Sunday, October 25, 2015

World of Famous Guitarists { Joe Satriani }

 


Joe Satriani ကို 1956 ခုနှစ် Nwe York မြို့ Westbury မှာမွေးဖွား တာဖြစ်ပါတယ်။ သူ ဂစ်တာနှင့် အသက်မွေး နေ တဲ့ ကာလ များ အတွင်း မှာ သူဟာ သီဆိုဖျော်ဖြေ ရတာထက် စာရင် ဆရာဖြစ်ရန် အထုံပါ သူ တစ်ယောက်လဲဖြစ်ပါတယ်။ 

သူဟာ ဆရာ အဖြစ်ရော နည်းပြပေးသူ အဖြစ် နဲ့ပါ သင်ကြားပေးခဲ့သူ နာမည်ကျော်များ ဦးရေဟာ ၈၀ မှ ၉၀ ကြားရှိပါတယ် ။ 

အဲဒီ အထဲ မှာ Steve Vai, Metallica က Kirk Hammett,  Primus က Larry LaLonde , နှင့် Counting Crows က David Bryson တို့ ဖြစ်ကြပါတယ် ။ သူ သင်ပေးခဲ့တဲ့ ဂီတ ပညာရှင် အားလုံးကို အလှုံ့ဆော်နိုင် ဆုံး ကတော့ သူ့ရဲ့ Satch Boogie ဖြစ်ပါတယ် ။


သူ ငယ်စဉ်က Jimi Hendrix ကို အရမ်း ကို ကြည်ညိုလေးစား အားပေးခဲ့သူဖြစ်ပါတယ်။ Jimi Hendrix သေ ဆုံးပြီးသွားတဲ့နောက်ပိုင်း သူဟာ ဘောလုံး အသင်းက ထွက်လိုက်ပြီး သူကိုယ်သူ ဂစ်တာ သမား ဖြစ်အောင် ကြိုးစား ဖိုရန် ဘဝ ကိုမြှုတ်နှံထားလိုက်တော့တယ်။ 

သူလေးစား တဲ့ ဂီတ ပညာရှင် တွေက အများကြီးပါ ။ Led Zeppelin နှင့် Black Sabbath တို့လဲ ပါဝင်ပါ တယ်။ 1970 ခုနှစ်များ အတွင်း က သူဟာ အခြားအောင်မြင်ကျော်ကြားသော Jazz ဂီတ တစ်ချို့ကိုလေ့လာ လိုက်စား ခဲ့ပါသေးတယ်။ 

အဲဒီ အထဲမှာ စန္ဒယား ပညာရှင်များဖြစ်ကြတဲ့ Lennie Tristano နှင့် Billy Bauer တို့လဲ အပါအဝင်ဖြစ်ပါ တယ်။ အထူး သဖြင့် သူဟာ နည်းပညာပိုင်း ကို ခရေစေ့တွင့်းကျ လိုက်ပြီးလေ့လာ ခဲ့သူဖြစ်ပါတယ်။  

1974 ခုနှစ် များ မှာတော့ သူ့ဆီမှာ တပည့်ခံသူ  တော်တော် လေး  များလာ ပါပြီ ။ Steve Vai အပါ အဝင်ဖြစ် ပါတယ်။ 1978 ခုနှစ် မှာ Joe ဟာ Berkeley California ကိုပြောင်းလာပြီးတော့ သူ့ရဲ့ ဂစ်တာ သမား ဘဝကို စတင်ဘို့မျှော်လင့်ချက်တွေ နဲ့ ဖြစ်ပေမဲ့ မကြာခင် မှာဘဲ သူဟာ ဂစ်တာတီး သင်တဲ့ အလုပ် ကိုဘဲ ပြန်လည် လုပ်ဆောင်ခဲ့ရပါတယ်။ 

အထက်မှာ ဖေါ်ပြထား တဲ့ ဂီတ ပညာရှင် များကို ဆက်လက် သင်ကြားပေးရ သလို Third Eye Blind ၏ အတီး သမားဖြစ်တဲ့ Kevin Cardogan, Geoff Tyson, နှင့်  jazz ဂီတ သမားဖြစ်တဲ့ Charlie Hunter နှင့် Testament က Alex Skolnick တို့ကို လဲ ဘဲ သင်ကြားပေးတဲ့ ဆရာ တစ်ယောက်ဖြစ်ပါတယ်။ 

ဒီ့ အပြင် သူကိုယ်တိုင် ကလဲ ဂစ်တာသမား ကောင်း တစ်ယောက်အဖြစ် 1980 ခုနှစ်များ မှာ The Square မှာ တီးခတ် ပါတယ်။   

Greg Kihn အတွက် လဲ  Love and Rock ‘n’ Roll.  Album မှာ Lead ဂစ်တာ တီးပေးသူဖြစ်ပါတယ်။  Stevie Vai အောင်မြင် လာတဲ့ 1986 ခုနှစ်မှာ တော့ Interview နှင့် Magazine တွေ မှာ သူအောင်မြင်ရခြင်း အကြောင်းတွေ ဟာ Joe Satriani   ကြောင့်ဖြစ်တယ် ဆိုတာ ကိုဖြေကြား သွားတာ အများအပြားတွေ့ရ ပါတယ်။ 

ဒီတော့မှ Rock ဂီတ ကို လေးစားကြသူများ က သူ့ကို သတိပြုမိလာကြပါတယ်။ သူ့ရဲ့ ပထမဆုံ Album ကတော့ Not of This Earth  ဖြစ်ပါတယ်။


Joe Satriani ရဲ့ ပထမဆုံ Album ဖြစ်တဲ့ Not Of This Earth
Joe ရဲ့ 1987 ခုနှစ် album ဖြစ်တဲ့ Surfing With the Alien  ဟာ အရမ်း ကိုအောင်မြင်ခဲ့ပါတယ်။ Surfing With the Alien  ကို သူ့ ရဲ့ One Man Show လေးကို မူ၇င်း Link မှာ  ဖေါ်ပြပေးထားပါတယ်။
 
ဒီ အခွေ မှာ စုစုပေါင်း  နှစ်သန်းကျော်လောက်ရောင်း ရတဲ့ အပြင် အကြိမ်ကြိမ် ထပ်မံ ထုတ်ဝေခဲ့ရတဲ့ အခွေလဲ  ဖြစ်ပါတယ်။ ဒီခွေ ဟာ နှစ်တော်တော်ကြာကြာ အရောင်း ရဆုံး အဖြစ် ရပ်တည်နေခဲ့တာ လည်းဖြစ် ပါတယ်။  

“Satch Boogie” ဟာလည်း အကောင်းဆုံး ဂစ်တာ Solo 100 စာရင်း မှာ အမှတ်စဉ် 55 ချိပ်ခဲ့ပါတယ်။ ဒါတွေ ဟာ သူ့ အတွက် တေးရေး ဆရာ နှင့် ထုပ်လုပ်သူ လုပ်နိုင်အောင် အခွင့်အရေး လမ်းကြောင်း ပွင့်သွားခဲ့တာ လဲဖြစ်ပါတယ်။ 

အဲဒီ တစ်နှစ် ထဲ မှာဘဲ Lead ဂစ်တာ သမား Mick Jagger  ဟာ သူနဲ့ အတူ Australia နှင့် New Zealand မှာ သူ့ Promotion အတွက် တီးရန် ဖိတ်ခေါ်ခြင်း ခံရပါတယ်။ ပြီးတော့ Flying In A Blue Dream ဟာ Joe ရဲ့ တတိယခွေဖြစ်ပါတယ်။ ဒီခွေ ကို 1989 သူ ကိုယ်ပိုင်ဖြန့်ဝေတာဖြစ်ပါတယ်။ ဒီခွေမှာ သူကိုယ်ပိုင် သီချင်းတော်တော် များများ ပါဝင်ပါတယ်။
Joe Satriani - Flying In A Blue Dream (Satriani LIVE!)

ဒီ Album ထဲက “One Big Rush” သီချင်းတော့ Say Anything ရဲ့ ဇတ်ဝင် သီင်္ချင်းဖြစ်ခဲ့ရ ပါတယ်။
1990 မှာ Joe Satriani ကို ဂစ်တာ ထုတ်လုပ်သော ကုမ့ဏီ ဖြစ်တဲ့ Ibanez Company က သူ့တို့ရဲ့ ထုတ်ကုန် မှာ အမည်ခံပေးဘို့ ကမ်းလှမ်း လာတာကို သဘောတူ လက်ခံပြီး စာချုပ်ချပ်ဖြစ်ခဲ့ပါတယ်။  

သူတို့ ကုပ္ပဏီမှ ထုပ်လုပ်သော ဂစ်တာ များမှ တစ်ခုချင်းစီတွင် JS ဟုရေးထိုးထား ပါတယ်။ Joe Satriani ကိုယ်တိုင် လဲ JS1000 သို့မဟုတ် JS1200 အသုံးပြုပြီး ဖေါက်သည်တွေ ကိုကြော်ငြာပေးပါတယ်။ ပြီးတော့ Double Neck လို့ခေါ်တဲ့ ဖလက်တန် နှစ်ခု ပါတဲ့ JS700 လဲ တော်တော် သဘောတွေ့ပြီးအသုံးပြုပါတယ်။ Chrome Boy ဆိုတဲ့ ဂစ်တာ အမျိုးအစား ဟာလဲ သူ အလွန်နှစ်သက်တဲ့ ဂစ်တာ တစ်မျိုးပါ။ 1992 ခုနှစ်မှာ The Extremist ကိုဖြန့်ဝေခဲ့ပါတယ်။
The Extremist - Joe Satriani

”Summer Song” အတီးလေးဟာ DJ ရေဒီယို ကနေ ပေါ်ပြူလာဖြစ်သွားခဲ့ရပါတယ်။

Time Machine ကတော့ 1993 ခုနှစ်ထုပ်တဲ့ Album ဖြစ်ပြီးနှစ်ခွေတွဲဖြစ်ပါတယ်။ ဒီခွေလေးက သူ့ရဲ့ထုတ် ဝေဖြစ် တဲ့လက်ရာလေး ကို ထုက်လုပ်ဖြစ်တဲ့ အခွင့်ရေးလေးလဲဖြစ်ပါတယ်။
Joe Satriani - "Time machine" (Live in Paris)

1993 ခုနှစ်မှာ တော့ Joe ဟာ Deep Purple နှင့် လက်တွဲဖြစ်ခဲ့ပါတယ် ။ ဘာကြာင့်လဲ ဆိုတော့ Deep Purple ရဲ့ Lead ဂစ်တာ သမား Ritchie Blackmore ဟာ သူတို့ဝိုင်း မှနှု တ်ထွက် သွားတာကြောင့် ဘဲဖြစ်ပါတယ်။ 

သူတို့ နှစ်ဦး တွဲပြိးတဲ့နောက် Japan မှာ သီဆိုတဲ့ ပွဲတွေမှာ အရမ်း ကိုအောင်မြင်ခဲ့ ပါတယ်။ ဒါကြောင့် Joe ဟာ သူတို့ အဖွဲမှာ ပင်တိုင် တီးဘို့ပြောလာတာ ကို Deep Purple က လက်ခံကြိုဆို ခဲ့ပါတယ်။ သို့ပေမဲ့ သူတိုနှစ်ဦး ဟာ အိမ်ထဲ မှာဘဲ Album တော်တော် များများ ကို အလုပ်အတူ တွဲလုပ်ဖြစ်ခဲ့ပါတယ်။ 

ဒီနောက်ပိုင်း သူဟာ Sony နှင့် စာချုပ် ချုပ်ဖြစ်ခဲ့ပါတယ်။ Joe ဟာ G3 လို့ခေါ်တဲ့ နယ်လှည့် ဖျော်ဖြေပွဲကို အရမ်း စိတ်ဝင်စားခဲ့ ပါတယ်။ သူတို့ ရဲ့ G3 ပထမ ပွဲကို 1996 မှာ Joe Satriani, Steve Vai နှင့် Eric Jahnson တို့ဦးဆောင်ပြီး တောင် America မှာ မြို့ပေါင်း ၂၄ မြို့ မှာ လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။ 

ဒီပွဲ ကို ကြည့်ရှု သူပေါင်း 90,000 ခန့် ရှိတယ်လို့ အကြမ်းဖျင်း သိရ ပါတယ်။ တတိယ ပွဲစဉ် မှာတော့ John Petrucci,Paul Gilbert, Robert Fripp, နှင့် Adrian Legg တို့ ပါဝင် လာပြီး Europe, Japan, Australia, နှင့် South America မှာ လှည့်လည်ဖျော်ဖြေခဲ့ကြ။ 

Satriani ဟာ 21 ရာစုသစ် မတိုင်ခင် မှာ နောက်ထပ် Solo Album နှစ်ခုကို ထုတ်လုပ် ဖြန့်ဝေခဲ့ ပါတယ်။ သူနာမည် ထွက်လာတဲ့ 1985 မှာဖြစ်ပြီး 1998 မှာတော့ Crystal Planet ကိုထုတ် ဝေခဲ့ပါသေးတယ်။
 
G3 - Joe Satriani - Crystal Planet (05.08.2012, Crocus City Hall, Mosco
အရှေ့အလယ်ပိုင်း ပွဲများ မှာ သူဟာ Blue-Style များကို ထဲ့သွင်း တီးပြတဲ့ အခါမှာ သူ့ရဲ့ Metal ကို သဘောကျ နှစ်သက်သူများ က သူ့ကိုဒေါသဖြစ်ကြပါသေးတယ် ။ 

တကယ်တော့ သူဟာ စွယ်စုံရ ဂီတ ပညာရှင်ဖြစ်တာ ကိုပြသ တာဘဲဖြစ်ပါတယ်။ သူဟာ အခြားသော အဆိုတော်များ ရဲ့ Album များမှာလဲ တီးပေးခဲ့ပါသေးတယ် ။ ဒီ Album ကတော့ Alice Cooper’ရဲ့ Hey Stoopid, ဖြစ်ပါတယ်။
Alice Cooper - Hey stoopid HQ


Strange Beautiful Music ကို 2002 မှာ ထုတ် ဝေခဲ့တာဖြစ်ပါတယ်။

Is There Love in Space ကို 2004 မှာ ထုတ် ဝေပါတယ်။
ဒီနောက်ပိုင်းမှာတော့ သူ့ကို Grammy Awards ဆု ၁၄ ခု အတွက် သတ်မှတ်ခြင်းကို ခံရပါတယ် ။ ဒီ ဆုကို ရဖူးသူ တစ်ယောက် မှ မရှိသေးပါဘူး။ သူဟာ Peavey က ထုတ်လုပ် တဲ့ JSX  amplifiers ကို လဲကြော်ငြာပေး သူဖြစ်ပါတယ်။  

သူဟာ 2001 ခုနှစ် ထဲ စတင် အသုံးပြု လာတာဖြစ်ပြီး ဒိ့ မတိုင်ခင်မှာ ကတော့ Marshall amplifiers ကိုသာ သုံးစွဲ ခဲ့တာဖြစ်ပါတယ်။ ဂစ်တာ Effect နဲ့ ပတ်သက်ပြီးသူ သုံးခဲ့တာတွေ ကတော့ Vox Wah, Dunlop Cry Baby, နှင့် Digitech က ထုတ်တဲ့ Whammy တို့ အပြင် အခြားသော အမျိုးစားများ ကိုလဲ သုံးပါတယ်။  

Planet Waves  ကုမ္ပ္ပဏီ နှင့် လဲ သူ့ရဲ့ လက်မှတ် ကို ဂစ်တာမှာ ထဲ့ပေးဘို့ စာချုပ် ချုပ်ခဲ့ပါတယ်။ သူဟာ Mini Colossal ခေါ်တဲ့ A အဆင့် ရှိ 5 Watt amplifiers များ ထုတ်လုပ် ရာမှာ supervise လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်ထဲ က သူဟာ ပြိုင်စံရှားသူ အဖြစ်ချီးကျူးထောပနာပြုတာကို ခံခဲ့ရသူပါ။ 

နည်းစနစ်ပေါင်း များစွာ ကိုလဲ တည်ထွင် ခဲ့သူလဲဖြစ်ပါတယ်။ သူဟာ Pitch Axis Theory ကို ကျွမ်းကျင်သူ အဖြစ် လဲ ထင်ရှားသူဖြစ်ပါတယ်။ Pitch Axis Theory ကို စာဖတ်သူများ သိစေလိုတဲ့ အတွက် YouTube ကနေ Video လေး ကူးထဲ့ပေးထား ပါတယ်။
                မူ၇င်း Link မှာ  ဖေါ်ပြပေးထားပါတယ်။  



သူဟာ Harmonics, Legato Picking, နှင့် Two Handed Tapping.နည်းပညာ များရဲ့ ဆရာကြီး တစ်ယောက်ဖြစ် ပါတယ်။ ဒီ အကြောင်း များကို Kiwipedia မှာ သွားရောက်လေ့လာကြပါ ။ သင်သိလိုသော စာလုံးများပေါ်မှာ ပွိုင့်တာ တင်ပြီး နှိပ်ပါ ။

 Kiwipedia စာမျက်နှာ ကိုရောက်အောင် Link ချိပ်ထားပေးပါတယ် ။ သူဟာ ဘယ်လောက်ဘဲ ကမ္ဘာကျော်နေ ပါစေ ယနေ့တိုင် ဂစ်တာ တီးသင်ပေးနေဆဲ့ဖြစ်ပါတယ်။ 2006 ခုနှစ် မှာတော့ ဘာ အကျိုး အမြတ် ကိုမှ မကောက်ခံ တဲ့ Little Kids Rock အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ 

ဒီ အဖွဲ့ကို တူရီယာများ အပါဝင် ဂီတ သင်ခန်းစာများ ကို ထောက်ပံ့ပေးခဲ့ပါတယ် ။ ဒီ့ အတွက် အခမဲ့ သင်တန်းကျောင်း များ ကို တည်ထောင်ပေးထားပါတယ်။
 
Satriani.com   ကို သွားရောက်ကြည့်နိုင်အောင် Link ချိပ်ထားပေး ပါတယ်။ သူရဲ့ ထွက်ရှိ သမျှ စီးရီးများ ကို အောက်မှာဖေါ်ပြပေးထား ပါတယ်။ YouTube မှာ သွားရောက် ရှာဖွေကြပါ။

1989     "Always With Me, Always With You"   
         Surfing with the Alien                    
1990     "The Crush of Love"                          
1991     Flying in a Blue Dream                       
1993     The Extremist                               
1994     "Speed of Light   
1995     "All Alone"   
1997     "(You're) My World"   
1998     "Summer Song" (Live)   
1999     "A Train of Angels"   
2001     "Until We Say Goodbye"   
2002     "Always With Me, Always With You" (Live)   
2003     "Starry Night"   
2006     Super Colossal   
2008     "Always With Me,Always With You" Satriani   Live!


Video File  များကို သွားေ၇ာက် ကြည့်၇ှုန် မူ၇င်း  Link  ....  http://the100guitarists.blogspot.my/p/30.html
 

No comments:

Post a Comment