Thursday, February 9, 2017

လွတ်လပ်မှုကိုမြတ်နိုးတဲ့ ရော့ခ်ဂီတ ကိုယ်စားပြုနိုင်သူ ဂြိုလ်သားကြီး " ဟယ်ရီလင်း "



* တေးသံရှင်-ပရိုဂျူဆာ ဟယ်ရီလင်း ရဲ့ အတ္ထုပ္ပတ္တိအကျဉ်း *
တေးသံရှင်-ပရိုဂျူဆာ ဟယ်ရီလင်း ကို သျှားမီး ချိုချဉ်လုပ်ငန်းပိုင်ရှင် ဦးကိုလေး နဲ့ ဒေါ်ခင်စန်း တို့က ၁၉၆၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးသားဖြစ်ပြီး အမည်ရင်းမှာ ထွန်းမြင့်ဦးဖြစ်ကာ နာမည်ပြောင်မှာ `အာဂ´လို့ သိရပါတယ်။

သူငယ်တန်း မှ ရှစ်တန်းထိ မန္တလေးမြို့ အမှတ် (၁၄) ကျောင်းမှာ ပညာသင်ကြား ခဲ့ပြီးနောက် ရှစ်တန်းမှာ ပင် ဆံပင်ရှည် ထားခဲ့တဲ့အတွက် ကျောင်းထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက် ရှစ်တန်းကျောင်းသားဘဝဖြင့် ပလက်ဖောင်း လူငယ်ဘဝနဲ့ ညကျောင်း တက်ရင်း ကြီးပြင်းလာခဲ့ပါတယ်။
 ကျောင်းသား ဘဝကတည်းက ဆရာဖရန့် ဆီမှာ စန္ဒရား၊ ဂီတာ အတီးသင်ခဲ့တဲ့ ဟယ်ရီလင်း ဟာ အဋ္ဌမ  တန်း ကျောင်းသား ဘဝမှာပင် ဂီတာ သင်တန်းမှာ သင်တန်းဆရာ အဖြစ် ရပ်တည်လာခဲ့ပါတယ်။ ဟယ်ရီလင်း ဟာ ဗေဒင် ကိုလည်း ယုံကြည်ပါတယ်။ အခွေ ထွက်တော့မယ့် အချိန်မှာ ဆရာ စံဇာဏီဘို ဆီသွားပြီး အနုပညာအမည် တောင်းခံခဲ့ပါတယ်။
 သောကြာနံ နဲ့ ဗုဒ္ဓဟူး နံ တွဲပြီးပေးပါဆိုတဲ့ အတွက် ဟယ်ရီလင်း လို့ သူ့ ဘာသာ အမည်ပေးခဲ့တာပါ။ ခင် မင်သူတွေ ကတော့ ဃကြီးရယ် လို့ပဲ ခေါ်ကြပါတယ်။ ပလက်ဖောင်း လမ်းဘေး ဘဝနဲ့ ဂီတာတွေ တီး၊ သီ ချင်းတွေ လိုက်ဆို၊ သင်တန်းဆရာ ဘဝနဲ့ ဂီတာ စန္ဒရား ပြန်သင်ပေးလိုက်၊ သူငယ်ချင်းတွေစုပြီး သင်္ကြန်ပွဲတွေ တီးလိုက် လုပ်ခဲ့တဲ့ ဟယ်ရီလင်း တစ်ယောက် ၁၉၈၀ပြည့်နှစ်ဝန်းကျင်က စတင်ပြီး အမျိုးသမီး အဆိုတော် သူငယ်ချင်း သီတာ နဲ့ တွဲကာ ` မီးသင့်မြေမှ အငွေ့ အသက်များ´တေးစုဖြင့် ဂီတလောက သို့ စတင်အခြေချခဲ့ပါတယ်။
 ကြိုးစား ဖန်တီးထားတဲ့ မီးသင့်မြေမှ အငွေ့အသက်များ တေးစုဟာ လုပ်ငန်း မကျွမ်းကျင်မှု ငွေကြေး အင်အား ချို့တဲ့မှုတွေကြောင့် ပရိသတ် လက်ထဲကို မရောက်လာနိုင်ခဲ့ဘဲ ` မိုးကြိုးသွားရဲ့ ပြင်းထန်တဲ့ အလျင် (သို့မဟုတ်) ဟယ်ရီလင်း ရဲ့ဟယ်ရီလင်း´ တစ်ကိုယ်တော် တေးစု ကသာ ပရိသတ်လက်ထဲ ရောက်နိုင်ခဲ့ပါတယ်။
 နောက်ဆုံး ထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော်တေးစု အမည်ကတော့ `နောက်လူမြည်းရင် ချိုပါစေ´ (မင်းမင်း လတ် သီချင်းများ ပြန်လည် ခံစားသီဆိုမှု) ဖြစ်ပါတယ်။ ဇနီးဖြစ်သူ မသိင်္ဂီမြင့် နဲ့ ၂၀၀၀ပြည့်နှစ်၊ မေလ ၁၂  ရက်နေ့ မှာ လက်ထပ်ခဲ့ပြီး သမီးကြီး ယွန်းယွန်း နဲ့ သားငယ် လင်းခန့်အောင် တို့ကို မွေးဖွားခဲ့ပါတယ်။


~~  ဟယ်ရီလင်း ရဲ့ အနုပညာ မှတ်တမ်းများ ~~
တေးသံရှင် ဟယ်ရီလင်း ဟာ ငယ်စဉ်ကျောင်းသား ဘဝမှာ ကတည်းက ကျောင်းမှာ သီချင်း သီဆိုတဲ့ အခါ (ခရစ်ယာန်ကျောင်းမှာ နေခဲ့ရသူဖြစ်ပါတယ်) တစ်ခြားကျောင်းသားတွေရဲ့အသံ ကို ဖုံးလွှမ်း သွားသည်အထိ ကျယ်လောင်ကြည်လင် စူးရှလွန်း တာကြောင့် ဆရာတွေ ကရော ကျောင်းက သူငယ်ချင်းတွေ ကပါ အာဂကောင် ဆိုပြီး အာဂ ဆိုတဲ့ ငယ်နာမည်ကို ရလာခဲ့တာပါ။ 
ရှစ်တန်းကျောင်းသား ဘဝမှာ ညကျောင်း တတ်ရတော့ ကျောင်းသင်ခန်းစာ ထက် ဂီတ ကိုသာ အာရုံစူးစိုက်မိတဲ့ အထိ အနုပညာ ဗီဇ ပါလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ မန္တလေး သင်္ကေတ မြို့မ တီးဝိုင်းကြီး မှာ ရှေ့ထွက် အဆိုတော် အနေနဲ့ ခေတ်ပေါ်သီချင်းတွေ သီဆိုခဲ့ဖူးတဲ့ မန္တလေး ဧဒင်တေးဂီတ အဖွဲ့က ထုတ်ပေးလိုက်တဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ 
ပထမဦးဆုံး အသံသွင်းယူ ခဲ့တဲ့ မီးသင့်မြေမှ အငွေ့အသက်များ တေးစုဟာ မထွက်ရှိခဲ့ သလို တစ်ကိုယ်တော် အသံသွင်း ခဲ့တဲ့ ကြိုက်သလိုနေနိုင်တယ် အမည် ရှိ တေးစု ကိုလည်း ပရိသတ် လက်ထဲရောက်အောင် ပို့မပေးနိုင်ခဲ့ပါဘူး။ အခွေတွေ သွင်းယူ ခဲ့ပေမယ့် ထွက်ရှိနိုင်ခြင်း မရှိတဲ့အခါ စိတ်ပျက် အားလျော့သွားခြင်းမရှိဘဲ ဇွဲနဲ့ ဆက်တိုက်ကြိုးစားခဲ့တဲ့ တေးသံရှင် ဟယ်ရီလင်း ဟာ လူငယ် ပရိသတ်ကြားမှာ ရေပန်းစား ထင် ရှား လာခဲ့တယ်။



 ပြင်းထန်တဲ့ ရော့ခ် ဂီတ ကြောက်ခမန်း လိလိ show performance တွေ နဲ့ ပရိသတ်ရဲ့နှလုံးသားကို ဆွဲဆောင် ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ တေးရေး ဆရာ ဝင်းမင်းထွေး ၊သော်ဒီဝေ နဲ့ ကိုဇော်မျိုးထွဋ် ရဲ့ T4 တေးဂီတ နဲ့ တေးဥယျဉ် မှာ အသံ ဖမ်းယူခဲ့ပြီး ကာဘာ ဒီဇိုင်းနဲ့ ဝေါလ်ရှိတွေ ကလည်း သူများနဲ့ မတူ တစ်မူထူးခြားစေခဲ့ပါတယ်။ မူပိုင် ထုတ်လုပ်သူက Metal Zone ဦးဇော်ဝင်း ရဲ့ညီ အောင်ဝင်းဖြစ်ပြီး `ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း´စီးရီးခွေက တေးသံရှင် ဟယ်ရီလင်း ကို ဂီတ စင်မြင့်ပေါ်ရောက်ရှိအောင် တွန်းပို့ပေးနိုင်ခဲ့ပါ တယ်။

>> ဟယ်ရီလင်း ရဲ့ စိတ်သဘောထားများ <<

ဂမ္ဘီရမှော်ဆန်ဆန် အသံအားနဲ့ ရော့ခ်ဂီတ အပြင်းစားတွေ သီဆို သွားခဲ့တဲ့ ဃကြီး တစ်ဖြစ်လဲ ဟယ်ရီလင်းဟာ `ကျွန်ုပ်၏ ဆံပင်သည် ကျွန်ုပ်၏ အမှတ် သင်္ကေတ အလံတော်ဖြစ်သည်´လို့ တစ်စိုက် မတ်မတ် ခံယူထားခဲ့သူပါ။ ဆံပင်ရှည် ထားခြင်းကို လွတ်လပ်ခြင်း ရဲ့ လက္ခဏာ တစ်ခုအဖြစ် တန်ဖိုးထားခဲ့လို့ ကျောင်း ထုတ် ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
 အောင်မြင်နေတဲ့ အချိန်မှာ စည်းစိမ် အပြုတ်ခံပြီး ရော့ခ် ဝါသနာရှင် လူငယ်တွေကို မြေတောင်မြှောက်ပေးတတ်တဲ့ စေတနာရှင်ကြီးပါ။ သူ သီဆိုခဲ့တဲ့ သီချင်းတွေ နဲ့ နောက်ပေါက် အဆိုတော်တွေ အောင်မြင်သွားကြတာ ကို ကျေနပ် အားရနေတဲ့သူ၊ အောင်မြင်နေတဲ့ အချိန်မှာ လွယ်လွယ် ကူကူ ငွေရှာလို့ ရတဲ့ အခွင့်အရေးတွေ ကို လျစ်လျူရှုနိုင်ခဲ့တဲ့ အလိုလောဘ နည်းသူ၊ မအောင်မြင်ခင်၊ အောင်မြင်နေတဲ့ အချိန်၊ ကျချိန်တွေအထိ တစ်သမတ်တည်း စိတ်သဘောထား ရှိသူ၊ ဘဝ ကို အရိုးသားဆုံး ကြိုးစား ရင်ဆိုင်သွားသူ၊ ဂျစ်ပစီ တစ်ယောက် လို ပေပေတေတေ ဖြစ်တ်သန်း ခဲ့တဲ့သူ၊ ငွေကြေးကို အဆိပ် လို့ သဘောထားသူတစ်ယောက် ဖြစ်ပါတယ်။ 

ဂီတ အမျိုးအစားတွေ ဘယ်လောက်ပေါ်လာခဲ့ပါစေ ရော့ခ်ဂီတ မဟုတ်ရင် မဆိုဘူးလို့ ခံယူထားတဲ့ ရော့ခ်ကာကြီး တစ်ဦး ဖြစ်ပါတယ်။ နိုင်ငံခြား သံစဉ်မှီ ကော်ပီ သီချင်းတွေ ဆိုခဲ့ပေမယ့် မူရင်း အဆိုရှင် ရဲ့မူနဲ့ ကွဲပြား စွာ ကိုယ်ပိုင်ဟန် နဲ့ သီဆိုခဲ့သူပါ။ အနိမ့် အမြင့်၊ အတက်အကျတွေ အပြည့်နဲ့ ဂီတဘဝ လမ်းကြောင်းကို ရူးရူး သွပ်သွပ် ခက်ခက် ခဲခဲ ဖြတ်သန်းခဲ့ရပြီး မထွက်ဖြစ်တဲ့ တေးစုများစွာ နဲ့ ကြိုးစားခဲ့ရသူလည်း ဖြစ်ပါတယ်။ 
မိသားစု စားဝတ်နေရေး အတွက် အငှါးယာဉ်တောင် မောင်းခဲ့ရတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပြီး ခေတ်ပေါ်သီချင်းတွေကိုသာမက မြန်မာ သီချင်း အေးအေးကြီးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြည့်မြည့် သီဆို တတ် တယ်လို့ သိရပါတယ်။ 
နာမည်ကျော်ခဲ့တဲ့ သီချင်းတွေ ကတော့ လိပ်ပြာ၊ အဆိပ်ငွေကြေး၊ အချစ်ရယ် ပေါင်မုန့် တစ်လုံးရယ်၊ ဂြိုလ်သား တယောက် ၊ အားလုံးပြန်ယူသွားပါ စတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရော့ခ် ဂီတကို လက်မခံခဲ့ကြစဉ် ကတည်းက တစ်ချိန်ချိန်မှာ လက်ခံလာမှာပဲ လို့ ယုံကြည်ပြီး စိတ်ဓာတ် ကျခဲ့ပေမယ့် မာန်တင်းပြီး ကြိုးစားခဲ့သူပါ။ လက်ဦး ဆရာတွေ ကတော့ ဆရာဖရန့်၊ အစ်ကို ဝမ်းကွဲ ကိုဌေးလှိုင် တို့ပဲ ဖြစ်ပါတယ်။
ဟယ်ရီလင်း ဟာ ၈၈ အရေးအခင်းမှာ ဂဠုန်နီ ကျောင်းသား သစ္စာ သတင်းစာ ထုတ်ဝေခဲ့ပြီး အယ်ဒီတာ့အာဘော် အနေနဲ့ နိုင်ငံရေး သဘောတရားတွေ ရေးသားခဲ့ပါသေးတယ်။ အရေးအခင်းအပြီးမှာ ထောက် လှမ်းရေး က ဆယ်ရက် ချုပ်ထားခဲ့ပြီး နိုင်ငံရေး မလုပ်ရ သတိပေးချက်နဲ့ အတူ ပြန်လွှတ်ပေးခဲ့ပါတယ်။
 နိုင်ငံရေးကို စိတ်ဝင်စားခဲ့တဲ့ ဟယ်ရီလင်း ဟာ သူ့ရဲ့တေးသီချင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဗုဒ္ဓ ဓမ္မတေးတွေ၊ လူသားချင်း စာနာ နားလည်မှုတွေစတဲ့ ခံယူ ချက် သဘောထားတွေကို ထည့်သွင်း သီဆိုချင်တဲ့ ဆန္ဒတွေရှိခဲ့ပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် မသီဆိုခဲ့ ရရှာပါဘူး။

တေးသံရှင် ဟယ်ရီလင်း ဟာ Band အဖွဲ့ မရှိတဲ့ အဆိုတော် တစ်ယောက်ပါ။ တစ်ခေတ် တစ်ခါက IC အဆိုတော်၊ အင်ပါယာ အဆိုတော်ရယ်လို့ အဆိုတော်တွေ ပေါ်ပေါက်နေခဲ့ချိန်မှာ band အဆိုတော် အဖြစ် မခံယူချင်တဲ့ အတွက် section players ငှါးရမ်းပြီး သီဆိုခဲ့တဲ့ အနုပညာမာန ခပ်ကြီးကြီး ထားသူတစ်ယောက် ဖြစ်ပါတယ်။ 
ပွင့်လင်း ရိုးသားသလို လွတ်လပ်မှုကို မြတ်နိုး တန်ဖိုးထားခဲ့ပြီး သေသည် အထိ ဂီတကို ရင်ဝယ်ပိုက်ကာ နိဂုံး ချူပ်သွားခဲ့ရတဲ့ ရော့ခ်ကာ အဆိုရှင်ကြီး ဟယ်ရီလင်း ဟာ မဟုတ်မခံတတ်သူ တစ်ဦးဖြစ်သလို မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစု အပေါ် တာဝန်ကျေသွားခဲ့တဲ့ လူသားတစ်ဦးလည်း ဖြစ်ပါတယ်။

>>တေးသံရှင် ဟယ်ရီလင်းရဲ့ တေးသီချင်းများ<<
ပထမဦးဆုံး အသံ သွင်းယူခဲ့တဲ့တေးစု - မီးသင့်မြေ မှ အငွေ့အသက်များ (၁၉၈၀ ဝန်းကျင်ခန့်) (အမျိုးသမီး အဆိုတော် သူငယ်ချင်း သီတာနဲ့ တွဲလျက်) ထွက်ရှိနိုင်ခဲ့ခြင်းမရှိ။
ပထမဦးဆုံး အသံ သွင်းယူခဲ့တဲ့ တစ်ကိုယ်တော်တေးစု - ကြိုက်သလိုနေနိုင်တယ် (၁၉၈၆) ထွက်ရှိနိုင်ခဲ့ခြင်းမရှိ။
ပထမဦးဆုံး ထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော်တေးစု - မိုးကြိုးသွား ရဲ့ ပြင်းထန်တဲ့ အလျင် (သို့) ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း (၁၉၉၂)
နောက်ဆုံး ထွက်ခဲ့တဲ့ တစ်ကိုယ်တော်တေးစု - နောက်လူမြည်းရင် ချိုပါစေ (မင်းမင်းလတ် သီချင်းများ ပြန် လည် ခံစားသီဆိုမှု) (၂၀၀၀ပြည့်နှစ်)
အခြား တစ်ကိုယ်တော်တေးစုများ- ဂြိုလ်သားတယောက် ၊ ကျောက်ခေတ်၏နောက်ဆုံးနေ့၊ အနာဂတ်ဗိမာန်၊ တန်ဖိုးများနှင့်ပေးဆပ်ခြင်း၊
နှစ်ယောက်တွဲတေးစုများ- ပန်းနုရောင် လက်ထပ်ပွဲ (+ဖိုးကျော်)၊ မုန်တိုင်း၏ တမန်များ (+ရဲသွင်)၊ သူစိမ်းများ (+မာရဇ္ဇ )
အုပ်စုတေးစုများ- နှုတ်ခမ်းနီ မဆိုးနဲ့၊ Emperor သင်္ကြန် သီချင်းများ၊ အဝါရောင် ဧည့်သည် Rock´n Roll Thingyan၊ အနှစ်နှစ်ဆယ် ၊ချစ်သူတွေရေးတဲ့ မှတ်တမ်း၊ ထစ်ချုန်းမိုး
အုပ်စုတေးစု တစ်ချို့မှာ ပါဝင် သီဆိုခဲ့ပြီး မထွက်ဖြစ်ခဲ့တဲ့ တေးစု တစ်ချို့လည်း ကျန်ရှိခဲ့ပါသေးတယ်။
★ ငယ်သူငယ်ချင်းဖြစ်သူ ဦးသက်ဝင်း ရဲ့ ပြောစကားများ★
ဦးနဲ့ သူနဲ့ စခင်တာ က မန္တလေး အမှတ် (၁၄) ကျောင်းမှာပေါ့။ ဆိုးတူ ဆိုးဖက်တွေလို့ ပြောရမယ်။ ဆံပင်အရှည်ထားလို့ ဆိုပြီး ကျောင်းအုပ် ဆရာကြီးက ဆံပင် ညှပ်ခိုင်းတာ ဒုတိယ အကြိမ်မြောက်မှာ ခေါင်းတုံးတုံး လိုက်လို့ မိဘခေါ်ပြီး ကျောင်းထုတ်လိုက်တာ။ ဦးတို့ သူငယ်ချင်း သုံးယောက်လုံး အထုတ်ခံလိုက်ရ တယ်။ 
ငယ်ငယ် ကတည်းက အသံကောင်းလို့ သူ့ကို အာဂ လို့ခေါ်ခဲ့ကြတာ။ နောက် ဂငယ် ဆိုပြီး ခေါ်ကြတယ်။  နောက်ပိုင်း သူ့ကို အသက်ငယ်တဲ့ သူတွေက ကိုဃကြီး လို့ခေါ်ကြရင်း ဃကြီး နာမည် တွင်သွားခဲ့တာပါ။ ဂီတ နဲ့ ပတ်သက်ပြီး သူ လုပ်ချင်ခဲ့တာတွေက တော်တော် များတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက် တဲ့ ဓမ္မတေးတွေ ကို ရော့ခ်ဘောင် ထဲမှာ ထည့်ပြီးတော့ ဆိုချင်တဲ့ စိတ်ကူးမျိုး သူ့မှာရှိတယ်။
 နောက် လူ့ ကျင့်ဝတ်၊ နိုင်ငံရေးတွေ နဲ့ ပတ်သက်ပြီးတော့လည်း သီဆိုချင်ခဲ့တယ်။ သူက စိတ်ထဲမှာ နှစ် သက် အားရတယ် ဆိုတဲ့ သီချင်းရယ်လို့ ဘယ်တော့မှ မပြောခဲ့ဘူး အားမရသေးဘူး မကျေနပ်သေးဘူးကွာ ဆိုတာချည်းပဲ။ ဂျူနီယာတွေ ကိုလည်း သီချင်း ဆိုရင် ဗမာသံ ပီပီသသ ဆိုကြကွာလို့ တိုက်တွန်းတယ်။ 
ဂီတာတီး၊ သီချင်း ဆိုတာကို ဆယ့်နှစ်နှစ်သားလောက် ကတည်းက တစ်စိုက် မတ်မတ် လုပ်လာခဲ့ပြီး ဂီတကိုပဲ သူ ရူးသွပ်ခဲ့တယ်။ ဂီတက လွဲလို့ ဘာကိုမှ သူ စိတ်မဝင်စားခဲ့ဘူး။ Own tune အခွေရယ်၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အခွေ တစ်ခွေရယ်၊ သူ လုပ်လက်စ အခွေရယ်၊ လုပ်မယ် လို့ အားခဲထားပြီး လုပ်ခွင့် မရခဲ့တာ သုံးခွေကျန်ခဲ့တယ်။ 
အနုပညာလောဘ သိပ်ကြီးတာ။ တစ်ကယ်တမ်း ကျတော့ သူတင်ပြချင်တာတွေကို မတင်ပြလိုက်ရဘူး။ နောက်ဆုံး အချိန်ထိ `ငါ ဆိုချင်သေးတယ်ကွာ´လို့ ပြောသွားခဲ့ ရှာတယ်။ ရောဂါက ပေပေတေတေ နေလိုက်တာ။ ပလက်ဖောင်းပေါ်မှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ၊ တက္ကသိုလ် ပတ်ဝန်းကျင် အဆောင်မှာ လှည့်တီးခဲ့တာတွေ၊ အပေါင်းအသင်း စုံခဲ့တာတွေ၊ အဓိက ကတော့ အရက် စွဲခဲ့လို့ပေါ့။ ပြင်းပြင်း ထန်ထန် ခံစား ရပြီး လေဖြတ် သွားတော့ သူ အရက်ဖြတ်လိုက်သေးတယ်။ 
ဒါပေမယ့် အပြင်းအထန်သောက်ခဲ့တဲ့ ဒဏ်တွေက အသည်းကို ထိပြီး နောက်ဆုံး အသက်ပေးလိုက်ရတဲ့ အဆင့် အထိ ဖြစ်သွားတော့တာပါပဲ။ 
မြန်မာနိုင်ငံ မှာ ရော့ခ်ဂီတ မထွန်းကားခဲ့စဉ် အခါကတည်းက ပရိသတ် လက်ခံအောင် ကြိုးစားခဲ့ရတဲ့ ရော့ခ်ကားကြီးတွေ ထဲက တစ်ဦးဖြစ်သူ ဟယ်ရီလင်း ရဲ့ ဘဝလမ်းကြောင်းတွေကို လက်လှမ်း မီသလောက် ဖော်ပြပေးခဲ့ ပါတယ်။ 
ဂီတ တစ်ခုတည်းကိုသာ အာရုံ စိုက်ခဲ့တဲ့ ဂီတ အနုပညာရှင်ရဲ့ သီချင်းတွေ ကတော့ ကျန်ရစ်နေခဲ့ဦးမှာပါပဲ။ ရော့ခ်ဂီတ ကို မြတ်နိုး တန်ဖိုးထား ရူးသွပ် ခဲ့တဲ့ တေးသံရှင် ဟယ်ရီလင်း တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

(ဒီကဏ္ဍ အတွက် သိလိုသမျှကို စိတ်ရှည် လက်ရှည် ဖြေကြားပေးပါသော တေးသံရှင် ဟယ်ရီလင်း ရဲ့ ငယ်သူငယ်ချင်း ဦးသက်ဝင်း ၊တေးရေး သော်ဒီဝေ နဲ့ ဟယ်ရီလင်း ရဲ့ မိသားစု တို့အား အထူးကျေးဇူး တင်ရှိပါ တယ်။)

ဟယ်ရီလင်း သီချင်းများစုစည်းမှု
******************************
၀၀ - ကြိုက်သလိုနေနိုင်တယ် (၁၉၈၆)
-------------------------------------------
၀၁ - အကောင်းဆုံး
https://my.pcloud.com/publink/show?code=zUGrtalK
၀၂ - မင်းဆီအပြေး
https://my.pcloud.com/publink/show?code=tUGrtalK
၀၃ - အချိုဆုံး (ပါးကလေးနမ်း)
https://my.pcloud.com/publink/show?code=6UGrtalK
၀၄ - အိပ်မက်မီးရထား
https://my.pcloud.com/publink/show?code=XOGrtalK
၀၅ - ဒူးယားစီးကရက်
https://my.pcloud.com/publink/show?code=JOGrtalK
၀၆ - လျှပ်စစ်မျက်လုံး
https://my.pcloud.com/publink/show?code=s6GrtalK
၀၇ - ဂန္တဝင်မြေက်အိမ်အပြန်
https://my.pcloud.com/publink/show?code=eLtitalK
၀၈ - ကိုယ်ဟာနာရီတစ်လုံး
https://my.pcloud.com/publink/show?code=MSqitalK
၀၉ - နေ့သစ်များ
https://my.pcloud.com/publink/show?code=sEGrtalK
၁၀ - ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့
https://my.pcloud.com/publink/show?code=f6GrtalK
၁၁ - ပေးဆပ်ခြင်းများ
https://my.pcloud.com/publink/show?code=LEGrtalK
၁၂ - ကြိုက်သလိုနေနိုင်တယ်
https://my.pcloud.com/publink/show?code=mEGrtalK
၁၃ - မင်းဂရုစိုက်
https://my.pcloud.com/publink/show?code=dOGrtalK

၀၁ - ဟယ်ရီလင်းရဲ့ဟယ်ရီလင်း (၁၉၉၁)
--------------------------------------------------
၁၄ - ပျောက်သွားမှာစိုး
https://my.pcloud.com/publink/show?code=pIGrtalK
၁၆ - ကိုယ်ဟာဂျစ်ပစီ
https://my.pcloud.com/publink/show?code=xEGrtalK
၁၇ - အိပ်ယာအောက်ကသီချင်းတစ်ပုဒ်
https://my.pcloud.com/publink/show?code=c6GrtalK
၁၈ - အချစ်နဲ့ပေါင်မုန့်
https://my.pcloud.com/publink/show?code=MEGrtalK
၁၉ - အားလုံးပြန်ယူသွားပါ
https://my.pcloud.com/publink/show?code=RGGrtalK
၂၁ - မစဉ်းစားနဲ့
https://my.pcloud.com/publink/show?code=5iGrtalK
၂၂ - သြော်အချစ်
https://my.pcloud.com/publink/show?code=A3GrtalK
၂၃ - ငြိမ်းလို့မရသောမီး
https://my.pcloud.com/publink/show?code=BvGrtalK
၂၄ - အဆိပ်ငွေကြေး
https://my.pcloud.com/publink/show?code=33GrtalK
၂၅ - ရော့(ခ်)အင်ရိုးနတ်သမီး
https://my.pcloud.com/publink/show?code=3GGrtalK
၂၆ - ကိုယ်ရူးသွားရင်
https://my.pcloud.com/publink/show?code=uGGrtalK
၂၇ - မောပန်းနေပြီ
https://my.pcloud.com/publink/show?code=cvGrtalK
၀၂ - ဂြိုလ်သားတစ်ယောက်
-------------------------------
၂၉ - မယူချင်ဘူး
https://my.pcloud.com/publink/show?code=QkvrtalK
၃၁ - နည်းသေးတယ်ဟေ့
https://my.pcloud.com/publink/show?code=BVvrtalK
၃၂ - မိုင်တွေဝေး
https://my.pcloud.com/publink/show?code=JkvrtalK
၃၃ - အမှတ်အသားများ
https://my.pcloud.com/publink/show?code=NXvrtalK
၃၄ - မေတ္တာတရား
https://my.pcloud.com/publink/show?code=g0vrtalK
၃၅ - မိန်းကလေးမဟုတ်ဘူး
https://my.pcloud.com/publink/show?code=e0vrtalK
၃၆ - ပါးစပ်များ
https://my.pcloud.com/publink/show?code=gkvrtalK
၃၇ - အိပ်မက်ထဲ
https://my.pcloud.com/publink/show?code=cXvrtalK
၃၉ - ဘယ်နှယ့်လုပ်ကြမလဲ
https://my.pcloud.com/publink/show?code=oXvrtalK
၄၀ - ဒါအချစ်လား
https://my.pcloud.com/publink/show?code=i7vrtalK
၄၁ - ဂြိုလ်သားတစ်ယောက်
https://my.pcloud.com/publink/show?code=EkvrtalK
၀၃ - တန်ဖိုးများနှင့်ပေးဆပ်ခြင်း
----------------------------------
၄၂ - ဂမ္ဘီရဝိညာဉ် (ဝိညာဉ်ခေါ်သံ)
http://pc.cd/AkvrtalK
၄၃ - ဝေဒနာလေဆာဓါတ်ပြား
http://pc.cd/HXvrtalK
၄၄ - ဝေးဝေးဝေး
http://pc.cd/mkvrtalK
၄၅ - မင်းနဲ့ငါရဲ့ဓါတ်ပုံ
http://pc.cd/T0vrtalK
၄၆ - သံယောဇဉ်မီးများ
http://pc.cd/Bl17
၄၇ - အဆုံးမဲ့တရားလမ်းမဲ့ခရီး
http://pc.cd/rw17
၄၈ - ပင်လယ်သို့
http://pc.cd/zXvrtalK
၄၉ - ခန္ဓာကိုယ်ရဲ့
http://pc.cd/Ql17
၅၀ - ပြင်ဆင်ခြင်းနတ်သမီး
http://pc.cd/lkvrtalK
၅၁ - မေ့လိုက်ပြီ
http://pc.cd/XkvrtalK
၅၂ - လိမ္မော်ရောင်နှုတ်ခမ်းများ
http://pc.cd/crqitalK
၅၃ - ကျွန်တော့်ရဲ့အပြစ်
http://pc.cd/HVvrtalK
၅၄ - ကောင်းကင်အောက်မှာပျောက်ဆုံးခြင်း
http://pc.cd/AfwitalK
၀၄ - အနာဂတ်ဗိမာန်
-----------------------
၅၅ - အနာဂတ်ဗိမာန်
http://pc.cd/RVvrtalK
၅၆ - ညဆိုး
http://pc.cd/Xd17
၀၅ - ကျောက်ခေတ် ၏ နောက်ဆုံးနေ့
-----------------------------------------
၅၇ - ဝိုင်..မင်းလေးရဲ့အကြောင်း
http://pc.cd/vLlitalK
၅၈ - မန္တလေးလွမ်းတေး
http://pc.cd/VkvrtalK
၅၉ - လပြည့်ဝန်းညလေး
http://pc.cd/4d17
၆၀ - ထူးဆန်းသောစိတ်ဓါတ်များ
http://pc.cd/Yl17
၆၁ - အားလုံးကိုပေးမယ်
http://pc.cd/1kvrtalK
၆၂ - လိုတယ်
http://pc.cd/u1xitalK
၆၃ - ထားရစ်ခဲ့တော့
http://pc.cd/U0vrtalK
၆၄ - အနမ်းရဲ့နှစ်ပိုင်းတစ်ပိုင်း
http://pc.cd/x9litalK
၆၅ - ကြိုသောနေ့
http://pc.cd/m9witalK
၆၆ - ကံကြမ္မာရဲ့ဖဲချပ်များ
http://pc.cd/Sl17
၆၇ - ငြင်းပယ်ခံရခြင်း
http://pc.cd/b0vrtalK
၆၈ - အဆုံးရှိပါဦးမလား
http://pc.cd/rd17
၀၆ - နောက်လူမြည်းရင် ချိုပါစေ
-----------------------------------
၆၉ - ဥပမာ၏နောက်ဆက်တွဲ
http://pc.cd/0WditalK
၇၀ - နောက်လူမြည်းရင်ချိုပါစေ
http://pc.cd/VXvrtalK
၇၁ - နားထောင်ချင်တဲ့ သီချင်းစာရင်း
http://pc.cd/mPD7
၇၂ - ရော့ခ်အင်ရိုးမိစ္ဆာ
http://pc.cd/LdditalK
၇၃ - အင်လျားရေပြင် မမြင်ချင်ပါ
http://pc.cd/1K17
၇၄ - အချိန်ပေးပါ အချစ်ပေးမယ်
http://pc.cd/Px17
၇၅ - ၂၃၀,၀၀၀ မိုင်မှာ သင်္ခါရတရားများ
http://pc.cd/DK17
၇၆ - သူသည်စာအုပ်မှန်ပင်လယ်ဖြစ်၏
http://pc.cd/W0vrtalK
၇၇ - လကလေးကချိုတော့နင့်ငါချစ်တယ်
http://pc.cd/t7vrtalK
၇၈ - ခွေးဖြူ
http://pc.cd/MVvrtalK
၇၉ - ခွေးဖြူထက်အငယ်
http://pc.cd/wx17
၈၀ - နင်ဟာမိန်းမကြီးဖြစ်ခဲ့ပြီ
http://pc.cd/sXvrtalK
၀၇ - VA ( တံခါး - ၂၀၀၃ )
-----------------------------
၈၁ - အိပ်မက်များစုစုပေါင်း ၃၆၀ ဒီဂရီ
http://pc.cd/FfvrtalK
၈၂ - လမင်းဓါးစက်အောက် ကြိမ်ဖန်များစွာ
http://pc.cd/3BvrtalK
၀၈ - ပန်းနုရောင် လက်ထပ်ပွဲ (ဖိုးကျော်)
-------------------------------------------
၈၃ - ရင်ဆိုင်
http://pc.cd/m2vrtalK
၈၄ - ကံတရားရဲ့နေ့ဆိုးများ
http://pc.cd/hBvrtalK
၈၅ - အမှား
http://pc.cd/ojvrtalK
၈၆ - အချစ်တဲ့
http://pc.cd/vBvrtalK
၈၇ - ချစ်သူရည်းစား
http://pc.cd/UuvrtalK
၈၈ - ချစ်ခြင်းများကို တွေးခေါ်ခြင်း
http://pc.cd/TvtitalK
၀၉ - မုန်တိုင်း ၏ တမန်များ (ရဲသွင်)
--------------------------------------
၈၉ - အားလုံးအဆင်သင့်
http://pc.cd/1lvrtalK
၉၀ - လျှပ်စစ်မျက်လုံး
http://pc.cd/pxvrtalK
၉၁ - ကြယ်ငေးသူ
http://pc.cd/3KvrtalK
၉၂ - အချိုဆုံး
http://pc.cd/jKvrtalK
၉၃ - တောအလယ်ပြောမယ်
http://pc.cd/txvrtalK
၁၀ - သူစိမ်းများ (မာရဇ္ဇ - ၁၉၉၉)
------------------------------------
၉၄ - အနမ်းများရဲ့နေ့
http://pc.cd/dCvrtalK
၉၅ - ပြောတိုင်းမယုံနဲ့
http://pc.cd/iCvrtalK
၉၆ - မုန်တိုင်းထဲက စိတ်ခြေရာ
https://my.pcloud.com/publink/show?code=aKvrtalK
၉၇ - မျှော်လင့်ချက်ရဲ့ပြာများ
https://my.pcloud.com/publink/show?code=hKvrtalK
၉၈ - ဒီမှာခွဲကြစို့
https://my.pcloud.com/publink/show?code=OCvrtalK
၉၉ - အချစ်နဲ့
https://my.pcloud.com/publink/show?code=CCvrtalK
၁၁ - တစ်ခါက ၁၆ နှစ်
------------------------
၁၀၀ - တစ်ခါက ဆယ့်ခြောက်နှစ်
https://my.pcloud.com/publink/show?code=KKvrtalK
၁၀၁ - မိန်းကလေး
https://my.pcloud.com/publink/show?code=KCvrtalK
၁၀၂ - လူစိမ်း
https://my.pcloud.com/publink/show?code=KlvrtalK
၁၀၃ - ဘဝရဲ့ခရီးသည်
https://my.pcloud.com/publink/show?code=8KvrtalK
၁၂ - နှုတ်ခမ်း နှင့်  ပန်းပွင့်
--------------------------
၁၀၄ - လောင်စာများ
https://my.pcloud.com/publink/show?code=jxvrtalK
၁၀၅ - အိပ်မက်
https://my.pcloud.com/publink/show?code=swvrtalK
၁၃ - ဟယ်ရီလင်း - Collection
-----------------------------------
၁၀၆ - ၂၁ရာစုလူသားသီချင်း
https://my.pcloud.com/publink/show?code=9tJctalK
၁၀၇ - ကျွန်တော့ပစ္စည်းစာရင်း
https://my.pcloud.com/publink/show?code=EtJctalK
၁၀၈ - ကိုယ့်တစ်ယောက်တည်း
https://my.pcloud.com/publink/show?code=QOJctalK
၁၀၉ - စက်တင်ဘာမှာဝေတဲ့နှင်း
https://my.pcloud.com/publink/show?code=WEJctalK
၁၁၀ - တမလွန်ခရီးသည်
https://my.pcloud.com/publink/show?code=C6JctalK
၁၁၁ - ဒိုင်ယာရီ
https://my.pcloud.com/publink/show?code=aEJctalK
၁၁၂ - ဒိုင်ယာရီအဟောင်းရဲ့တစ်မျက်နှာ (VA)
https://my.pcloud.com/publink/show?code=GtJctalK
၁၁၄ - ဘ၀ရဲ့ခရီးသည်
https://my.pcloud.com/publink/show?code=jqJctalK
၁၁၅ - ဘယ်ပန်းချီရေးလို့မမှီ
https://my.pcloud.com/publink/show?code=bOJctalK
၁၁၆ - မငိုနဲ့အချစ်ရေ
https://my.pcloud.com/publink/show?code=FEJctalK
၁၁၇ - မဏ္ဏပ်ထဲကသူ
https://my.pcloud.com/publink/show?code=dqJctalK
၁၁၈ - ရင်ဖွင့်ကြိုနေခဲ့သော်လည်း
https://my.pcloud.com/publink/show?code=DtJctalK
၁၁၉ - လမင်းဓါးစက်အောက် ကြိမ်ဖန်များစွာ
https://my.pcloud.com/publink/show?code=M6JctalK
၁၂၀ - လူစိမ်း
https://my.pcloud.com/publink/show?code=3tJctalK
၁၂၁ - လူသား ကျွန်ုပ်တို့သမိုင်း
https://my.pcloud.com/publink/show?code=ptJctalK
၁၂၃ - သရဲမလေး
https://my.pcloud.com/publink/show?code=1tJctalK
၁၂၄ - အချစ်ဆိုသည်မှာတခါတရံ
https://my.pcloud.com/publink/show?code=d6JctalK
၁၂၅ - အချစ်ဒါပဲလား
https://my.pcloud.com/publink/show?code=X6JctalK
၁၂၆ - အစားထိုးမရဘူး
https://my.pcloud.com/publink/show?code=LtJctalK
၁၂၇ - အစိမ်းရောင်လွင့်ပြယ်နေ့ရက်များ http://pc.cd/gaJctalK
၁၂၈ - အဖြစ်အပျက်ကသိပ်မြန်
https://my.pcloud.com/publink/show?code=ROJctalK
၁၂၉ - အများသုံးဘာသာစကား ၁
https://my.pcloud.com/publink/show?code=HEJctalK
၁၃၀ - အမှတ်တရမိနစ်များ
https://my.pcloud.com/publink/show?code=6qJctalK
၁၃၁ - အသွင်ပြောင်းတေး http://pc.cd/OaJctalK
၁၃၂ - အိပ်မက်ကုန်သည်
https://my.pcloud.com/publink/show?code=FNJctalK
၁၃၃ - အိပ်မက်များစုစုပေါင်း ၃၆၀ ဒီဂရီ
https://my.pcloud.com/publink/show?code=JIJctalK
၁၃၄ - အိပ်မက်ဆောင်း
https://my.pcloud.com/publink/show?code=RIJctalK
၁၃၅ - အနှစ်နှစ်ဆယ်
https://my.pcloud.com/publink/show?code=AOJctalK
၁၃၆ - ချောရယ်
https://my.pcloud.com/publink/show?code=UUJctalK
၁၃၇ - ရွှေတောင်ကြား
https://my.pcloud.com/publink/show?code=BNJctalK
၁၃၈ - ရွှေပေါက်တူး
https://my.pcloud.com/publink/show?code=RAJctalK
၁၃၉ - လေတွေတိုက်တဲ့အချိန်
https://my.pcloud.com/publink/show?code=WOJctalK
၁၄၀ - နွေရာသီဇတ်လမ်း (မီမီဝင်းဖေ)
https://my.pcloud.com/publink/show?code=5UJctalK
၁၄၁ - နှစ်သစ်ဂီတ ၂
https://my.pcloud.com/publink/show?code=dIJctalK


Over 40 Songs
collect & shared by axlerose
http://www.mmcybermedia.com
http://axeltkw.blogspot.com
some songs title name is missing
some songs are m4a format
thanks ...
http://www.mediafire.com/…/n…/ဟယ်ရီလင်း%20-%20Collection.rar
http://axeltkw.blogspot.com/…/discography-of-herry-lynn.html
@ Ko Axel Rose ထံမှာ ခွင့်ပြုချက်တောင်းခံပြီး တစ်ပုဒ်ချင်း ပြန်ဝေမျှပါတယ်။ ကျန်ရှိနေတဲ့ သီချင်းတွေ  လည်း အလျင်းသင့်သလို တင်ပေးသွားပါ့မယ်။
Link credit ko naing & ka lee

No comments:

Post a Comment