား၊ဒါ႐ိုက္တာ၊စာေရးဆရာ၊အဆိုေတာ္၊ေတးေရးဆရာနဲ႔ ထုတ္လုပ္သူျဖစ္ပါတယ္၊ျမန္မာျပည္မွာသူ႔လိုလူရွိေတာ့ရွိမယ္ရွားလိမ့္မယ္။


ဝင္းဦး မျဖစ္ေသးခင္ ကိုလွျမင့္ဟာ ဆရာအတတ္သင္ သိပၸံေက်ာင္းကို ၁၉၅၂ ခုႏွစ္က တက္ခဲ့တယ္။ ရန္ကင္းကံဘဲ့လား၊ျပည္လမ္းလား မသိဘူး။ ကိုလွျမင့္ဟာ ဗိုလ္သင္တန္းအပတ္စဥ္ (၈) တက္ခဲ့ၿပီး ၁၉၆၂ မွ ာစစ္တပ္က ဗိုလ္ႀကီးအဆင့္နဲ႔ႏႈတ္ထြက္ခဲ့တယ္။



မင္းသားႀကီး ဝင္းဦးရဲ႕ပထမဆုံး ႐ုပ္ရွင္ကား “ ႏွစ္ယာက္ထဲေနခ်င္တယ္ ” ကသူ႔ရဲ႕ ပင္ကိုယ္ေရးဝတၱဳ တစ္အုပ္ကိုမွီျငမ္းထားတာပါ။ ပထမဆုံ း႐ုပ္ရွင္ကားနဲ ႔ဝင္းဦးေအာင္ျမင္ခဲ့တယ္။ နာမည္ေက်ာ္ “ ေဆာင္းအိမ္မက္ ” နဲ႔ “ မႈံေ႐ႊရည္ ” ႐ုပ္ရွင္ကားက ဒါ႐ိုက္တာသ႐ုပ္ေဆာင္ဝင္းဦးပါ။ ႏွစ္ကားလုံး ဝင္းဦး အကယ္ဒမီ ရခဲ့တယ္။


ဝင္းဦးဟာျမန္မာျပည္ ပထမဆုံး ေရာင္စုံေအာ့ဖ္ဆက္ ပုံႏွိပ္စက္ကို တည္ေထာင္ခဲ့ပါတယ္။ စႏၵာမဂၢဇင္း တည္ေထာင္ခဲ့ၿပီ းလစဥ္ထုတ္ေဝခဲ့တယ္။ ဝင္းဦးဟာ ဝတၱဳအတိုအရွည္ ၃၁ ပုဒ္ေရးသားခဲ့ပါတယ္။


မွတ္မွတ္ရရ ဝင္းဦးရဲ႕ မႈံေ႐ႊရည္ကားကို ရန္ကင္း ကံဘဲ့ေအာင္သီရိ ႐ုံမွာၾကည့္ဖူးတာပါ။ ၁၉၇၄-၇၅ ေလာက္ရွိမလားပဲ။ ဂီတလုလုင္ေမာင္ကိုကို႔ သမီးတစ္ေယာက္ ကေလးသ႐ုပ္ေဆာင္အေနနဲ႔ မႈံေ႐ႊရည္ ႐ုပ္ရွင္ကားမွာ နာမည္ႀကီးခဲ့ေသးတယ္။ ရန္ကင္း (၄) ရပ္ကြက္မွာ ဝင္းဦးရဲ႕ ညီအကိုအရင္းေတြေနၾကတယ္။ တန္ေဆာင္တိုင္ ရန္ကင္းသုံးကားေပါင္း မိုးအလင္းမွာ ဝင္းဦး၊ၫႊန္႔ဝင္း၊ေဇာ္ဝမ္းကားေတြအျပမ်ားတယ္။


ဝင္ဦးကိုေကာင္းေကာင္းမွီတဲ့ အကိုႀကီးေတြေျပာျပတာကျမန္မာျပည္ၿပိဳင္ကား စစီးတဲ့သူထဲ႐ုပ္ရွင္မင္းသား ဝင္းဦးလည္း ပါတယ္၊ ရာသီဥတုေကာင္းတဲ့ညေနပိုင္းေတြမွာ ဝင္းဦးကို အမိုးဖြင့္ၿပိဳင္ကား အနီေလးနဲ႔ေတြ႕ရတတ္တယ္။ေဘးနားမိန္းမေခ်ာေလးတစ္ေယာက္ အၿမဲပါတယ္တဲ့။


ဝင္းဦးတေခတ္ဆန္းတုံးက ရန္ကင္းက ကာယဗလလိုက္စားတဲ့ အကိုႀကီးေတြညေနဆိုစြပ္က်ယ္လက္ျပတ္ ၊ေဘာင္းဘီရွည္ ရင္အုပ္ဖြင့္လက္ကားၿပီး ရန္ကင္းလမ္းမမွာေတာင္ေျမာက္ လမ္းသလားေနေလ့ရွိတယ္။


ရန္ကင္းေန႔ကေလးထိန္းကာယဗလေလ့က်င့္႐ုံမွာဝင္းဦးစတိုင္မ်ိဳးအကိုႀကီး ၃-၄ ေယာက္ရွိတယ္။အကုန္လုံးႏႈပ္ခမ္းေမြးစစနဲ႔လက္ႏွစ္ဘက္အၿမဲကားထားတယ္။ အင္တာနက္ မွာဟိုေခါက္ဒီေခါက္ လုပ္ရင္းနဲ႔ ဝင္းဦး ပန္းခ်ီကားေတြ႕ တယ္။ ပန္းခ်ီကားလက္ရာရွင္ကေက်ာ္ၫႊန္႔ ထင္တယ္။


မင္းသားႀကီးဟာ အသက္ ၅၃ ႏွစ္အ႐ြယ္ ၁၉၈၈ ခုႏွစ္မွာအူမႀကီကင္ဆာနဲ႔ခရစ္ေတာ္မွာအိပ္ေပ်ာ္ခဲ့ပါတယ္။ႀကံေတာသင္းခ်ိဳင္းမဖ်က္ခင္ အသုဘပို႔ေရာက္ရင္မင္းသားႀကီးဝင္းဦး အုတ္ဂူ ကိုေတြ႕တယ္။ အစိမ္းႏုေရာင္ေႂကြျပားကပ္ၿပီးစက်င္ေက်ာက္မွာ ဝင္းဦး အသုဘ ကဗၺည္းထိုးထားတယ္။ အုတ္ဂူကိုၿခံအေသးေလးခတ္ထားတယ္။

လြင္ဦး(ရန္ကင္း)



မြန်မာ့ရုပ်ရှင် သမိုင်းနဲ့ " ဝင်းဦး " ခွဲခြားလို့ မရပါ။‌တခေတ်က စူပါစတား ရုပ်ရှင်မင်းသား(ဦး) ဝင်းဦးသေဆုံးတာ ၃၃ နှစ်ကျော်ပါပြီ။အမေပြောတယ်။ ကျွန်တော်ပေါက်စန အရွယ်ပထမဆုံး စဆိုတဲ့သီချင်းက “မမမိုး” တဲ့။ ဒီသုံးလုံးကို ထပ်ခါထပ်ခါ ဆိုနေတာ။ လမ်းမလျှောက်တတ်သေးဘူးတဲ့။


၁၉၈၀ နောက်ပိုင်း ဝင်းဦးက သူ့သီချင်းဟောင်းတွေကိုစန္ဒယား သိန်းမြင့်သန်း နဲ့ New Version ပြန်ဆိုမှ “ မမမိုး” သီချင်းကို ဝင်းဦးဆိုတာ စကြားဖူးတာ။


မေဘရီဏီလို …ရွှေပန်းချီတောင်လက်မှိုင်ချရသကိုး….အိုး...မမမိုး.....အိုး....

နောက်ပိုင်းမမမိုးသီချင်းကို ခင်မောင်တိုးပြန်ဆိုတာအတော်ကောင်းပါတယ်။


ဝင်းဦး သီဆို ခဲ့တဲ့တေးသီချင်းတွေထဲမှာ“ သစ္စာ ” ကိုမှတ်မှတ်ရရဖြစ်မိတယ်။


လှပမှုတွေပေါင်းစုံဖွဲ့စည်းကာ……

မောင့်ပတ်ဝန်းကျင်မှာ………ဖြူဝါပြာရောင်စုံဖူးပွင့်စဝေဆာ…….ခင်စရာပေမယ့်လည်းသူတို့ကိုမမက်မောပါ…အမြဲတသစွဲလန်းခဲ့တဲ့ 

တစ်ပွင့်ထဲသောပန်းသစ္စာ…….မြတ်နိုးထိုးစိုက်

မောင့်အသည်း၌ ဆင်မြန်းဖို့ရွယ်လာ…………

မူလတန်းအလယ်တန်းတုံးကကျွန်တော့်နာမည်ကို "ဝင်းဦး" ဆိုပြီးမကြာခဏအနှောက်ခံရပါသေးတယ်။


နာမည်ရင်း လှမြင့်မိတ်ဆွေတွေက ကိုဦးခေါ်တဲ့ (ဦး) ဝင်းဦး ကို ဖခင်ချစ်ဒုက္ခ ဦးဘညွှန့်နဲ့ မိခင်ဒေါ်နှင်းရီ(မင်နီဘခက်)က ၁၉၃၅ မှာမွေးဖွားခဲ့တယ်။ အနုပညာ စွယ်စုံရ မင်းသားကြီး ဝင်းဦးဟာ ရုပ်ရှင်မင်းသား၊ဒါရိုက်တာ၊စာရေးဆရာ၊အဆိုတော်၊တေးရေးဆရာနဲ့ ထုတ်လုပ်သူဖြစ်ပါတယ်၊မြန်မာပြည်မှာသူ့လိုလူရှိတော့ရှိမယ်ရှားလိမ့်မယ်။


ဝင်းဦး မဖြစ်သေးခင် ကိုလှမြင့်ဟာ ဆရာအတတ်သင် သိပ္ပံကျောင်းကို ၁၉၅၂ ခုနှစ်က တက်ခဲ့တယ်။ ရန်ကင်းကံဘဲ့လား၊ပြည်လမ်းလား မသိဘူး။ ကိုလှမြင့်ဟာ ဗိုလ်သင်တန်းအပတ်စဉ် (၈) တက်ခဲ့ပြီး ၁၉၆၂ မှ ာစစ်တပ်က ဗိုလ်ကြီးအဆင့်နဲ့နှုတ်ထွက်ခဲ့တယ်။


မင်းသားကြီး ဝင်းဦးရဲ့ပထမဆုံး ရုပ်ရှင်ကား “ နှစ်ယာက်ထဲနေချင်တယ် ” ကသူ့ရဲ့ ပင်ကိုယ်ရေးဝတ္တု တစ်အုပ်ကိုမှီငြမ်းထားတာပါ။ ပထမဆုံ းရုပ်ရှင်ကားနဲ့ဝင်းဦးအောင်မြင်ခဲ့တယ်။ နာမည်ကျော် “ ဆောင်းအိမ်မက် ” နဲ့ “ မှုံရွှေရည် ” ရုပ်ရှင်ကားက ဒါရိုက်တာသရုပ်ဆောင်ဝင်းဦးပါ။ နှစ်ကားလုံး ဝင်းဦး အကယ်ဒမီ ရခဲ့တယ်။


ဝင်းဦးဟာမြန်မာပြည် ပထမဆုံး ရောင်စုံအော့ဖ်ဆက် ပုံနှိပ်စက်ကို တည်ထောင်ခဲ့ပါတယ်။ စန္ဒာမဂ္ဂဇင်း တည်ထောင်ခဲ့ပြီ းလစဉ်ထုတ်ဝေခဲ့တယ်။ ဝင်းဦးဟာ ဝတ္တုအတိုအရှည် ၃၁ ပုဒ်ရေးသားခဲ့ပါတယ်။


မှတ်မှတ်ရရ ဝင်းဦးရဲ့ မှုံရွှေရည်ကားကို ရန်ကင်း ကံဘဲ့အောင်သီရိ ရုံမှာကြည့်ဖူးတာပါ။ ၁၉၇၄-၇၅ လောက်ရှိမလားပဲ။ ဂီတလုလုင်မောင်ကိုကို့ သမီးတစ်ယောက် ကလေးသရုပ်ဆောင်အနေနဲ့ မှုံရွှေရည် ရုပ်ရှင်ကားမှာ နာမည်ကြီးခဲ့သေးတယ်။ ရန်ကင်း (၄) ရပ်ကွက်မှာ ဝင်းဦးရဲ့ ညီအကိုအရင်းတွေနေကြတယ်။ တန်ဆောင်တိုင် ရန်ကင်းသုံးကားပေါင်း မိုးအလင်းမှာ ဝင်းဦး၊ညွှန့်ဝင်း၊ဇော်ဝမ်းကားတွေအပြများတယ်။


ဝင်ဦးကိုကောင်းကောင်းမှီတဲ့ အကိုကြီးတွေပြောပြတာကမြန်မာပြည်ပြိုင်ကား စစီးတဲ့သူထဲရုပ်ရှင်မင်းသား ဝင်းဦးလည်း ပါတယ်၊ ရာသီဥတုကောင်းတဲ့ညနေပိုင်းတွေမှာ ဝင်းဦးကို အမိုးဖွင့်ပြိုင်ကား အနီလေးနဲ့တွေ့ရတတ်တယ်။ဘေးနားမိန်းမချောလေးတစ်ယောက် အမြဲပါတယ်တဲ့။


ဝင်းဦးတခေတ်ဆန်းတုံးက ရန်ကင်းက ကာယဗလလိုက်စားတဲ့ အကိုကြီးတွေညနေဆိုစွပ်ကျယ်လက်ပြတ် ၊ဘောင်းဘီရှည် ရင်အုပ်ဖွင့်လက်ကားပြီး ရန်ကင်းလမ်းမမှာတောင်မြောက် လမ်းသလားနေလေ့ရှိတယ်။


ရန်ကင်းနေ့ကလေးထိန်းကာယဗလလေ့ကျင့်ရုံမှာဝင်းဦးစတိုင်မျိုးအကိုကြီး ၃-၄ ယောက်ရှိတယ်။အကုန်လုံးနှုပ်ခမ်းမွေးစစနဲ့လက်နှစ်ဘက်အမြဲကားထားတယ်။ အင်တာနက် မှာဟိုခေါက်ဒီခေါက် လုပ်ရင်းနဲ့ ဝင်းဦး ပန်းချီကားတွေ့ တယ်။ ပန်းချီကားလက်ရာရှင်ကကျော်ညွှန့် ထင်တယ်။


မင်းသားကြီးဟာ အသက် ၅၃ နှစ်အရွယ် ၁၉၈၈ ခုနှစ်မှာအူမကြီကင်ဆာနဲ့ခရစ်တော်မှာအိပ်ပျော်ခဲ့ပါတယ်။ကြံတောသင်းချိုင်းမဖျက်ခင် အသုဘပို့ရောက်ရင်မင်းသားကြီးဝင်းဦး အုတ်ဂူကိုတွေ့တယ်။ အစိမ်းနုရောင်ကြွေပြားကပ်ပြီးစကျင်

ကျောက်မှာဝင်းဦးအသုဘကဗ္ဗည်းထိုးထားတယ်။အုတ်ဂူကိုခြံအသေးလေးခတ်ထားတယ်။

လွင်ဦး(ရန်ကင်း)




No comments:

Post a Comment