Great Guitar Tone Guide (10)
Amp + Stomp Box
ဒီ တစ်ခေါက်ပြောပြမယ့် သင်ခန်းစာကတော့ Line 6 Series များ ဖြစ်သည့် Line 6 POD HD 500 , Line 6 POD X3 , Line 6 Spider IV စသည့် မည်သည့် Line 6 Product မဆို လက်တွေ့ အသုံးချ နိုင်မည့် သင်ခန်းစာ တစ်ခု ဖြစ်ပါတယ်။
Analog Pedals များနှင့် တီးခတ်သည့် Player များအနေဖြင့်လည်း ဒီ ချိတ်ဆက်မှု Signal Chain ကို အသုံးပြုနိုင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ Line 6 ရဲ့ တည်ဆောက်ပုံဟာ Analog နှင့် တူညီတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
Amp တွေကို လေ့လာကြည့်ရာ Clean Amp လို့ ခေါ်တဲ့ အသံကြည်လင်ပြတ်သားပြီး Clean Tone ကို အဓိက ထုတ်ပေးတဲ့ Amp အမျိုးအစားများ၊ American , British စသည်ဖြင့် Crush Type Amp များ ၊ Class A Amp အမျိုးအစားများ၊ High Gain Amp အမျိုးအစားများ စသည်ဖြင့် အခြေခံ အားဖြင့် လေးမျိုး ခွဲခြားနိုင် ပါတယ်။
(၁) Clean Amp
Clean Amp အမျိုးအစား များစွာရှိပါတယ်။
> 1987 Roland Jazz Clean (or) Roland JC - 120 Transistor Amp
> Line 6 Super Clean Amp
> Fender Dulexe Reverb Amp
> Line 6 Sparkle Clean Amp
စတာတွေ ဟာ မည်သည့် Line 6 Series မှာ မဆို ပါဝင်ကြပြီး Clean Tone အတွက် ဆိုလျှင် ၎င်း Amp များကို ဦးစားပေး ရွေးချယ်ပါလို့ အကြံပြုလိုက်ပါတယ်။
American , British Amp
သူတို့ကတော့ Crush Series များ ဖြစ်ပါတယ်။ နည်းနည်း Clean ကို Gain ပိုမိုကောင်းပြီး Dirty Clean Color များကို ချိန်ပေးတဲ့ Amp အမျိုးအစား များဖြစ်ပါတယ်။