ကိုရှိန်း အောင်ငဲ ရန်ပိုင် ညအောင် တောင်ကြီးသား လူငယ်လေးဦးရဲ့ ကိုယ်ပိုင်သံစဉ် ရော့ခ်အယ်လ်ဘမ် တစ်ချပ်ပါ။ The Ants Drummer ကိုအောင်ခန့် ရှိစဉ်တည်းက ဒီ အယ်လ်ဘမ်ကို စတင်ခဲ့ကြတာ။ အတီးသမား အတော်များများက တောင်ကြီး အခြေစိုက်တွေပါပဲ။
စတူဒီယို ကတော့ တောင်ကြီးက Yin Yinနဲ့ PTL ဖြစ်ပြီး mixing & mastering ဆရာချစ် ဖြစ်ပါတယ်။ ကိုရှိန်းက လွဲလို့ ကျန်လူတွေဟာ ကိုယ်တိုင် ရေး/ဆို ထားကြပါတယ်...။ အောင်ငဲ သီဆိုတဲ့ တစ်ပုဒ် ကိုတော့ ဖိုးလုံး က ရေးသားထားကာ ကိုရှိန်း ရဲ့သီချင်းတွေက အယ်ရန်း ရဲ့လက်ရာ သီချင်းတွေပါ ။
သူတို့ဟန် သူတို့ စတိုင်နဲ့ နားဆင်ရတာ အဆင်ပြေသလို ဆိုတတ် ဆိုနိုင်ကြပါတယ်။ music video လည်း ထုတ်လုပ်ကြဦးမယ် လို့ သတင်းကြားရပါတယ်။
တစ်နေ့က တစ်စုံ တစ်ယောက်ရဲ့ ကွန်မန့် တစ်ခု ဖတ်လိုက်ရတယ်။ ရှေ့မှာ မီဂါစတား ရော့ခ်ကာကြီးတွေ ရှိနေတာ ရော့ခ်သီချင်းတွေ ဆိုပြီး ခွေထုတ်နေလည်း အလကားပဲ တဲ့ သူတို့ကို ကျော်နိုင်မှာမှ မဟုတ်တာ တဲ့။
သီချင်းတွေ ဆိုနေတယ်ဆိုတာ သွေးသားထဲက ဂီတကို ဖောက်ထုတ်ချပြတာပဲ၊ သူတို့ကိုကျော်အောင် ငါဆိုလိုက်မဟဲ့ ဆိုတဲ့စိတ်နဲ
ကျနော်ကတော့ အစဉ်တစ်စိုက် ပြောခဲ့ဖူးသလိုပါပဲ။ အသစ်တွေကို ကြိုဆိုတယ်။ အသစ်တွေလိုအပ်နေတဲ့ အားပေးထောက်ခံမှုကို ကျနော် တတ်နိုင်သလောက် ဖြည့်စွမ်းပေးမယ်။ ဂီတ ချစ်သူ မိတ်ဆွေတို့လည်း ခံစားနားဆင်ပြီးရင် ဝေဖန်အကဲဖြတ်ပေးကြပါလို့...
Q. နှစ်ချို့ အယ်လ်ဘမ်မတိုင်ခင်
A. ကိုရှိန်း - Show ပွဲလေးတွေ လိုက်ဆိုပြီး တစ်ကိုယ်တော်ခွေအတွက် သီချင်းလေးတွေ တောင်ကြီးမှာပဲ လိုက်သွင်းဖြစ်တယ်ဗျ ။
ရန်ပိုင် - တစ်ကိုယ်တော် ခွေကြမ်းတွေ လုပ်ဖြစ်ပါတယ်ဗျာ တောင်ကြီး ပွဲတော်ရက်တွေကျရင် Show ပွဲတွေ လိုက်ဆိုဖြစ်ပါတယ် ။
အောင်ငဲ - Stateကျောင်းကတည်းက သီချင်းတွေရေးတယ်...အကြ
ညအောင် - တောင်ကြီးမှာ ကိုယ်ပိုင်သံစဉ် သီချင်းပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်တယ်ဗျ ။ ခွေကြမ်း လေးတွေ လည်း ၂၀၀၀ ဝန်းကျင်လောက် ကတည်းက လုပ်ဖြစ်တယ်ဗျ ။
Q. ညီလေးတို့လေးယောက် ဘယ်လို စုစည်းမိပြီး အယ်လ်ဘမ်လုပ်ဖြစ်သွားတာလဲ ။
A. အရင်ကတည်းကလည်း သူငယ်ချင်းတွေဖြစ်တယ် ။ ခွေကြမ်းတွေ လုပ်ရင်လည်း ထမင်းတွေ ချက်ပြုတ်ပြီး အတူတူ သွားလုပ်ကြတယ် ။ အဲ့ဒီကတည်းက Group ခွေလေးလုပ်ဖို့  ရည်ရွယ်ထားခဲ့တာပါ
ကျွန်တော်တို့ မှတ်မိသလောက်ပြောရရင် တိတ်ခွေခေတ်ကတည်းကပေါ့ ။
အဲ့တုန်းက ငွေရေးကြေးရေး အခက်အခဲကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ၂၀၁၄ နှစ် စပိုင်းလောက်ရောက်တော့ the ants က drumer ကိုအောင်ခန့် ရဲ့ တိုက်တွန်းမှုကြောင့် စပြီး အတည်လုပ်ဖြစ်သွားတယ်ဗျ ။
Q. စုစုစည်းစည်းနဲ့ လုပ်ခဲ့တာလား ကိုယ့်အပိုင်း ကိုယ့်ဘာသာတာဝန်ယူပြီး လုပ်ခဲ့ကြတာလား ၊
A. ဟုတ်....အားလုံးက စုစုစည်းစည်း တိုင်တိုင်ပင်ပင် လုပ်ကြပါတယ် ။
Q.နှစ်ချို့အမည်နဲ့ သီချင်း မပါဘူး။ ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ နှစ်ချို့လို့ပေးခဲ့တာလဲ
A. သီချင်းတွေအားလုံးက ဆယ်စုနှစ်ကတည်းက ရေးထားတဲ့ သီချင်းတွေလည်းဖြစ်တယ် ပြီးတော့ 
ကိုအယ်ရန်း ရဲ့ နွေဦး ဆိုရင်လည်း ၁၉၉၉ ကတည်းက ဆိုတော့  အဲ့ဒါအားလုံးကို ခြုံငုံပြီး နှစ်ချို့လို့ 
ပေးဖြစ်သွားတာပါ အကို ။
Q. ဒီအယ်လ်ဘမ်မှာ ကိုအောင်ခန့် ရဲ့ အကူအညီတွေ ဘယ်လောက်ပါခဲ့လဲ ။
A. သီချင်းလေးတွေကို သေချာနားထောင် ရွေးချယ်ပေးပါတယ် PTL နဲ့  ရင်းနှီး ပတ်သက်ခဲ့တာလည်း ကိုအောင်ခန့်နဲ့ ကိုဂိဒေါင် တို့ ချိတ်ဆက်ပေးခဲ့လို့ပါ ....
Q. ဒီခွေထဲက သီချင်း ၁၃ ပုဒ်လုံးကို Music Arangement က ဘယ်သူ လုပ်ပေးတာလဲ
A. ဟုတ်ကဲ့ သီချင်း ၁၃ ပုဒ်လုံးကို ခွေထဲမှာ ဂီတာတီးပေးတဲ့ ကိုအောင်(မြကန်သာ) ကပဲ စိတ်ရှည်လက်ရှည် rangement လုပ်ပေးပါတယ် Drum အန်းကူလေး (အောင်ခန့်  the ants). bass ဘွိုင်းလေး KB ထင်အောင်လင်း နဲ့ Violin ချမ်းဟိန်းကြွယ် တို့ကလည်း ညီအကိုတွေလို ရင်းနှီးနေကြတော့ စိတ်ရှည်လက်ရှည် တီးခတ် အားဖြည့်ပေးကြပါတယ် ။
အဲ့ဒီလိုပဲ ကျနော်တို့ကို ချစ်ခင်ပြီး ဂရုစိုက်အသံဖမ်းပေးကြတဲ့ Yin Yin ကိုဖိုးတီ မိသားစုနဲ့ PTL ဆရာချစ် မိသားစုတို့ကို ဒီနေရာကနေ ထပ်ပြီးကျေးဇူး တင်ရှိကြောင်
Q. ကိုရှိန်းက လွဲလို့ ကျန်သုံးယောက်က ကိုယ်ဆိုမယ့် သီချင်း ကိုယ်တိုင်ရေးထားတာတွေ့ရတယ်
A. ကိုရှိန်းသီချင်းတွေက အဲ့ဒီတုန်းက Metal လိုင်းမျိုးတွေ ဆိုတော့ လေးယောက်တိုင်ပင်ပြီး
ကိုအယ်ရန်း သီချင်းလေးေ
ကိုယ်တိုင်ပဲရေးကြပါတယ် ။
Q. ကိုအယ်ရန်း သီချင်းတွေက အဟောင်းတွေလည်း ပါတယ်နော် ။ ဘယ်လိုကြောင့် ပြန်ဆိုဖြစ်တာလဲ
A. ၁၉၉၉ လောက်မှာ ကိုအယ်ရန်း ရဲ့  လရောင်ဆီသို့လွမ်းဆွတ်ခြင်း
Q. ဒီ အယ်လ်ဘမ်နောက်မှာ အဖွဲ့လိုက် ထွက်မလား တစ်ယောက်ချင်းပဲ ထွက်ကြတော့မလား အစီအစဉ်တွေရှိရင်လည်း ပြောပြပါဦး ၊
A. လောလောဆယ်တော့ တစ်ယောက်ချင်းစီ တစ်ကိုယ်တော် ခွေထွက်ဖို့ရှိပါတယ် ။
ရန်ပိုင် နဲ့ ကိုရှိန်း ကတော့ ၂၀၁၈ ထဲလောက် တစ်ကိုယ်တော် ထွက်လာတော့မှာပါ ။
အောင်ငဲနဲ့ ညအောင်ကတော့ သီချင်းတွေလည်းရွေးရင်း Body စတည်နေပါပြီ Group ခွေလုပ်ဖို့ကတော့ ဒီကြားထဲ တိုင်ပင်နေတုန်းပါ ။
Q.နားထောင်ပြီးတဲ့သူတွေက တယောက်ချင်း အပေါ် ဘယ်လိုမှတ်ချက်ပေးကြလဲ
A. လောလောဆယ်တော့ နှစ်ချို့ ခွေလေး ကောင်းတယ် အောင်မြင်ကြပါစေဆိုပြီး အားပေးနေကြပါတယ်
Q. အကိုတို့ ပရိသတ်ကို အမြည်းပေးနားထောင်ဖို့ တစ်ယောက် တစ်ပုဒ် ပေးမယ်ဆိုပြီး ပြောဆိုထားကြ တယ်။ အဲ့ဒါ ဘယ်သူက ဘယ်အပုဒ်ကို ရွေးချယ်ပေးချင်ပါသလဲ ။
A. ကိုရှိန်း - ဒဏ်ရာစကား
အောင်ငဲ - မင်းဆီမှာ
ရန်ပိုင် - ဟန်ဆောင်ခြင်းနောက်ကွယ်
ညအောင် - စိတ်တစ္ဆေ
အဲ့သီချင်းလေးတွေ ရွေးပေးချင်ပါတယ်ဗျ ။
Q. အားပေးကြမယ့် ပရိသတ်တွေကို ဘာများပြောချင်သေးလဲ ၊
A. ဒီခွေလေးကို နားထောင် ဝေဖန် အကြံပြုစေချင်ပါတယ် ။
နောက်ထွက်လာမယ့် သီချင်းတွေကိုလည်း ဒီ့ထက်ပိုပြီး ကြိုးစားထားပါတယ် ။
အားပေးကြပါဦးလို့  ပြောချင်ပါတယ်ဗျာ ။
ကျေးဇူးတင်ပါတယ် .... ပြီးတော့ 
ဂီတအကြောင်း သောင်းပြောင်းထွေလာမှာ ပါဝင်ခွင့်ရတဲ့ အတွက် အကို့ ကိုလည်း ကျွန်တော်တို့  နှစ်ချို့  groupက အထူးပဲ ကျေးဇူးတင်စွာ ရင်ထဲမှာ အမှတ်တရ ဖြစ်နေမှာပါဗျ ။
ဒဏ်ရာစကား - ကိုရှိန်းhttps://my.pcloud.com/
ဟန်ဆောင်ခြင်းနောက်ကွယ် - ရန်ပိုင် https://my.pcloud.com/
စိတ်တစ္ဆေ - ညအောင်https://my.pcloud.com/
မင်းဆီမှာ - အောင်ငဲhttps://my.pcloud.com/
နှစ်ချို့ page https://web.facebook.com/
ဆရာချစ်ရဲ့ မှတ်ချက်စကားhttps://m.facebook.com/
The Sun Music မှတင်ထားသော သီချင်း videohttps://m.facebook.com/
Music Store တွင် ဝယ်ယူနိုင်ရန် လင့်ခ် https://m.facebook.com/
ဒေါင်းယူနားဆင်ပြီးလို့ ကြိုက်နှစ်သက်တယ်ဆို ကြုံကြိုက်တဲ့တစ်နေ့ မူရင်းခွေဝယ်ယူအားပေးလို့ ဂီတလောကကြီးကို ကယ်တင်ကြပါစို့
#ဂီတအာပလာလောက်စပီကာ